နောက်ဆုံးသတင်း/ဆောင်းပါးများ

သာကေတမြို့နယ်အတွင်း အစ္စလာမ်ဘာသာဝင်များပိုင် အဆောက်အဦးများကို ထပ်မံဖျက်ဆီး၊

(ဓါတ်ပုံ)
ဘာသာရေးစာသင်ကျောင်းနှင့် စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားနေ

ပိာန်းအောင်
မြန်မာမွတ်စလင်မီဒီယာ
20.2.2013

သာကေတမြို့နယ် ၂ တောင်ရပ်ကွက် အတွင်းရှိ အစ္စလာမ် ဘာသာဝင်များပိုင် အခြေခံဘာသာရေး စာသင်ကျောင်းနှင့် ဈေးဆိုင် အချို့ကို ဗုဒ္ဓဘာသာဝင်ပာု ဆိုသူများက ညည့်နက်ပိုင်း အချိန်များတွင် အနှောက် အယုက်ကင်းစွာ ခဲများဖြင့်ပြစ်ပေါက်ဖျက်ဆီးခြင်း ၊ပစ္စည်းလုယူခြင်းများပြုခဲ့ကြောင်းရပ်ကွက် အတွင်းရှိပြည်သူများက myanmarmuslim.net သို့သတင်းပေးပို့သည်။

“ည ၁၀ နာရီ ခွဲလောက်မှာ ရန်ပြေ ၁ လမ်းနဲ့ ၂လမ်းနားက မဒရဆာပာ်(အစ္စလာမ် ကလေးငယ် များ အတွက် အခြေခံဘာသာရေး စာသင်ကျောင်း)ကို ခဲတွေနဲ့ပေါက်ပြီး ၀ိုင်းဖျက်တယ်။ဘာလုံခြုံရေးကမှ လာရောက်ပာန့်တားတာမျိုး မရှိဘူး ၊ ၁၅ မိနစ်လောက် စိတ်ကြိုက်ဖျက်ပြီးတော့မှ ထွက်သွားကြတယ်။ ဘယ်မွတ်စလင်မ်မှ အပြင်မထွက်ရဲဘူး”ပာု အကြမ်းဖက်မှုဖြစ်ပွားရာနေရာ အနီးတွင်နေထိုင်သူတစ်ဦးက ၁၉ ရက်နေ့ည ၁၁း၃၀ တွင်myanmarmuslim.net သို့ပြောသည်။ 

ဖျက်ဆီးရေးပြု လုပ်သူများသည် ရန်ပြေ ၅ လမ်းနှင့် သုမနလမ်းကြားရှိ အစ္စလာမ် ဘာသာဝင်များပိုင် ဖျက် ဆီးမှုများပြု လုပ်ခဲ့ပြီး အစ္စလမ် ဘာသာဝင်ပိုင် ဖုန်းဆိုင်ကို ရိုက်ချိုးလုယက်ပြီး၊အခြားဆိုင် အချို့မှုဖျက် ဆီးမှု များပြုလုပ်ခဲ့ကြသည်။ အထက်ပါ့် ဘာသာရေး စာသင်ကျောင်းအား မင်းမဲ့စရိုက်ပုံစံဖြင့် ဖျက်ဆီးမှုကို ဦးဆောင် သူများတွင် ရန်ပြေ နာရေးကူညီမှု အသင်းမှ ရန်အောင်ကျော် က သာကေတ လူမိုက် ဘီလူး ညီနောင် ၊ထွတ်ထွတ်(ဆံပင်ညှပ် ဆိုင်သမား)၊မဲကြီး အစရှိသည့် အရက်သမားလူရမ်းကားများနှင့် အပါင်း အပါ များကို သွေးထိုးကာ လူထုပါလာစေရန် လှုံ့ဆော် ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘာသာရေး စာသင်ကျောင်း မွမ်းမံ ပြင်ဆင်ခွင့်ရခြင်းကို မကျေနပ်ပာုဆိုသူများက အပြီးတိုင်ဖြိုချဖျက်ဆီး ခဲ့ကြပြီး အဆိုပါနေရာအား ဗုဒ္ဓဘာသာ သာသနာ့အလံလွင့်တင်ကာ ဓမ္မာရုံတည်ဆောက်ရန် ဆက် လက်တောင်းဆို မှုများဖြစ်ပွားခဲ့ သဖြင့်လုံခြုံရေး များက မီးသတ်ပိုက်ဖြင့် လူစုခွဲခြင်း ရိုက်နှက်လူစုခွဲခြင်း များ ကို ယခုလ ၁၈ရက်နှင့် ၁၉ ရက်နေ့များ တွင်ပြုလုပ်ခဲ့ကြသည်။ 

ကလေးငယ် များအတွက် ဘာသာရေး စာသင်ကျောင်းအား အဓ္ဓမ ဖြိုဖျက်ပြီးနောက် ပိုင်းတွင်လည်း စာ သင်ကျောင်းရှေ့တွင် ဆူပှုမှုများ ဆက်လက်ဖြစ်ပ်ါခဲ့သဖြင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး အပါ အ ၀င် သံဃာတော် အချို့က လာရောက်ပာန့်တားမှုများကြို ပု ၁၈ ရက်နေ့ ညတွင်ပြု လုပ်ခဲ့သည်။

Comment ရေးရန်

Rohingya Exodus