ဗြောင်ငြင်းတဲ့ အကျင့်
RB News
3.3.2013
လူတစ်ဦး-၊ လူတစ်စုဟာ ဘယ်ကိစ္စကို မဆို ဗြောင်ခံငြင်း တတ်တဲ့ အကျင့်ရှိနေရင်-၊ သူဟာ အဲ့ဒီ အကျင့် ကို ဖျောက်ဖျက်ဘို့ ခက်ပါတယ်။ “ဗြောင်ငြင်းသူ အဘို့ ကျမ်းကိုးမလိုပါ၊” ဗြောင်ငြင်း တတ်သူဟာ ဘယ်လို အချက် အလက်ကို သက်သေပြပြ ဆန့်ကျင် ဘက်က ခံငြင်းနေမှာပဲ ဖြစ်တယ်။
မြန်မာ အစိုးရဟာ- မြန်မာနိုင်ငံ ထဲမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာ မရှိပါဘူးလို့ နှစ်ပေါင်းများစွာ ခံငြင်း ခဲ့တယ်၊ ဗြောင်ငြင်း ခဲ့တယ်၊ အဲ့လို ငြင်းဘို့ ရာလည်း နိုင်ငံရေး ၀န်ဆောင်တွေကို နိုင်ငံရေး ပုဒ်မ မဟုတ်တဲ့ ပုဒ်မများနဲ့သာ ထောင်ဒဏ် စီရင်ခဲ့တာ များခဲ့တယ်။ ဒါကို နိုင်ငံရေး ၀န်ဆောင်များက မနားမနေကြိုး စားပြီး ကမ္ဘာကို တင်ပြခဲ့ ရတယ်၊ကမ္ဘာ့ ဖိအားပေါင်းစုံကို သုံးခဲ့ရတယ်။ -နိုင်ငံရေး အကျဉ်းသား ကူ ညီစောင့်ရှောက်ရေး အဖွဲ့ဆိုတာ မျိုးတွေ ပြည်ပမှာ ဖွဲ့ပြီး နည်းမျိုးစုံ လှုပ်ရှားခဲ့ရတယ်။ ဒါတောင် နိုင်ငံရေး အကျဉ်းသား ရှိပါ တယ်လို့ ၀န်ခံပြီး ပြန်လွှတ် ပေးခဲ့ခြင်း မျိုး မဟုတ်ဘဲ- နိုင်ငံတော် သမ္မတရဲ့ အထူး အစီ အစဉ်၊ ဘာအတွက် လွတ်ငြိမ်း ချမ်းသာခွင့်- ဆိုတဲ့ အကြောင်း ပြချက်များနဲ့- ရာဇ၀တ်မှု ကျူးလွန်သူတွေ၊ တရားမမှု ကျူး လွန် သူတွေ၊ မှောင်ရိပ် ခိုမှုနဲ့ ထောင်ကျသူ တွေ- အားလုံး ရောပြွန်းပြီး နိုင်ငံရေး ၀န်ဆောင် များကို လွှတ်ပေး ခဲ့ခြင်း ဖြစ်တယ်။ အခုထိလည်း မလွှတ်ပေးဘဲ ကျန်နေသေးသူတွေ ရှိနေဆဲပါ။ အဲ့ဒီ လူတွေကို လည်း နိုင် ငံရေး အကျဉ်းသားများ အဖြစ် လက်ရှိအစိုးရက တရားဝင် အသိအမှတ်ပြုခြင်း မရှိပါ။
အခုထပ်ဆင့် ဗြောင်ခံငြင်းနေတာက “ရိုဟင်ဂျာ” ဆိုတာ မရှိဘူး ဆိုတဲ့ စကားလုံးပါ။ ရိုဟင်ဂျာ ဆိုတဲ့ လူမျိုး ရှိပါတယ် ဆိုတာကို သူတို့ရဲ့ နှလုံးသားမှာ သိနေပါတယ်။ အမုန်းတရား တစ်ခုကြောင့် ရည်ရွယ် ချက်နဲ့ ဖုံးကွယ် ထားခြင်းသာ ဖြစ်နေပါတယ်။ အမုန်းတရား ဆိုတာလည်း ပွင့်ပွင့်လင်း လင်း ပြော ရရင် ရိုဟင်ဂျာများက အစ္စလာမ်သာသနာဝင်တွေ ဖြစ်နေလို့ ဘာသာရေး ခွဲခြားဆက်ဆံမှု အမုန်း တရား ပါပဲ။ ဒါကို ကမ္ဘာတစ်ခုလုံးက သိနေပါတယ်။ လက်ရှိ လွှတ်တော်အမတ် ဖြစ်နေသူများရဲ့ အသက် အရွယ်တွေ အလျှောက် အထက်တန်းပညာ လောက် သင်ခဲ့ရသူများကိုယ်တိုင် “ရိုဟင်ဂျာ” ဆိုတာ ရှိကြောင်း သူ တို့ရင်ထဲမှာ သိနေမှာပါ။ (ဒီထက် ဗဟုသု တ နည်းနေရင်လည်း ပြည်သူလူထု အရေး ကို ဆောင် ရွက်မယ့် အမတ်မင်းများ လုပ်မနေသင့်တော့ပါ။)
“ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးဟာ အသစ်ဖန်တီးခြင်း မဟုတ်၊ ရှေးပဝေဏသီကပဲ ရှိနေခဲ့တယ်၊ “ရိုဟင်ဂျာ” ဆိုတဲ့ လူမျိုး ဟာလည်း ရခိုင်ဒေသရဲ့ ရှေ့ဦးမူလ လူမျိုးဖြစ်တယ်- ဆိုတာတွေကို ကမ္ဘာ့ပညာတွေက တစ်နေ့ တစ်ခြား ပိုပြီး သိလာနေတယ်။ ဗြောင်းခံငြင်း သူတွေ ငြင်းလေ-၊ ပညာရှင်များက လေ့ လာလေ၊ ပိုပြီး သိ လာလေပါပဲ။ ရွှေမှန်ရင် မှတ်ကျောက် အတင် ခံနိုင်တဲ့ သဘောပါပဲ။
ဒီနေရာမှာ ထူခြားတာက “ရိုဟင်ဂျာ” လူမျိုးနဲ့ ပတ်သက်လာရင်-၊ ရှေးယခင်က မိမိတို့ကိုယ်တိုင်ကို “နိုင်ငံရေး အကျဉ်းသား အဖြစ်က ငြင်းဆန်ခံခဲ့ရသူများ”ကိုယ်တိုင်က- ဗြောင်ခံငြင်းတဲ့ အကျင့်တွေ ကို နှ လုံး လှိုက်လှဲကျင့် သုံးနေခြင်းပါပဲ။ ဒီအချက် အစ္စလာမ်သာသနာဝင် များကို ဘုံရန်သူ အဖြစ် သတ် မှတ် ထားကြောင်း ထင်ရှားတဲ့ သက်သေခံချက်များ ဖြစ်နေပါတယ်။ ကိစ္စရပ်တစ်ခုကို ချစ်သည် ဖြစ်စေ၊ မုန်း သည် ဖြစ်စေ အမှန်ကို အမှန်ပါ လို့ လက်ခံပေးနိုင်စွမ်းမရှိ၊ နားလည်ပေးနိုင်စွမ်းမရှိ သူများက တိုင်းပြည်ရဲ့ အနာဂါတ်ကို ဘယ်လိုမှ ဦးဆောင်ဘို့ မဖြစ်နိုင်ပါ။ ကမ္ဘာကြီးက ပွင့်လင်းလာနေပါပြီ။- လိမ်လေ အရှက် ကွဲလေ-၊ သိက္ခကျလေ ဆိုတဲ့ အချက်လောက် ကိုတော့ နားလည်စေလိုပါတယ်။
မြန်မာနိုင်ငံလို လူမျိုးစု အများနဲ့ ဘာသာစုံ တည်ရှိနေတဲ့ နိုင်ငံမျိုးကို ဦးဆောင်မယ့်သူဟာ လူမျိုးစွဲ ဘာ သာစွဲ တွေ ကင်းဘို့ လိုပါမယ်။ မိမိကိုးကွယ်တဲ့ ဘာသာကို မိမိနှလုံးသားမှာသာ တပ်ဆင်ပြီး-၊ နိုင် ငံရေး ထဲမှာ ဘာသာ တရားခံစားချက်၊ လူမျိုးစွဲ ခံစားချက်များ အရောင်မဆိုးဘို့ လိုပါမယ်။
ဗြောင်ခံငြင်းသူများဟာ လောလောဆယ်မှာ- အင်အားသုံးပြီး အနိုင်ရနိုင်ပေမယ့်၊ အဲ့ဒီ အနိုင်ယူခြင်းဟာ စကား ပြောနေစဉ် ကာလ အခိုက်အတန့်လေးသာ ဖြစ်ပြီး- ထာဝရတည်တဲ့ အောင်နိုင်မှုမျိုး မဟုတ်ဘူး ဆို တာလောက် တော့ ဆင်ခြင်စေလိုပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာ- ဒီမိုကရေစီ ဆိုတဲ့ စကား လုံးအောက် မှာ ကမ္ဘာနဲ့ ဆက်ဆံ ဘို့ လိုနေတယ်။ စီးပွားရေး အရလည်း ကမ္ဘာနဲ့ ဆက်ဆံဘို့ လိုနေပါတယ်။ ဒီအခြေ အနေမှာ ဗြောင်ခံငြင်းသူများ အနေနဲ့ ကမ္ဘာနဲ့ ဆက်ဆံလေ အရှက် ကွဲလေ ဖြစ်နေ မှာ သေ ချာပါ တယ် ။ မြန်မာနိုင်ငံက နိုင်ငံခြား ခရီးစဉ်ကို ထွက်လာသ မျှ ခေါင်းဆောင် တိုင်းဟာ “ရိုဟင်ဂျာ” အရေး အမေးမခံရသူ တစ်ဦးမှ မရှိပါ။ မေးသူများကလည်း သူတို့ မကြားချင်လှတဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ စကား လုံးနဲ့ ပဲ မေးနေတာချည်း ဖြစ်နေပါတော့တယ်။ မရှိပါဘူး ခံငြင်း လွန်းလို့- အခုနောက်ပိုင်းမှာ သံတ မန် စကား လုံးအရ ရှောင်ပေးထားတဲ့ “မျိုးတုံးသတ်ဖြတ်မှု”ကိုပါ ထည့်ပြော လာနေပါပြီ။
ဒီအချိန်မှာ အစိုးရ ပိုင်းက စတင်စဉ်းစားဘို့ လိုလာပါပြီ။ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကို မချစ်ရင်တောင် မိမိတို့ အပြစ်လွတ်အောင် ဆင်ခြင်ဘို့ လိုလာပါပြီ။ ရိုဟင်ဂျာများကို မျိုးတုံး သတ်ဖြတ်မှုနဲ့ ပြည်ပ အဖွဲ့အစည်း များက မြန်မာ အစိုးရ ပိုင်းနဲ့ RNDP ပါတီကို ကမ္ဘာ့ခုံးရုံးမှာ စတင် file တွဲဘို့ စီစဉ်တော့-၊ အမေ ရိကန် အစိုးရပိုင်း ကိုယ် တိုင်က ခဏ သည်းခံဘို့ မေတ္တာရပ်ခံခဲ့တယ်၊ အမေရိကန် လွှတ်တော်ထဲမှာ “မျိုးတုံးသတ်မှု” ဆိုတဲ့ စကားလုံး ကို မသုံးသေးဘဲ ဆင်ခြင်ဘို့ မေတ္တာရပ်ခံထားခဲ့တယ်။ သူတို့ အနေ နဲ့ ပြုပြင်ပြောင်း လဲရေးကို မထိခိုက်စေချင် လို့ အနီးကပ် ပေါင်းပြီး နားချဘို့ နည်းတွေကို သုံးမယ်လို့ က တိပေး ထားခဲ့တယ်။ မျက်ကန်း မျိုးချစ်များက ဗြောင် လိမ်မယ် ဆိုတာကိုလည်း ကြိုတင် သိနေ ခဲ့ပါတယ်။ အချိန်တစ်ခုအတွက် သိသိကြီးနဲ့ အလိမ်ခံနေခြင်းသာ ဖြစ် ပါတယ်။ ဒါကို မျက်ကန်း မျိုးချစ် များဘက်က ငါ တို့ လိမ်လို့ရတာပဲလို့ ဘ၀င်မမြင့်မိဘို့တော့ လိုပါမယ်။
ဗြောင်ခံငြင်းသူများ အတွက် ပြေးလမ်းကို ပိတ်တဲ့နည်းတွေ အများကြီးပါ။ သူတို့ကိုယ် ဘယ်လို ကိုင်တွယ် ရ မယ် ဆိုတာကိုလည်း ကျုပ်တို့ ဘက်မှာ နည်းလမ်းတွေရှိနေပါတယ်။ ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ ဖွင့်ပေးထားတဲ့ လမ်းကိုတော့ မျက်ကန်းမျိုးချစ်များ အနေနဲ့ တစ်လွဲ မသုံးမိဘို့ လိုပါမယ်။ ဆက်လက်ပြီး ဇွတ် မိုက်နေခဲ့ရင်- မိုက်တွင်းနက်မှု တစ်ဆင့်ချင်းစီအတွက် ကျုပ်တို့ဘက်ကလည်း တစ် ကွက် ချင်းစီ ပိတ်ဆို့ပစ်မှာပါ။ အခု အခြေအနေမှာ ကမ္ဘာ့နိုင်ငံတစ်ချို့က စီးပွားရေးတွေ ပြန်ဖွင့်ပေး တယ် - ငွေကြေးကူညီနေတယ် ဆိုတာက အစိုးရဘက်က ပြောင်းလဲမှု တစ်ချို့အတွက် ဆုပေးတဲ့သဘော ပါ။ တစ်ကယ်ပြောင်းလည်းရင် ဘာတွေကို ခံစား ရမယ် ဆိုတာကို သက်သေပြပေးတဲ့ သဘောပါ။ ဒါပေ မယ့် ကူညီနေတဲ့ ငွေကြေးတွေဆိုတာလည်း အကြွေး ဟောင်းတွေကို ပြန်လျှော်ပေး တဲ့ ငွေ၊ ပြန် ဆပ်ပေး တဲ့ ငွေမျှသာ ဖြစ်နေပါတယ်။ လက်တွေ့ ဆက်လက် အကောင်အ ထည် ဖေါ် ဘို့ ငွေကြေးတွေ မရသေး ဘူး ဆိုတာတော့ အစိုးရကိုယ်တိုင်လည်း သိနေပါတယ်။ စီးပွားရေး တစ်ကယ် တည်ဆောက်ဘို့ အတွက် ဖွင့်ပေးမယ့် သော့ချက်က “ရိုဟင်ဂျာ” ဆိုတဲ့ ဝေါဟာရ လက်ထဲ မှာ ရှိနေပါတယ်။ တစ်တိုင်းပြည်လုံးကို မစာနာရင်-၊ တစ်တိုင်းပြည်လုံး အတွက် လက်တွေ့ စီးပွားရေး တည် ဆောက်မှုကို ကရုမစိုက်ရင် “ရိုဟင် ဂျာ” တွေကို ဆက်လက် ငြင်း ဆန်နေ လိုက် ပါ။ ဆောက် လက် စတိုက်တွေ ရပ် သွားစေမယ်၊ စ တည်ပြီး မတည်ငွေတွေ ရပ်သွားစေမယ်- ဆိုတဲ့ စီးပွားရေး ဆိုင်း ငံ့နေခြင်း ကို မြန် မာ့ခေါင်း ဆောင်တွေ ကိုယ်တိုင် ကြုံရပါမယ်။ ဒီအတွက် ဆက်လက်ပြီး မွတ်ဆလင်တွေကို သဲသဲ မဲမဲ ပြသနာရှာမယ် ဆိုရင် လည်း ပိုမိုကြီး ကျယ်တဲ့ ဆိုးကျိုးတွေကို ရာဇ၀တ်ကောင်တွေ ဆက်တိုက် ခံသွားရစေပါမယ်။
တိုင်းပြည်ကို တစ်ကယ် စေတနာရှိရင် (၁) ရိုဟင်ဂျာ ကိစ္စမှာ ဗြောင်ငြင်း နေခြင်းကို ရပ်တန်းက ရပ်ပေး ရမယ်၊(၂)လူထုကြားမှာမငြိမ် မသက်ဖြစ်စေအောင် လှုံ့ဆော်နေသူတွေ၊ ဘာသာရေး အမုန်း ဟော ပြောနေ သူတွေကို ချက်ချင်း အရေး ယူပေးရမယ်(၃) မြန်မာပြည်တွင်း ဒုက္ခသည်တွေကို ထိထိရောက်ရောက် ကူ ညီဖြည့်ဆီးခွင့် ပေး ရမယ် (၄) ကူညီဖြည့်ဆီးမယ့် အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို လုံးဝ တာဝန်ယူပေး ရပါ မယ်။
ဒီအချက်တွေကို အကျင့်ပါနေပြီး ထုံးစံအတိုင်း ဗြောင်ခံငြင်းနေမယ် ဆိုရင်--၊ တိုင်းပြည် အတွက် ဖြစ်ပေါ် လာ မယ့် အကျိုးဆက်များဟာ ဗုဒ္ဓဘာသာ အယူသည်း မျက်ကန်းမျိုးချစ်များရဲ့ တာဝန် ပဲ ဖြစ်ပါလိမ့်မယ်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု
Every country of the world knows suffering of Rohingya for more than fifty years ago in this oppressive hand, but in the first democratic periods around 1950s Rohingya have got the whatsoever some extend of democratic rights, in which they have enjoyed broadcasting their own language twice a week in BBS like others, and formation of Rohingya students union, and there were many parliamentarians and so on... these are all the rights only citizens can enjoy --- nowadays’ Myanmar activists, political leaders and parties are accusing Rohingya as sneakers, infiltrators, aliens and immigrants--- according to historical background, nowadays Rohingyas are the descendants of the ancients Bangali, sons of the soil of as back as of before 10th century-- no one can deny this phenomenon, but the Mongoloid descendants-- Rakhine people are only 12th century settlers in Arakan state, meaning Rohingyas are the 200 more earlier years settlers than that of Rakhine people-- if you people are honest, why don't you see the inscription in which ours imbued in Ananda Sandra Inscription along the Rakhine state. Some believe that it is because of porous border, so called Rohingya sneaked into Rakhine state-- as a matter of fact, we have been living in our land because we love this as our native lands which belong to us forever.. not because we are Mexicans and Arakan state is USA -- USA is a promised land and anyone whatever wanted can be possibly materialized. Please think fare and square for a particular oppressed Rohingya community—Rakhine today is not Promised Land but it is like a “hell in the cell”. Norway has been a champion for Burmese activists for a long journey, but today it does not want to support Rohingyas as son of the soil but regard as aliens the way Myanmar officials crookedly articulated in regard Rohingyas existence- anyway we oppressed Rohingyas people want all nations of the world to advocate us from the right angel historical points and past authentic reality that are the then democratic governments officially regarded as indigenous people of the nation. We rightfully belong to the mainstream society of Burma. We are aliens but sons of the soil since time immemorial which every sincere scholar recognized.
လူတစ်ဦး-၊ လူတစ်စုဟာ ဘယ်ကိစ္စကို မဆို ဗြောင်ခံငြင်း တတ်တဲ့ အကျင့်ရှိနေရင်-၊ သူဟာ အဲ့ဒီ အကျင့် ကို ဖျောက်ဖျက်ဘို့ ခက်ပါတယ်။ “ဗြောင်ငြင်းသူ အဘို့ ကျမ်းကိုးမလိုပါ၊” ဗြောင်ငြင်း တတ်သူဟာ ဘယ်လို အချက် အလက်ကို သက်သေပြပြ ဆန့်ကျင် ဘက်က ခံငြင်းနေမှာပဲ ဖြစ်တယ်။ ....... ဘာတွေရေးထားသလဲလို့ဖတ်ကြည့်နေတာ ..... သူ့ကိုယ်သူ ဘယ်လိုလူစားမျိုးဆိုတာသိအောင် .... လူသိရှင်ကြားကြော်ငြာနေတာကိုး....ကောင်းလိုက်တာ