April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘော်စတွန် ဗုံးပေါက် ကွဲမှု အပေါ် မွတ်စလင် ပညာရှင် များ၏ အမြင်များ


ဘာသာပြန် ဆိုသူ - အောင်မျိုးဟိန်း

"ဘော်စတွန် မာရသွန် ပြေးပွဲ ဗုံးပေါက် ကွဲမှု ဖြစ်စဉ် အပေါ် မွတ်စလင် ရှေ့ဆောင် ဆရာ များနှင့် ပညာ ရှင် များ၏ အမြင်နှင့် ပြောကြား ချက်များ"

ဘော်စတွန် မာရသွန် ပွဲ ဗုံးပေါက် ကွဲမှု ဖြစ်ပွား ပြီးပြီးချင်း မဆိုင်း မတွ မှာပင် မွတ်စလင် ရှေ့ဆောင် ဆရာ များနှင့် ပညာရှင် များမှ နေ၍ ဒီလို အကြမ်းဖက် ဖြစ်ရပ်အပေါ် ရှုံ့ချလိုက်ပြီး အကြမ်းဖက် မှု၏ သားကောင် ဖြစ်  ခဲ့ရသော အပြစ်မဲ့ ပြည်သူ များအားအမြန်ဆုံးနှင့်ထိရောက်စွာကူညီမှု ပေးနိုင်ရန် တောင်း ဆို လိုက်ကြပြီး သူတို့၏ အမြင်နှင့် သဘောထား များကို ဖေ့ဘုတ် လူမှု ကွန်ရက်မှ တ ဆင့် ပြည် သူလူထု ထံသို့ ပန်ကြား နှိုးဆော်ခဲ့ ကြပါသည်။ 


အီမန် ဇိုင်ဒ် ရှကစ် (Co-founder and faculty member of Zaytuna College in Berkeley, CA.)

အကြမ်းဖက် ဝါဒ ဟာ လူပျော့ လူညံ့ တွေရဲ့ လက်နက်ချည်း သက်သက်ပဲ မဟုတ်ပါဘူး။ ဒါဟာ စိတ်ဓာတ် ရေးရာ အနေနဲ့ မွဲတေ ယုတ်ညံ့ပြီး အသိဉာဏ် ခေါင်ခိုက် သူများရဲ့ လက်နက်လဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မွတ်စလင် တွေအနေနဲ့ ယဉ်ကျေး သိမ်မွေ့ပြီး တရား မျှတမှု လိုလားတဲ့ လူ့အဖွဲ့ အ စည်း တွေနဲ့ လက်တွဲပြီး ဒီလို လုပ်ရပ်မျိုးကို ရှုံ့ချသင့် ပါတယ်။ ဘော်စတွန် မှာပဲဖြစ်ဖြစ်၊ ဘဂ္ဂဒက် မှာ ပဲ ဖြစ်ဖြစ်၊ ဘားမား (မြန်မာ) မှာပဲ ဖြစ်ဖြစ် မည်သည့် နေရာ ဒေသတွင် မဆို ရှုံ့ချရ မည် ဖြစ် ပါသည်။ ကျွန်တော်တို့ အနေနဲ့ ဒီလုပ်ရပ် မျိုးဟာ အစိုးရ ကနေ နောက်ကွယ်က ကြိုးကိုင်တာပဲ ဖြစ်ဖြစ်၊ အ စွန်းရောက် အကြမ်းဖက် သမားတစ်ဦး တစ်ယောက်ရဲ့ လုပ်ရပ်ပဲ ဖြစ်ဖြစ် အားလုံးကို ရှုံ့ချသင့် ပါတယ်။

အကြမ်းဖက် ခံရသူ အပြစ်မဲ့ ပြည်သူ များဟာ မွတ်စလင်၊ ခရစ်ယာန်၊ ဂျူး၊ ဟိန္နူ အစရှိတဲ့ မည်သည့် ဘာသာ အယူဝါဒကို ခံယူသူ ဖြစ်ပါစေ အပြစ်မဲ့ ပြည်သူ များနဲ့ အတူ ရပ်တည်ပြီး ဒီလို အကြမ်းဖက် မှုမျိုးကို မဆိုင်းမတွ ပြင်းပြင်း ထန်ထန် ရှုံ့ချ လိုက်ပါတယ်။ ကုရ်အာန် ကျမ်းရဲ့ (Al-Israa' 17:33) မှာ တိတိ ကျကျကို ပြဋ္ဌာန်း ထားပါတယ်။

စူရတွလ် အစ္စရာ အီလ် ၁၇း၃၃

"၎င်းအပြင် အသင် တို့သည် အလ္လာဟ် အရှင်မြတ်က တားမြစ် ပညတ်ထား တော်မူသော အသက် ဇီဝိန်ကို မှန်ကန်သော အကြောင်း မရှိပဲလျက် သတ်ဖြတ်ခြင်း မပြုကြ ရချေ။" 

ကုရ်အာန် ကျမ်းရဲ့ အခြား နေရာ တွေမှာလည်း ပြဌာန်း ထားပါ သေးတယ်။ မည်သူ တစ်ဦး တစ်ယောက် မဆို အပြစ်မဲ့ လူသား တစ်ယောက်ကို သတ်ဖြတ် ခြင်းဟာ လူသားထု တစ်ရပ်လုံးကို သတ်ဖြတ်ခြင်းနဲ့ ညီ တယ် လို့ ဖော်ပြ လာရှိ ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မွန်မြတ်ပြီး အပြစ်မဲ့တဲ့ လူသား တွေရဲ့ အသက်ကို သတ်ဖြတ် အကြမ်းဖက် ခြင်းမှန်သမျှကို ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချပြီး လူသားထု တစ်ရပ်လုံး အတွက် မလိုလား ဆန့်ကျင်တဲ့ အကြမ်းဖက် ဝါဒကို အမြစ်ပြတ် ချေမှုန်း သင့်ပါတယ်။

ဒေါက်တာ ဝါအီ ရှီဟတ် (Head of the Shari`ah Dept. of OnIslam.net)

ဘော်စတွန် မာရသွန် ဗုံးပေါက် ကွဲမှု ဖြစ်စဉ် သတင်းကို ကျွန်တော် ကြားကြား ချင်းပဲ တုန်လှုပ် သွားခဲ့ပြီး ကမ္ဘာပေါ်ရှိ သန်းပေါင်း မြောက်များ စွာသော မွတ်စလင် များနဲ့ ထပ်တူ ထပ်မျှ ဝမ်းနည်းကြောင်း ပြောချင် ပါတယ်။ လူမဆန် သူရဲဘော ကြောင်ပြီး လူ ၃ယောက် သေဆုံး ၁၄၀ ကျော် ဒါဏ်ရာ ရရှိခဲ့ ရတာဟာ အင်မတန် ကြီးမားတဲ့ပြစ်မှုကြီးဖြစ်ပြီး ဒီလို လုပ် ရပ်ကျူးလွန်သူကို မှတ်လောက် သား လောက်အောင် ပြင်း ထန် စွာ အရေးယူ အပြစ်ပေး သင့်ပါတယ်။

မွတ်စလင် တွေနဲ့ အတူ ဘာသာ ပေါင်းစုံမှ လူများ ပူးပေါင်းပြီး မည်သည့် ဘာသာ မည်သည့် လူမျိုးမဆို အကြမ်းဖက် ခံခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူများ ဘက်မှ ရပ်တည်ကာ ဒီလို လုပ်ရပ်မျိုးကို ရှုံ့ချ ရမည် သာ ဖြစ် ပါတယ်။

အကြမ်းဖက် ဖြစ်စဉ်မှာ ဒဏ်ရာ ရရှိခဲ့သော လူတို့ရဲ့ ကျန်းမာရေး အမြန်ဆုံး တိုးတက် ကောင်းမွန် လာစေ ရန် အတွက်လည်း ကျွန်တော် ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်။ ဒုက္ခရောက် ရသူများကို ကူညီ တဲ့ နေရာမှာ မွတ်စလင်များ အနေဖြင့် နွေးထွေးစွာ ပါဝင် ဆောင်ရွက် ကြဖို့ ကိုလည်း ဆော်ဩ လိုက်ပါ ရစေ။ ဒီနေရာမှာ သွေးလှူဒါန်းရေး လှုပ်ရှားမှု (ကန်ပိန်း) ကို ဦးဆောင် ပေးနေကြတဲ့ အမေရိကန် မွတ်စလင် ခေါင်းဆောင် များကိုလည်း အထူး ကျေးဇူးတင် ရှိပါကြောင်း လေးလေး နက်နက် ပြောကြား ပါရစေ။ 

မွတ်စလင် လူထု အနေနဲ့ အကြမ်းဖက် ခံရသူ ဒုက္ခသည် များကို ကူညီရန် ဆော်ဩ ထားတဲ့ မွတ်စ လင် ခေါင်းဆောင် များရဲ့ စေ့ဆော် ချက်ကို တတတ် တအား လိုက်နာ ပေးကြဖို့ တောင်းဆို ပါတယ်။ ဒါဏ်ရာ ရလူများ အမြန်ဆုံး ကောင်းမွန် လာပြီး သက်တောင့် သက်သာ ဖြစ်စေရန်နဲ့ ကျွန်တော် တို့ နေ ထိုင်ရာ ကမ္ဘာကြီး တစ်ခုလုံး ငြိမ်းချမ်း လုံခြုံဖို့ အလ္လာဟ် အသျှင်မြတ် ထံပါးမှာ ဆု မွန်ကောင်း တောင်း လိုက် ပါတယ် ခင်ဗျာ။

ဒေါက်တာ မိုဟာမက် အဗ္ဗဒူ အဇစ် (Director of the SALAM Islamic Center, Sacramento, California)

ဒီနေ့ ဗုံးပေါက် ကွဲမှုမှာ အသက် ဆုံးရှုံး ခဲ့ရတဲ့ လူများရဲ့ မိသားစု ဝင်များနဲ့ ထပ်တူ ထပ်မျှ ဝမ်းနည်း ရပါကြောင်း ပထမဦးစွာ ပြောချင် ပါတယ်။  ကျွန်တော် အနေနဲ့ မွတ်စလင် များအနေနဲ့ အချင်းချင်း အကြံပြု နေတဲ့ မိမိ အိမ်မှာ ပဲနေပြီး လူအများ ရှိရာကို ရှောင်ရှားဖို့ အကြံပြု နေတာကို ကောင်းကောင်း သိပါတယ်။

ကြည့်ရတာ တော်တော် မှန်မဲ့ပုံပဲ မဟုတ်ဘူးလား? လုံးဝ မဟုတ် ပါဘူး ခင်ဗျာ။ ဒါဟာ မှားယွင်း ပါတယ်။ အခု အချိန်ဟာ ကျွန်တော်တို့ အနေနဲ့ ပိုပြီး အိမ်က အပြင် ထွက်သင့်၊ လူအများနဲ့ ဆုံဆည်း ရာကို သွားသင့် လူတွေနဲ့ ထိတွေ့ သင့်ပါတယ်။ ကျွန်တော် တို့အနေနဲ့ ဆင်ခြင် သင့်သလောက်တော့ ဆင်ခြင် သင့် ပါတယ်။ အဲဒီ အတွက်တော့ အိမ်ထဲ ပုန်းနေစရာ မလိုပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီကိစ္စ အတွက် ကျွန်တော် တို့မှာ ဘာအပြစ်မှ မရှိဘူး။ လောကကြီးမှာ ဖြစ်ပျက် နေတာ အားလုံးဟာ ကျွန်တော် တို့ အပြစ် မဟုတ် သလို ဒါတွေကို မထိတွေ့ ရှောင်ရှားပြီး တော့နေမယ် ဆိုတာမျိုးဟာ မဖြစ်နိုင် ပါဘူး။ မိဘများ အနေနဲ့ ကိုယ့်ရဲ့ ရင်သွေးငယ် များအား ကရာတေး သင်တန်း ပို့လွှတ် ခြင်းကို ရပ်တန့် စရာ မလိုအပ် ပါဘူး။ အိမ်ရှင်မများ အနေနဲ့လည်း မိမိတို့ မိသားစုရဲ့ လိုအပ်ချက် များကို ယခင် အတိုင်း ရဲရဲဝင့်ဝင့် ဈေးဝယ် ထွက်ကြပါ။ ကျောင်းသား များအနေနဲ့ အစ္စလာမ်နဲ့ ပတ်သက်တဲ့ အချက် အလက် တွေကို အတန်း ထဲ ကျောင်းဝင်း ထဲမှာ အများ သိအောင် ပြောပေး ကြပါ။ မိသားစုများ အနေနဲ့လည်း ပန်းခြံထဲ လမ်းလျှောက် ထွက် မဲ့ အစီ အစဉ်ကို ဖျက်ဖို့ မစဉ်းစား ကြပါနဲ့။ ဖေ့ဘုတ် သုံးတဲ့ လူများ အနေနဲ့ မိမိ ကိုယ် ကို အပြစ် တင်တဲ့ စာသား များကို ဖယ်ရှား လိုက်ပါ။ ကိုယ်မလုပ်တဲ့ အပြစ် တစ်ခု အတွက် ကိုယ်တောင်း ပန် စရာ မလိုပါဘူး။ ဘုရား သခင်က လူသား တိုင်းရဲ့ နှလုံးသားမှာ မေတ္တာ တရားနဲ့ အကြင်နာ တရားကို ချီးမြှင့်တော် မူပါစေလို့ ဆုမွန်ကောင်း တောင်းလိုက် ရပါတယ်။

အီမန် အဖ်ဖရွတ် အလီ (Managing Director of Seekers Guidance)

မည်သူ တစ်ဦး တစ်ယောက် မဆို ဘော်စတွန် အတွက် ဆုတောင်း နေလျှင် အာဖဂန် နစ္စတန် အတွက် ဆုတောင်းဖို့ မမေ့ပါနဲ့။ အကယ်၍ တစ်ဦး တစ်ယောက်က အာဖဂန် နစ္စတန် အတွက် ဆုတောင်း နေ လျှင် ဘော်စတွန် အတွက် မမေ့ပါနဲ့။ သင့်ရဲ့ ဘာသာ တရားဟာ လူသား အားလုံး အတွက် ပွင့်လင်း မျှတပြီး ကြင်နာမှု ဖြစ်စေတဲ့ ဘာသာ ဖြစ်ပါတယ်။

ရှိတ်ဝါလစ် ဘက်စ်ယူနီ (Member of the Assembly of Muslim Jurists in America (AMJA)

အပြစ်မဲ့ လူကြီး ကလေး တွေကို တိုက်ခိုက်တဲ့ ဘော်စတွန် တိုက်ခိုက် မှုဟာ အကြင်နာ တရား ကင်းတဲ့ လုပ်ရပ် ဖြစ်တယ်။ အကြမ်းဖက် မှုဟာ ဘော်စတွန် မှာဖြစ်ဖြစ် ဘဂ္ဂဒက် ပဲဖြစ်၊ ဘားမား (မြန်မာ) မှာပဲ ဖြစ်ဖြစ် သို့မဟုတ် ဆီးရီးယား မှာပဲ ဖြစ်ဖြစ် အရုပ်ဆိုးကာ အကျည်းတန် လွန်းပါတယ်။

မူဖူသောင် အဒေးဝလီ အိုလာလီရေး (Shari`ah Dept. Editor, OnIslam.net)

ဘော်စတွန် တိုက်ခိုက်မှု သတင်း ကျွန်တော် ကြားပြီး အင်မတန် မှပင် တုန်လှုပ် သွားရ ပါတယ်။ ဒီဖြစ်ရပ်ဟာ အင်မတန်မှ ဝမ်းနည်း စရာ ကောင်းပါတယ်။။ ဒီမာရသွန် ပြေးပွဲဟာ ငြိမ်းချမ်း ရေးကို အားပေးတဲ့ လုပ်ရပ် ဖြစ်တယ်။ ကျွန်တော်တို့ မွတ်စလင် လူထု တစ်ရပ် အနေနဲ့ အကြမ်းဖက် မှုကို ရှုံ့ချပြီး မွတ်စလင် တွေဟာ ငြိမ်းချမ်း မှုကို လိုလားတဲ့ လူတွေ ဖြစ်ပြီး အခုလို အကျည်း တန်တဲ့ လုပ်ရပ်မျိုး ကို လက်မခံပဲ ပြတ်ပြတ် သားသား ကြေငြာချက် ထုတ်ခဲ့တဲ့ အတွက် အင်မတန်မှ နှစ်ထောင်း အားရ ဖြစ်မိ ပါတယ်။ အလ္လာဟ် အရှင်မြတ် ထံတော်ပါး၌ ဒီဖြစ်ရပ်မှာ ဓားစာခံ ဖြစ်ရတဲ့ လူတွေ အပေါ် ကြင်နာမှု အပေါင်း ခညောင်း ပါစေလို့ ဆုတောင်း မေတ္တာ ပို့သ လိုက်ရ ပါတယ် ခင်ဗျာ။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus