နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာလှေစီးဒုက္ခသည် ၆၃ ဦးကို အင်ဒိုနီးရှားမှထပ်မံကယ်တင်


RB News 
2.3.2013 

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် ကြာသပတေးနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်) နေ့လည်ပိုင်း၌ ရိုဟင် ဂျာလှေစီး ဒုက္ခသည် ၆၃ ဦးကို အင်ဒိုနီးရှားငါးဖမ်းသမားများမှ ကယ်တင် လိုက်ကြောင်း သတင်း ရရှိ ပါသည်။ 

ကြာသပတေးနေ့က ကယ်တင် လိုက်သောဒုက္ခသည် ၆၃ ဦးမှာ ရက်သတ္တပတ်အတွင်း ဒုတိယ အ ကြိမ် မြောက်ကယ်တင် လိုက်ခြင်းဖြစ်သည်။ ပထမအကြိမ်တွင် ၁၂၁ ဦးကို ကယ်တင် ခဲ့သည်။ ယခု ကယ် တင် လိုက်သော ၆၃ ဦးတွင် ၂၃ ဦးမှာကလေးငယ်များဖြစ်ပြီး ဆုမာတြာကျွန်း၏ အရှေ့ကမ်းခြေတွင် အင်ဂျင် မပါဘဲမျှောလာသောစက်လှေကို အင်ဒိုနီးရှားငါးဖမ်းသမားများရှာဖွေတွေ့ခဲ့ခြင်းဖြစ်ပါသည်။ 

အင်ဒိုနီးရှား ရဲတပ်ဖွဲ့အရာရှိတစ်ဦးမှ စက်လှေပေါ်တွင် ပါရှိလာသူများအားလုံးမှာ မြန်မာနိုင်ငံမှဖြစ်ပြီး လိုက် ပါလာ သူများအားလုံးမှာ မောပန်းနွမ်းနယ်နေပြီး၊ ဆာလောင်မွတ် သိပ်နေသောကြောင့် အသေး စိတ် ကိုမေးမြန်း ရန်မလွယ်ကူ သည့်အပြင် ဘာသာစကား မတူသောကြောင့်ပြောဆိုရန် ခက်ခဲ လျက် ရှိ ကြောင်း အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ခိုလှုံခွင့်တောင်းခံသောအဆိုပါဒုက္ခ သည် ၆၃ ဦးကို လန်ဆာမြို့ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ထားရှိထားပြီး၊ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်း သို့ လွှဲပြောင်းပေးမည်ဟု သိရှိရပါသည်။ 

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ လက်ရှိအခြေ အနေများအရ အင်ဒိုနီးရှားနိုင်ငံရေ ပိုင်နက်တွင် ရိုဟင် ဂျာ လှေစီး ဒုက္ခသည် များကိုဆက်လက် ရှာဖွေတွေ့နိုင် လိမ့်မည်ဖြစ်ကြောင်း အဆိုပါ အင်ဒိုနီးရှား ရဲအရာ ရှိမှ ပြောသည်။ 

ထိုင်းနိုင်ငံ ရေနက် ပိုင်း အတွင်းသို့ ရောက်ရှိ သွားသော စက်လှေများကို ထိုင်း အာဏာပိုင်များမှ စက်လှေ ပေါ်ရှိ အစာရေစာ၊ ဓါတ်ဆီ များကို သိမ်းယူ ပြီးနောက် စက်လှေကို ရေပိုင် နက်အတွင်းမှနှင် ထုတ် သည့် အပြင် ပစ်ခတ်မှုကြောင့် ၁၂ ဦးသေဆုံး ခဲ့ရသည်ဟု လွန်ခဲ့သည့်ရက်ပိုင်း တွင်အင်ဒိုနီး ရှားနိုင်ငံ သို့ ရောက် ရှိသွားသော ရိုဟင်ဂျာ ဒုက္ခသည်များမှ ထုတ်ဖော်ပြောကြားခဲ့သည်။

Comment ရေးရန်

Rohingya Exodus