ပစ်ခတ်မှု ကြောင့် ကျောက်တော် မြို့တွင် တစ်ဦးသေ သုံးဦး ဒဏ်ရာရ
RB News
16.4.2013
ကျောက်တော် ။ ။ ဧပြီလ (၁၄) ရက် နေ့တွင် ကျောက်တော် မြို့နယ်၊ တောင်ထောင်း ကျေးရွာမှ ရွာသား တစ်ဦး သေဆုံး ခဲ့ရပြီး၊ သုံးဦး ဒဏ်ရာ ရခဲ့ကြောင်း သတင်း ရရှိ ပါသည်။
ဖြစ်ပွား ပုံမှာ ဧပြီလ (၁၄) ရက်နေ့ နေ့လည် ၂ နာရီ ခန့်တွင် ကျောက်တော် မြို့နယ်၊ တောင်ထောင်း ကျေး ရွာမှ ရိုဟင်ဂျာ လူမျိုး ရွာသား ၂၀ ခန့်သည် ရွာအနီးရှိ တောအုပ် ထဲတွင် ၀ါးခုတ်ရန် သွားရောက် ခဲ့ သည်။ တော အုပ် ထဲတွင် ရွာသား များကို ရုတ်တရက် သေနတ်ဖြင့် ပစ်ခတ်ရာ ရွာသား တစ်ဦး ထိုနေရာ တွင်ပင် သေဆုံး ခဲ့ရပြီး သုံးဦး ဒဏ်ရာ ရရှိ ခဲ့သည်။
သေနတ်ဖြင့် ပစ်ခတ် ခဲ့သော်လည်း ပစ်ခတ်သူ များကို မမြင်ခဲ့ ရသောကြောင့် မည်သူ မည်ဝါ ဖြစ်သည် ကိုမသိခဲ့ ရကြောင်း အသက်ရှင် လွတ်မြောက် လာသူများ၏ ပြောကြားချက်အရသိရသည်။ ကျောက်တော် မြို့ရှိ တောအုပ် များတွင် ရခိုင် အစွန်းရောက်သောင်းကျန်းသူ များခိုအောင်း နေသည်ကို လွန်ခဲ့ သည့် ဖေဖော် ၀ါရီလတွင် မျက်မြင် သက်သေ များ၏ ပြောကြား ချက် အရ သိခဲ့ ရသည်။ ယခု ပစ်ခတ်မှု မှာ လည်း အစိုးရ စစ်တပ်မှ ပစ်ခတ်မှု သို့မဟုတ် ရခိုင် သောင်းကျန်း သူများ၏ ပစ်ခတ် သာ ဖြစ်ကြောင်း ဒေသခံ များက ဆိုသည်။
ပစ်ခတ်မှု ကြောင့် အသက် ဆုံးရှုံး ခဲ့ရသူမှာ ဦးဇဖရ် အဟမတ် (ဘ) ဦးဟူစိန်း (အသက် ၃၅ နှစ်) ဖြစ် သည်။ ဒဏ်ရာ ရရှိ ခဲ့သူ (၃) ဦးမှာ -
(၁) ဦးအုမာရ် အလီ (ဘ) ဦးဒိလ် မိုဟာမတ် (အသက် ၄၅ နှစ်)
(၂) ဦးကာလူ (ဘ) ဦးဆုလ်တာန် အဟမတ် (အသက် ၄၅ နှစ်)
(၃) မာမတ် ဟူစိန်း (ဘ) ဦးအဟမတ် ဆာဘီ (အသက် ၂၀ နှစ်) တို့ဖြစ်သည်။
အခင်း ဖြစ်ပွား ပြီးနောက် သက်ဆိုင်ရာ အာဏာပိုင် များနှင့် ရဲတပ်ဖွဲ့ တို့ကို တိုင်ကြား ခဲ့ရာ၊ သေဆုံး သွား၏ ရုပ်အလောင်းကို ရဲများနှင့် ဆေးရုံမှ စစ်ဆေးပြီး သဂြိုလ် လိုက်ရန် အမိန့် ပေးခဲ့သည်။ ပစ်ခတ် သူများနှင့် စပ်လျဉ်း၍ ယခု အချိန်ထိ မည်သည့် အဖွဲ့က ပစ်ခတ် သွားကို စုံစမ်း၍ မရရှိ သေးကြောင်း သတင်း ရရှိ ပါသည်။