နောက်ဆုံးသတင်း/ဆောင်းပါးများ

မြို့မကညင်တန်း မောင်နီရွာမှ ဒေသခံ တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်



RB News
31.5.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာ အုပ်စု၊ မောင်နီရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် မေလ (၂၇) ရက်နေ့ ည (၁ဝ) နာရီ အချိန်တွင် ၎င်းတို့၏ သတင်းပေး ဦးရှီကူအာနိုဝါရ် (ဘ) ဦးအဒူလ်အာမီးန် (အသက် ၃၃ နှစ်) နှင့်အတူ မင်္ဂလာဆောင် အခမ်းအနား တစ်ခုတွင် ရှိနေသည့် ဦးအီလီယာစ် (ဘ) ဦးအဒူမူနာဖ် (အသက် ၃၇ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင် လာခဲ့သည်။

ထို့နောက် ၎င်းအား ကင်းစခန်းတွင် ခြောက်ပေါက် ထိပ်တုံး ခတ်ထားပြီး တစ်ညလုံး ညှဉ်းပန်း နှိပ်စက်ကာ မေလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။


Comment ရေးရန်

Rohingya Exodus