နောက်ဆုံးသတင်း/ဆောင်းပါးများ

အစိုးရစုံးစမ်းစစ်ဆေးရေးအဖွဲ့ဘဂုံးနားသို့ရောက်ရှိ


M.S. Anwar 
RB News 
20.2.2013 

မောင်တော ။ ။ နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပေးခဲ့သည့် စုံစမ်းစစ်ဆေး ကော်မရှင်သည် မောင်တောမြို့ နယ်၊ ဘဂုံးနားရွာသို့ အင်္ဂါနေ့ (ဖေဖော်ဝါရီလ ၁၉) နံနက် ၉ နာရီတွင် ရောက်ရှိခဲ့သည်။ အဆိုပါစုံစမ်း စစ်ဆေးရေးကော် မရှင်သည် အုပ်စုငါးစုဖွဲ့၍ ရွာအတွင်းရှိ ရွာသူရွာသားများထံမှ စုံစမ်းစစ်ဆေး စရာရှိ သည်များ ကိုပြုလုပ်ခဲ့ကြောင်း သိရပါသည်။ သို့သော်လည်း စုံစမ်းရေးကော်မရှင်နှင့် အတူ လိုက်ပါ လာ သောရဲများ၊ ထောက်လှမ်းရေးများ (SB2)၊ စစစ (အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့)နှင့် စရဖ (စစ်ဖက် လုံခြုံရေး) များ မှနှောက်ယှက်ခဲ့ ကြောင်းသိရှိရပါသည်။ 

“သူတို့ရွာကို ရောက်လာပြီး အုပ်စုငါးစုဖွဲ့တယ်။ ပြီးတော့ လူတွေနဲ့တွေ့တယ်။ စုံစမ်းစစ်ဆေးစရာ ရှိ တာ တွေကို သက်ဆိုင်သူတွေဆီက မေးတယ်။ စုံစမ်းစစ်ဆေးရေး အဖွဲ့က သူတွေ ရဲ့ မေးမြန်း ခန်း ကို ကောင်းမွန် စွာ လုပ်သွားတယ်လို့ ရွာသားတွေပြန်ပြောလို့ သိရတယ်။ အဲဒီအဖွဲ့နဲ့ ဆက်ဆံရ တာလည်း အဆင်ပြေ တယ်လို့သိရတယ်။ ရွာသားတွေအနေနဲ့လည်း အများစုက ရိုဟင်ဂျာတွေ အပေါ်နားလည်မှု လွှဲမှားနေ တာတွေနဲ့ အကြမ်းဖက်မှုကြီးဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းကို ရှင်းပြလို့ရ လိုက်တယ်။ ရွာသားတွေက ရခိုင်အသိုင်း အ၀ိုင်းနဲ့ငြိမ်းချမ်းစွာ နေလိုတဲ့ အကြောင်းကိုလည်းေ ပြောခဲ့တယ်။ စုံစမ်းစစ် ဆေးရေးကော် မ ရှင်အနေနဲ့ရွာသားတွေရဲ့ ရိုးရိုးသားသားပြောဆို မှုကိုသဘောကျ တယ်လို့သိရ တယ်။ သူတို့နေ့လည် ၁ နာရီမှပြန်သွားကြတယ်။ 

ရဲ၊ ထောက်လှမ်းရေး၊ စစစနဲ့စရဖတွေ ကတော့ ရွာသူရွာသားတွေကို စုံစမ်းစစ်ဆေးရေးကော်မ ရှင်နဲ့မ တွေ့ ဖို့အမျိုးမျိုးနှောက်ယှက်၊ ခြိမ်းခြောက်ခဲ့တယ်။ အဲဒါကြောင့် ရွာသူရွာသားတွေနဲ့ တော်တော်လေး သတ္တိမွေးပြီးကော် မရှင်နဲ့ သွားတွေ့ပြီး၊ ကော်မရှင်ရဲ့ အကူအညီနဲ့ပြန် လာခဲ့ရတယ်။ စုံစမ်းရေးအဖွဲ့ပြန် သွားတာနဲ့ရဲတွေက စုံစမ်းစစ်ဆေးရေးကော်မရှင် နဲ့တွေ့ခဲ့တဲ့ ရိုဟင်ဂျာရွာသားတွေရဲ့ စာရင်းကိုပြုစုခဲ့ တယ်။ အဲဒါကြောင့် အခုတော့ရွာသားတွေကတော့ ယုတ်မာရိုင်းစိုင်းတဲ့ရဲတွေ ဖမ်းမှာကိုတော်တော် လေးစိုး ရိမ်နေကြတယ်” ဟုဘဂုံးနားရွာအနီး တွင်နေထိုင်သောလူကြီး တစ်ဦးမှပြော ပါသည်။ 

စရဖ (စစ်ဖက်လုံခြုံရေး) မှလွဲ၍ကျန်သည့်အာဏာပိုင်အဖွဲ့အစည်းများအားလုံးသည်ရခိုင်အစွန်းရောက် များပူးပေါင်း၍ အကြမ်းဖက်မှုများ ၏နောက်ကွယ်မှ ပါဝင်ခဲ့သူများဖြစ်ကြသည်။ အစိုးရမှ ရိုဟင်ဂျာများကို စုံစမ်း စစ်ဆေးရေးကော် မရှင်နှင့်တွေ့ဆုံ ရန်ပြောကြားသော်လည်း အခြားတစ်ဖက်တွင်တွေ့ဆုံခွင့်မရရန် နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားခဲ့သည်။

Comment ရေးရန်

Rohingya Exodus