မိတ္တီလာမှ မျက်မြင် သက်သေ တစ်ဦးအား နှုတ်ပိတ်ရန် အကွက်ချ စီစဉ်ခဲ့
ခေဋီဈက်အို
အလင်းမျက်ဝန်း
17.4.2013
အကြမ်းဖက် မှုများကြောင့် ဖျက်ဆီးခြင်း ခံလိုက် ရတဲ့ ချမ်းအေး သာယာ ဗလီရဲ့ တာဝန်ရှိ ဂေါပက တစ်ဦး ဖြစ်သူ ကိုတင်ကိုမှ သက်ဆိုင်ရာ ရဲဌာန သို့ တာဝန် ရှိသူ တစ်ဦး အနေဖြင့် ဗလီအား အကြမ်းဖက် ဖျက်ဆီး မှု၌ ပါဝင် ခဲ့သူ ငါးဦးကို ဖော်ထုတ် ပေးခဲ့ တယ်လို့ အလင်း မျက်ဝန်း အား ပြောကြား ပါတယ်။
၎င်းကိုတင်ကိုအား ဧပြီလ (၁၅) ရက်နေ့က ဒုရဲအုပ် မိုးညို ဆိုသူမှ ၎င်းခိုလှုံ နေသည့် ထ (၁) ဒုက္ခသည် စခန်းသို့ လာရောက် ခဲ့ပြီး ခရိုင် အုပ်ချုပ်ရေး တာဝန်ရှိ သူငါးဦး အရှေ့တွင် ၎င်းသွားမည့် နေရာသို့ ကိုတင်ကို အား လာရောက် ခေါ်ဆောင် ခဲ့ကြောင်း သိရ ပါတယ်။
ဒုရဲအုပ် မိုးညိုရဲ့ ခေါ်ဆို မှုကို ကိုတင်ကိုမှ ငြင်းဆန် ခဲ့သော်လည်း ခရိုင် ၀န်ထမ်း များရှေ့တွင် ၎င်းသည် ယူနီဖောင်း ၀တ်ထား၍ ရဲဝန်ထမ်း တစ်ဦး ဖြစ်ပြီး ယခု သွားမည့် မင်္ဂလာ ဇေယျုံ ရပ်ကွက် တွင်လည်း ၎င်း၏ ဆွေမျိုး များရှိ၍ အန္တရာယ် မရှိ ကြောင်းများ ပြောဆိုရာ ကိုတင်ကိုမှ ဒုရဲအုပ်၏ ဆွေမျိုး များရှိ၍ မိမိလိုက် ခဲ့ဖို့ မလိုကြောင်း၊ မိမိ အနေဖြင့် အဆိုပါ နေရာ များသို့ မသွားလို ကြောင်း ပြန်လည် ပြောဆိုရာ မိုးညိုမှ အကြိမ်ကြိမ် အာမခံ၍ စိတ်ချစွာ လိုက်ခဲ့ရန် ပြောနေခြင်းကြောင့် နံနက် (၁၀)နာရီအချိန်တွင် ၎င်း၏ ဆိုင်ကယ် နောက်တွင် ထိုင်၍ လိုက်ပါ သွားခဲ့ပြီး ဘင်္ဂါလီ ဗလီနှင့် ပါကစ္စတန် ဗလီများ အရှေ့တွင် ကိုတင်ကိုအား အပျက် အစီး များနောက်ခံ ထားကာ ဒုရဲအုပ် မိုးညိုမှ ဓာတ်ပုံများ ရိုက်ပြီး နောက် မင်္ဂလာ ဇေယျုံ ရပ်ကွက် သို့ (၁၀း၃၀) အချိန် ခန့်တွင် ရောက်ရှိ ခဲ့တယ်လို့ ပြောပြ ပါတယ်။
မင်္ဂလာ ဇေယျုံ ရပ်ကွက်၌ မွတ်စလင်မ်များ ပုန်းအောင်း ခဲ့ရသည့် `၀က်လန့်တော´ဟု ခေါ် သည့် နေ ရာသို့ ခေါ်ဆောင် ခဲ့ပြီးနောက် မိုးညိုမှ ဓာတ်ပုံ ရိုက်မည့် ဟန်ပြုစဉ် လူ (၈) ယောက် ရောက်ရှိ လာပြီး ဓာတ်ပုံ ရိုက်ခြင်းအား မေးခွန်း ထုတ်တယ် လို့ ပြောဆို ပါတယ်။ ယင်းနောက် ယူနီဖောင်း ၀တ်ဆင် ထား သည့် ဒုရဲအုပ် မိုးညိုမှ မိမိဟာ ၀န်ထမ်း ဖြစ်ကြောင်း ပြောပြီး အဆိုပါ လူ (၈) ယောက်မှ ၎င်း ဒုရဲအုပ်အား မီးရှို့ ဖျက်ဆီး ခံခဲ့ရတဲ့ ကျောင်းရှိ ကလေးများ သေဆုံးရာ နေရာ ဘက်သို့ ခေါ်ဆောင် သွားကာ ကိုတင်ကိုအား တစ်ဦးတည်း ၀က်လန့်တော အနီးတွင် ထားရစ် ခဲ့တယ်လို့ သိရပါတယ်။
အချိန် အတော်ကြာ သည်အထိ ဒုရဲအုပ် မိုးညိုမှာ ပြန်ရောက် မလာသော ကြောင့် ကိုတင်ကိုမှ လူသူ ရှိရာ ကားလမ်း ပေါ်သို့ စိတ်ချ ရအောင် ထွက်လာ ခဲ့စဉ် ဆိုင်ကယ် တစ်စီး၌ မောင်းနှင်သူ တစ်ဦး အနောက်၌ ဓားရှည်များ ကိုင်ဆောင် ထားသည့် လူနှစ်ဦး စုစုပေါင်း သုံးဦး အရှိန် ပြင်းစွာ မောင်းနင် လာပြီး ကိုက် (၅၀) အလိုတွင် ကိုတင်ကိုအား `ဟိတ်ကောင် ကုလား၊ ဟိတ်ကောင်ကုလား´ဟူ၍ အော်ဟစ်လိုက်သေ ကြောင့် ကို တင်ကိုမှာ အနီးရှိ မိတ္ထီလာ ကန်ဘက်သို့ ဆင်းပြေး ခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက် စေရန် မနည်း ကြိုးစား၍ ထွက်ပြေးခဲ့ ရတယ်လို့ ကိုတင်ကိုမှ အလင်း မျက်ဝန်းသို့ ပြောပြ ပါတယ်။
၎င်း လက်နက် ကိုင်ထားသည့် လူများမှာ နန်းတော်ကုန်း အရှေ့ ဘက်အထိ လိုက်လာ နေ၍ ကိုတင်ကို မှ လမ်းကြောင်း ပြောင်းကာ ဆေးရုံ အနီးရှိ မကျည်းကုန်း ဘုန်းကြီး ကျောင်းသို့ ထွက်ပြေး ခဲ့ရပြီး နောက်မှ စစ်တပ် လုံခြုံရေး များနှင့် ကျောင်းရှိ ဘုန်းတော်ကြီး အချို့မှ ရေတိုက် အနားယူ စေပြီး နောက် ခိုလှုံရာ ဒုက္ခသည် စခန်းသို့ ပြန်လည် လွှဲပြောင်း ရောက်ရှိ ခဲ့ကြောင်း သိရ ပါတယ်။ ဖြစ်ပျက် ခဲ့တဲ့ ကြာချိန် စုစုပေါင်း (၁း၄၅) မိနစ် လောက် ရှိခဲ့ ကြောင်း သိရ ပါတယ်။
ယင်းဖြစ်စဉ် အပေါ် မြို့နယ် ရဲတပ်ဖွဲ့ မှူးနှစ်ဦးမှ ဒုရဲအုပ် ကိုမိုးညိုနှင့် ကိုတင်ကို တို့အား ခေါ်ယူ တွေ့ဆုံ ခဲ့ရာတွင် ဒုရဲအုပ် မိုးညိုမှ ကိုတင်ကိုအား အကြောက်လွန် နေခြင်းသာ ဖြစ်ကြောင်း ပြောဆို ခဲ့သလို၊ ကို တင်ကို မှ မိမိအနေဖြင့် မလိုက်လို ခြင်းအပေါ် အတင်း ခေါ်ယူခဲ့ပြီးနောက် ယခုလို တာဝန်မဲ့ စွာလုပ် ခဲ့ကြောင်း ပြန်လည် ပြောဆို ခြင်းကြောင့် မြို့နယ်မှူး များရှေ့တွင် ဒုရဲအုပ် မိုးညိုမှ တောင်းပန် ချွေးသိပ် စ ကား ဆိုပြီး၊ မြို့နယ်မှူး များမှလည်း အစည်း အဝေးတွင် တင်ပြ ပေးမည့် အကြောင်း၊ ပြေပြေ ပြစ်ပြစ်ပဲ ပြီးသွား ကြစေ လိုကြောင်း ကိုတင်ကို အား ဖြောင့်ဖျနားချကြောင်း သိရ ပါတယ်။
ကိုတင်ကိုမှ ဤဖြစ်စဉ် နှင့်ပတ်သက်၍ မိမိနှင့် မိသားစု အပေါ် လုံခြုံမှု မရှိဟု ခံယူ မိကြောင်း၊ ဤဖြစ်စဉ် အပေါ် မိမိ အနေဖြင့် လုပ်ကြံမှု၊ လက်စဖျောက် နှုတ်ပိတ် မှုဟု ယူဆ ထားပြီး ညများ၌ပင် အိပ်မပျော်ဘဲ စိုးရိမ် ကြောက်ရွံ့ နေရကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ အဆင့် အထိ သတင်းပို့ တိုင် ကြား သွားမှာ ဖြစ်ကြောင်း အလင်း မျက်ဝန်းနှင့် တွေ့ဆုံစဉ် ပြောပြ ခဲ့ပါတယ်။
ယင်းဖြစ်စဉ် နှင့်ပတ်သက်၍ အလင်း မျက်ဝန်းမှ သက်ဆိုင်ရာ ရဲဌာန သို့ ဆက်သွယ် မေးမြန်း သော်လည်း မသိကြောင်း ပြောဆိုကာ တယ်လီ ဖုန်းအား ချသွား ပါတယ်။
အဆိုပါ ဖြစ်စဉ်အား လေ့လာသူ များအနေဖြင့် ဥပဒေ စိုးမိုးရေးကို တိုက်ခိုက် စိန်ခေါ်ခြင်း ဖြစ်ကြောင်း၊ အရေးကြီး သက်သေ အား လက်စ ဖျောက်ရန် အတွက် နှုတ်ပိတ် လုပ်ကြံဖို့ ကြိုးစားမှု သာဖြစ်ပြီး ဤ သည် နိုင်ငံတကာမှ ပြောဆို ဝေဖန် နေသည့် အာဏာပိုင်များ ပါဝင် ပတ်သက် နေသည် ဆိုသည့် သံသယ အပေါ် ခိုင်မာ စေကြောင်း ထောက်ပြ ပြောဆို နေကြ ပါတယ်။