November 10, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

အယ်ဒီတာ့အာဘော်

အင်တာဗျူး

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စာအုပ်စင်

အိတ်ဖွင့်ပေးစာ

လက်ဗွေ နှိပ်ခြင်း အကြပ် အတည်းကို ကူညီ ဖြေရှင်း ပေးပါရန်


သို့

နိုင်ငံတော် သမ္မတကြီး
ပြည်ထောင်စု မြန်မာ နိုင်ငံတော်
နေပြည်တော် 
နေ့စွဲ ။ ။ ၂၀၁၃ ဧပြီလ (၁၇) ရက်

အကြောင်း အရာ။ ။ ကွန်ပျူတာ scanner ဖြင့် လက်ဗွေ လက်နှိပ်ခြင်း အကြပ် အတည်းကို ကူ ညီ ဖြေ ရှင်း ပေးပါရန် အသနားခံ လျှောက်ထားခြင်း။ 

နိုင်ငံတော် သမ္မတကြီး ခင်ဗျား 

၁။ ကျွန်တော် များ၏ ရခိုင် ပြည်နယ် ဘူးသီးတောင် မြို့နယ်၊ နစက နယ်မြေ (၉) မှ နယ်မြေမှူး ဗိုလ်ကြီး ၀င်းလှိုင် သည် ၎င်းနယ်မြေ အတွင်းရှိ မိသားစု တိုင်း၏ ကိုယ်ရေး ရာဇ၀င် Bio Data များရေးသား ထားသော ကွန်ပျူတာ ပရိုဂရမ် (Computer Program) တွင် Scanner ဖြင့် လက်ဗွေ နှိပ်ယူ ခြင်းကိစ္စကို ၁၈၊ ၄၊ ၂၀၁၃ နေ့ တွင် စတင်၍ အကောင် အထည်ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ထိုစီမံချက်ကို (၎င်းတို့ စိတ်တိုင်းကျ ရေးထားသော အကြောင်း အရာ ပေါ်တွင် မိမိတို့က ဘာမှ မသိပဲ လက်ဗွေ နှိပ်ပေး ရခြင်း) ကို မလိုက်နာ ပါက အင်အားသုံး အကောင် အထည် ဖော်မည် ဖြစ်ကြောင်း အကြိမ်ကြိမ် အစည်း အဝေးများ လုပ်ပြီး၊ ခြိမ်းခြောက် ထားပါသည်။ 

၂။ ဤစီမံချက်ကို ဧပြီလ ဆန်းမှ စတင် ဆောင်ရွက် နေသော်လည်း၊ စကတည်းက ခြိမ်းခြောက် သံပါ နေခြင်း၊ ထင်သာ မြင်သာ မရှိခြင်း၊ ကွန်ပျူတာတွင် မည်သည့် အကြောင်း အရာများ ရေးထား သည် ကို မသိရှိ ရသဖြင့် သံသယ ၀င်နေခြင်း တို့ကြောင့် ကျေးရွာနေ ပြည်သူ များက ၎င်းလက်ဗွေ နှိပ်ခြင်းကို မပြုလုပ်ပဲ ရှောင်တိမ်း နေကြ ပါသည်။ အမျိုးသားများ နေအိမ် မှ ရှောင် တိမ်း နေသော အခါ နေအိမ်ရှိ အမျိုးသမီး များအား ကိုယ်ထိ လက်ရောက် စော်ကားကာ ရိုက်နှက် ကန်ကျောက်ပြီး လက်ဗွေ နှိပ်စေ ခဲ့ပါသည်။ 

၃။ ဤကဲ့သို့သော အကြပ် အတည်း မျိုးသည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ စစ်တွေ စသည့် မြို့များ တွင်လည်း လွန်ခဲ့သော ၆လခန့် ကတည်းက ဖြစ်ပေါ် ခဲ့ကြသည်။ "ပြည်ပမှ တရား မ၀င် ကျူးကျော်ဝင် ရောက်လာသော ဘင်္ဂလီ များစာရင်း" ခေါင်းစဉ် အောက်တွင် ကိုယ်ရေး အချက် အလက် များနှင့် တကွ လက်ဗွေကို scanner ဖြင့် နှိပ်ယူရန် ပြုလုပ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းသည် ထင်သာ မြင်သာ မရှိခြင်း၊ ပွင့်လင်းမှု မရှိခြင်း၊ သံသယ ၀င်နိုင်သည့် အချက် များကြောင့် အကြပ် အတည်း ဖြစ်ပေါ် ခဲ့ရခြင်း ဖြစ်ပါသည်။ ထိုအချိန်တွင် ပြည်ထောင်စု လ၀က ၀န်ကြီးနှင့် ဒေသခံ နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များ၊ လွှတ်တော် ကိုယ်စား လှယ်များ စုပေါင်း တိုင်ပင် ညှိနှိုင်း ခြင်းဖြင့် သံသ ယဖြစ်ဖွယ် ရှိသော စီမံချက်ကို မပြုလုပ်ပဲ သဘောတူ ဖျက်သိမ်း ခဲ့ပါ သဖြင့်၊ ကျွန်တော်တို့ အားလုံး စိတ်သက်သာရာ ရသွား ခဲ့ပါသည်။ ထိုစီမံချက် အစား မိသားစု အားလုံး ဓါတ်ပုံ ရိုက်ပြီး ကိုယ်ရေး အချက် အလက်များ ရေးသားသည့် အစီ အစဉ်ဖြင့် အစားထိုး ခဲ့သဖြင့် အောင်မြင်စွာ ပြီးဆုံးသွား ခဲ့ပါသည်။ 

၎။ ယခု တစ်ဖန် ဧပြီလ ဆန်းမှ စတင်၍ ဘူးသီးတောင် မြို့နယ် နစက နယ်မြေ (၉) မှ နယ်မြေမှူး သည် ဤ Computer Scanner ဖြင့်လက်ဗွေနှိပ် ခြင်းကို မပြုလုပ် ပေးပါက အင်အား သုံး၍ ဆောင်ရွက် မည်ဖြစ်ကြောင်း ကြိမ်းမောင်း ပြောဆို နေပါ သဖြင့် ကျွန်တော်များ ရွာသူ ရွာသား များက ပို၍ပင် သံသယ ၀င်သည်မှာ အမှန်ပင် ဖြစ်ပါသည်။ 

၅။ ကျွန်တော် တို့ထံမှ နှိပ်ယူ ထားမည့် လက်ဗွေ များကို Computer တွင် ကာလ ကြာရှည်စွာ Save (သိမ်းဆည်း) ထားပြီး၊ ၎င်းမှ တစ်ဆင့် 

(က) ပြည်ပမှ တရား မ၀င် ကျူးကျော် ၀င်ရောက် လာသူများ ဟူ၍ လည်းကောင်း၊ 
(ခ) ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှ ခိုးဝင် လာသော ဘင်္ဂလီ များဟူ၍ လည်းကောင်း၊ 
(ဂ) နိုင်ငံခြားမှ ၀င်ရောက် လာသူများ- နိုင်ငံ သားပြု သို့မဟုတ် ဧည့်နိုင်ငံသား လျှောက်ထား သူများ ဟူ၍ လည်းကောင်း၊
(ဃ) မိမိ သဘော ဆန္ဒ အရ တတိယ နိုင်ငံသို့ သွားရောက် လိုသူများ ဟူ၍ လည်းကောင်း၊ 
(င) မိမိတို့ ပိုင်ဆိုင်သည့် လယ်ယာမြေ၊ အိုးအိမ်၊ ဥစ္စာ ပစ္စည်း၊ စီးပွားရေး လုပ်ငန်း များကို ၎င်းတို့အား မိမိတို့ သဘောဖြင့် စွန့်လွှတ် လိုက်သည် ဟူ၍ လည်းကောင်း၊ 
(စ) မိမိတို့ သဘောဖြင့် ဒုက္ခသည် စခန်း များတွင် နေထိုင်မည် ဟူ၍ လည်းကောင်း 

စသည်ဖြင့် မမြင် ရသော စာရင်း၊ အချက် အလက် ပြုစုမှု များအား သံသယ ဖြစ်ဖွယ်ရာ လှုပ်ရှားမှု များ အဖြစ် ထင်ထင် ရှားရှား ယုံကြည်ရ သဖြင့် ဒေသခံ မိဘ ပြည်သူများ အလွန် တရာ စိုးရိမ် ပူပန် စိတ်သောက ရောက်နေ ကြရ ပါသည်။ 

ဤအကြပ် အတည်းကို ကျွန်တော်များ ဘူးသီးတောင် နယ်သား များသာမက ရခိုင် ပြည်နယ် တစ်ခု လုံးရှိ ဒေသခံ အစ္စလာမ် ဘာသာဝင် များအားလုံး စိုးရိမ် တကြီး စောင့်ကြည့် လျက်ရှိနေ ကြပါသည်။ 

သို့်ဖြစ် ပါ၍ ပြည်သူ လူထု အားလုံး၏ မိဘ သဖွယ် ဖြစ်သော နိုင်ငံတော် သမ္မတကြီး အနေဖြင့် ကျွန်တော် များ အစ္စလာမ် ဘာသာဝင် များအတွက် သံသယ မကင်းသော၊ ပွင့်လင်းပြီး ထင်သာ မြင်သာ မရှိသော၊ ခြိမ်းခြောက် မှုပါသော ဤလုပ်ရပ်ကို ရပ်တန့် ပေးပါ ရန်နှင့် အင်အား သုံးမည်ဟု ခြိမ်းခြောက် နေသော နစက နယ်မြေမှူး ဗိုလ်ကြီး ၀င်းလှိုင်အား အရေး ယူပေး ပါရန်၊ ပြည်သူ လူထု၏ အခက် အခဲ ကို ဖြေရှင်း ပေးရန် မကြိုးစားပဲ ဗိုလ်ကြီး ၀င်းလှိုင်အား အားပေး ကူညီ နေသော ဘူးသီးတောင် မြို့နယ် ငါး ရန့် ချောင်းကျေးရွာ အုပ်ချုပ် ရးမှူး ဦးခေါင်းစိန်လှ အားအရေးယူ ပေးပါရန် ဂါရ၀ ရှေ့ထား၍ အသနားခံ လျှောက်ထား ပန်ကြား အပ်ပါသည်။ 

အသနားခံ လျှောက် ထားသူ 

မောင်မောင်နိုင်
ဘူးသီးတောင်မြို့နယ် 
ရခိုင်ပြည်နယ်

Comment ရေးရန်

Rohingya Exodus