November 10, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ပျောက်ဆုံးနေသောလှေစီးဒုက္ခသည် ၉၈ ဦးသေဆုံးခဲ့

ဖေဖော်ဝါရီ (၁၇) ရက်နေ့က ဂေါလ်မြို့သို့ရောက်ရှိလာသောလှေစီးဒုက္ခသည်များကို သီရိလင်္ကာရေတပ်မှကူညီပေးနေစဉ် (ဓါတ်ပုံ - Reuters)
RB News 
18.2.2013 

သီရိလင်္ကာ ရေတပ်မှဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ကယ်တင်လိုက်သော မြန်မာနိုင်ငံ သားလှေစီး ဒုက္ခသည် ၃၂ ဦးနှင့်အတူပါရှိခဲ့သော အခြားသော ၉၈ ဦးမှာပျောက် ဆုံးနေကြောင်း သတင်းများ ထွက် ပေါ်ပြီးနောက် ထို ၉၈ ဦးမှာသေ ဆုံးခဲ့ပြီး အလောင်းများကို ပင်လယ်ထဲတွင် ပစ်ချခဲ့ကြောင်း ရိုက်တာ သတင်း ဌာနမှ ယနေ့ အတည်ပြု၍ သတင်းတစ် ပုဒ်ရေးသား ထုတ်ပြန် ခဲ့သည်။ 

အဆိုပါ ၉၈ ဦးတို့မှာရေ ဓါတ်ခန်းခြောက်ခြင်းနှင့် ဆာလောင် ငတ်မွတ်သည့် ဒဏ်များကြောင့်သေဆုံးခဲ့ပြီး အလောင်း များကို ပင်လယ်ထဲတွင် ပစ်ချခဲ့ကြောင်း သီရိလင်္ကာရဲ တပ်ဖွဲ့မှ ရိုက်တာ သတင်းဌာနသို့ အ တည်ပြုပြောကြား ခဲ့သည်။ လှေစီးဒုက္ခသည် ၁၃၀ ဦးတို့သည်မြန်မာနိုင်ငံမှ လွန်ခဲ့သည့်နှစ်လကျော် က ထွက် ခွာခဲ့ပြီး လမ်းခရီးတွင် စားသောက်ရန် တစ်လစာရိက္ခာ သယ်ဆောင်လာခဲ့သည်။ သို့သော် လည်း စက်လှေ၏ စက်ချို့ယွင်းပြီး ပင်လယ်ထဲတွင်နှစ် လကျော်မျှောနေရမှ အစာရေစာ ငတ်ပြတ်၍ စက်လှေမောင်းနှင် သူနှင့် ဒုက္ခသည် ၉၇ ဦးတို့ အသက် ဆုံးရှူံးခဲ့ ရကြောင်း သိရပါသည်။ 

အမျိုးသား ၃၁ ဦးနှင့် ကလေးငယ်တစ်ဦး တို့ကို စက်လှေ၏ သစ်သားများ ဖျက်ဆီးပြီးလှေနစ်မြှပ်စတွင် သီရိလင်္ကာရေ တပ်မှ အရှေ့တောင်ဘက် ကမ်းခြေ၏ရေမိုင် ၂၅၀ ခန့်အကွာတွင် ရှာဖွေတွေ့ရှိ၍ ကယ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါလှေစီး ဒုက္ခသည်များသည် အင်ဒိုနီးရှားနိုင်ငံနှင့်သြစတြေးလျနိုင်ငံများတွင် ခိုလှုံခွင့်တောင်း ခံရန် ဦးတည်၍ ထွက်ခွာလာ ခဲ့ခြင်းဖြစ်သည်။ ဒုက္ခသည်များ အားလုံးမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ် စပ်ရှိရွာ များ မှဖြစ်ပြီး ရိုဟင်ဂျာမွတ်စလင်များဖြစ်ကြသည်။ 

သီရိလင်္ကာနိုင်ငံမှ ကယ်တင်လိုက်သော ၃၂ ဦးမှ ၁၅ ဦးမှာ ယခုအချိန်ထိဆေး ရုံတွင်ဆေးဝါး ကုသမှုခံ လျက်ရှိပြီး ၁၇ ဦးမှာ ဆေးရုံမှဆင်း၍ တရားရုံးတက်ပြီးနောက် သက်ဆိုင်ရာမှထိန်းသိမ်းထားကြောင်း သိ ရှိရ ပါသည်။ 

Comment ရေးရန်

Pages 22123456 »
Rohingya Exodus