November 10, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မြောက်ဦး မြို့တွင် ရိုဟင်ဂျာ ၅ ဦးကို မဟုတ် မမှန် အမှုဆင် ဖမ်းဆီးထား


RB News 
17.4.2013 

မြောက်ဦး ။ ။ မြောက်ဦး မြို့နယ်၊ ပေါင်းဒုတ် ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာ လူမျိုး ဒေသခံ ရွာသား ၅ ဦးကို မဟုတ် မမှန် အမှုဆင်၍ ဖမ်းဆီး ထားကြောင်း သိရှိ ရပါသည်။ အဆိုပါ မဟုတ် မမှန်သည့် အမှုဆင်၍ ဖမ်းဆီး ထားသည့် သတင်းကို မီဒီယာ များမှလည်း မဆင်မခြင် ရေးသား၍ ၀ါဒဖြန့် နေသည်ကို လေ့လာ တွေ့ရှိ ရပါသည်။ 

ဖြစ်ပွား ပုံမှာ ပေါင်းဒုတ် ရွာမှ ရွာသား ၇ ဦးသည် ဧပြီလ ၁၄ ရက် နံနက် စောစော ၅ နာရီခွဲ ခန့်တွင် ရခိုင်ရွာ အနီးရှိ မိမိတို့၏ ကွမ်းယာ ခင်းမှ ကွမ်းရွက် ခူးရန် သွားရောက်၍ ကွမ်းရွက်ခူး ခဲ့သည်။ ထိုအချိန်တွင် ရခိုင်ရွာမှ ရခိုင် လူမျိုး များက ၎င်းတို့၏ ယာခင်းမှ ကွမ်းရွက်များ ခူးယူ သည်ဟု စွပ်စွဲ၍ ၀ိုင်းဝန်း အကြမ်းဖက်ပြီး ဖမ်းဆီး ခဲ့ကြသည်။ ကွမ်းရွက် ခူးရန် သွားသည့် ၇ ဦးမှ ၂ ဦးသည် အကြမ်းဖက် ရန်လာသည့် အုပ်စုကို မြင်ပြီး ထွက်ပြေး လွတ်မြောက် သွားသော်လည်း ၅ ဦးမှာ ထိုနေရာတွင် ရိုက်နှက် ခံခဲ့ရသည်။ ထိုသို့ ရိုက်နှက် ပြီးနောက် နံနက် ၆ နာရီ ကျော်တွင် ရဲစခန်းသို့ အပ်နှံ ခဲ့ကြောင်း သိရသည်။ 

ထိုသို့ မတရား သဖြင့် အမှုဆင်၍ ရဲစခန်းသို့ ပို့ခဲ့သော်လည်း မီဒီယာ များမှ ဓါတ်ဆီ ပုံးဖြင့် ရွာကို မီးရှို့ရန် လာသည်ဟု မဆင် မခြင်၍ ဧပြီလ ၁၄ ရက်နေ့မှ စ၍ ၀ါဒ ဖြန့်ခဲ့ ကြသည်။ 

“ကျွန်တော် တို့ကို ရွာထဲမှာ နည်းပေါင်းစုံနဲ့ ညှင်းပန်း နှိပ်စက် နေတာ အရမ်းများ နေပြီ။ ဈေးသွားရင် လည်းလမ်းမှာ စစ်သားနဲ့ တွေ့ရင်လည်း အရိုက်ခံ ရတယ်။ ရခိုင်တွေ အုပ်စုလိုက်နဲ့ တွေ့ရင် လည်း အရိုက်ခံ ရတယ်။ ၀ယ်လာ သမျှ ပစ္စည်းတွေ လည်းအမြဲလု ခံရတယ်။ အခုလည်း မဟုတ် မမှန် အမှုဆင်ပြီး လူတွေကို ဖမ်းထားတယ်။ အာဏာပိုင် တွေကိုယ်တိုင်က ကျွန်တော် တို့ကို အမြဲ ညှင်းပန်း နှိပ်စက် နေတော့ ကျွန်တော်တို့ ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူး။ မီဒီယာ တွေက မဟုတ် မမှန် ၀ါဒဖြန့်ပြီး အများစုက ကျွန်တော် တို့ကို ပိုပြီး မုန်းလာအောင် လုပ်နေ ကြတယ်။” ဟု ဒေသခံ တစ်ဦး မှ RB News သို့ပြော ပါသည်။ 

ယင်းသို့ အမှုဆင်၍ မတရား ဖမ်းဆီး ခံရသူ ၅ ဦးမှာ - 

(၁) ဦးဆာဘဲရ် အဟမတ် (ဘ) ဦးဆီးဒိခ် (အသက် ၄၀ နှစ်) 
(၂) ဦးအဒူ ကရီးမ် (ဘ) ဦးအာမီးရ် ဟူစိန်း (အသက် ၃၁ နှစ်) 
(၃) ရွှေမောင် (ဘ) ဦးအဒူ မာလိခ် (အသက် ၁၈ နှစ်) 
(၄) အောင်ရှည် (ဘ) ဦးရှမ်ရှု (အသက် ၂၅ နှစ်) 
(၅) ယူနွစ် (ဘ) ယူစွဖ် (အသက် ၂၁ နှစ်) -- တို့ဖြစ်ပါသည်။ 

Comment ရေးရန်

Pages 22123456 »
Rohingya Exodus