March 17, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မလေးရှားနိုင်ငံ၊ ပီနန်မြို့၌ ရိုဟင်ဂျာလှေစီးဒုက္ခသည် ၁၄၀ ဦးဖမ်းဆီးခံရ


RB News 
18.2.2013 

မလေးရှားနိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သော ပီနန်မြို့ အမျိုးသား ဥယျာဉ်တွင် တရားမ၀င်  ရောက် ရှိ လာသော လှေစီးဒုက္ခသည် ၁၀၅ ဦးကို ယနေ့ဖမ်း ဆီးရမိခဲ့ကြောင်း မလေးရှားနိုင်ငံထုတ် New Straits Times သ တင်းတစ်ရပ် တွင်ရေးသား  ဖော်ပြထားသည်။ အဆိုပါ ဖမ်းဆီးရသူများမှာ ၃ ရက်ကြာ အစာရေစာငတ် ပြတ်နေပြီး၊ ကလေးများလည်းပါဝင်ကြောင်းသိရှိရပါသည်။ ယနေ့ ဖမ်းဆီးခဲ့ သူများမတိုင်မှီ ၃၅ ဦးကို လည်း ဖမ်းဆီးရ မိခဲ့ပြီး၊ စုစုပေါင်း ၁၄၀ ဦးဖြစ်သည်။ 

အသက် တစ်နှစ်အရွယ်မှ အသက် ၇၀ ကျော်အရွယ်ထိ ပါဝင်သောအဆိုပါ ဒုက္ခသည်များကို ယနေ့ နေ့လည် ၃ နာရီခန့်တွင် Teluk Kampi ကမ်းခြေတွင် ယောင်လည်လည်ဖြစ်နေစဉ် ဖမ်းဆီး ခဲ့ခြင်းဖြစ် သည်။ အဆိုပါ ဒုက္ခသည်များမှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မွတ်စလင်များဖြစ်ပြီး၊ လွန်ခဲ့သည့် ၁၃ ရက်တွင် မလေးရှားနိုင်ငံ သို့ရေလမ်းဖြင့်ဝင်ရောက် လာခဲ့သည်ဟု ယုံကြည်ရကြောင်း အဆိုပါ သတင်း တွင်ရေး သား ဖော်ပြထားသည်။ 

မိုဟာမတ်ရဖိခ် (အသက် ၂၆ နှစ်) မှပြောကြားရာတွင် ၎င်းတို့သည် စက်လှေဖြင့်ရောက် ရှိလာပြီး၊ နေထိုင် ရာနေရာ အတွက်ခြေဦး တည့်ရာ သွားနေခြင်းဖြစ်ပြီး၊ အချို့မှာ သစ်တောထဲသို့ ပြေးဝင်သွားကြ သည် ဟုပြောသည်။ ယခုကဲ့သို့ ၃ ရက်ကြာအစာရေစာငတ်ပြတ်နေရခြင်းမှာလည်း အာဏာပိုင်များ၏ ဖမ်းဆီးမည်ကို စိုးရိမ်၍ြ ဖစ်ကြောင်း ၎င်းက ဆက်လက်ပြောပါသည်။ 

“ကျွန်တော် ဒီကိုလာရခြင်းက ဒီမှာအလုပ် လုပ်နေတဲ့ကျွန်တော့်ရဲ့ အစ်ကိုတွေကို လာရှာတာပါ။ ဒီမှာပိုပြီး လုံခြုံမှုရှိတဲ့ကျွန်တော့်နေရပ်ကို မပြန်ချင်တော့ဘူး။ ကျွန်တော် အလုပ်လည်းရှာချင်တယ်” ဟုအဆိုပါ လူငယ်မှ ဆိုပါသည်။ 

မလေးရှား အနောက်တောင် ခရိုင်ရဲတပ်ဖွဲ့မှ အဆိုပါဒုက္ခသည်များအား ဖမ်းဆီးခြင်းကို အတည်ပြုပြော ကြားပြီး၊ ရဲတပ်ဖွဲ့ဝင်များမှ ကျန်ရှိနေသည့်သူများကို လိုက်လံရှာဖွေလျက်ရှိသည်။ ဖမ်းဆီးခံ ရသူများကို ခရိုင်ရဲ တပ်ဖွဲ့ရုံး သို့ခေါ်ဆောင်သွား၍ စစ်ဆေးပြီးနောက် လူဝင်မှုကြီးကြပ်ရေး ဌာနသို့ လွှဲပြောင်းပေး သည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus