April 16, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရိုဟင်ဂျာ တစ်ဦး၏ နေအိမ်ကို နစကများ ၀င်ရောက် စီးနင်း ငွေညှစ်


RYM 
RB News 
18.4.2013 

မောင်တော ။ ။ ယမန်နေ့ (ဧပြီလ ၁၇ ရက်) ည ၈ နာရီတွင် မောင်တော မြို့နယ် POE စခန်းမှ နစက တပ်ဖွဲ့ဝင် များသည် အီတာ လီယာ ကျေးရွာ အုပ်စု၊ လမား ဖာရာ (အောက်ရွာ) ရှိ ဦးဇဖရ် အဟမတ် (ခ) လေဒူး (ဘ) ဦးရရှစ် အဟမတ်၏ နေအိမ်ကို ၀င်ရောက် စီးနင်း ခဲ့သည်။ မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကား နေသည်ဟု မဟုတ် မမှန် စွပ်စွဲ၍ ၀င်ရောက် စီးနင်း ခဲ့ကြောင်း သိရှိ ရပါသည်။ 

“နစက တွေက ဦးဇဖရ် အဟမတ်ရဲ့ အိမ်ကို ည ၈ နာရီမှာ ၀င်စီးတယ်။ နစက တွေက သူတို့ ယူနီဖောင်း ၀တ်ထားတယ်။ တချို့ ကတော့ ရဲယူနီဖောင်း နဲ့ပါ။ သာမန် အားဖြင့် တရားဝင် စီးနင်း ရင်တော့ ရဲ သို့မဟုတ် နစက တွေက ကျေးရွာရဲ့ အုပ်ချုပ် ရေးမှူးနဲ့ အတူ လာတယ်။ ဒီတခါတော့ မဆိုင်တဲ့ (၅) ရပ်ကွက်က အုပ်ချုပ် ရေးမှူးနဲ့ အတူ လာတယ်။ ဘာကြောင့်လဲ ဆိုတာတော့ မသိဘူး။ အဆိုးဆုံး ကတော့ နစက တွေက POE စခန်းက ဖြစ်နေတယ်။ ကျွန်တော်တို့ ရွာက (၃) မိုင်မှာ ရှိတဲ့ စခန်းရဲ့ လက်အောက်ခံပါ။ သူတို့ ဘာမှ ရှာမတွေ့ ပေမယ့်လည်း ဦးဇဖရ် အဟမတ်ရဲ့ ဇနီးဆီက ငွေ ၂ သိန်း ရအောင် ယူသွားတယ်။ ဦးဇဖရ် အဟမတ်က မဟုတ် မမှန် အမှုဆင် ဖမ်းထားလို့ အခုတော့ ထောင်ဒဏ် ၁၀ နှစ် ချခံ ထားရတယ်” ဟု ဒေသခံ ရွာသား တစ်ဦးမှ ပြောပါသည်။ 

“ဒါကတော့ တရား မ၀င် အစုလိုက် အပြုံလိုက် ၀င်စီး တာပါ။ ရိုဟင်ဂျာ တွေအတွက် ဒါမျိုး တွေက နေ့စဉ် ရက်ဆက်လို ဖြစ်နေတယ်။ အာဏာပိုင် တွေကလည်း ဓါးပြဂိုဏ်း လိုဖြစ်နေပြီ” ဟု ၎င်းက ဆက်လက်၍ ပြောသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus