နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်ဒို နီးရှားတွင် ရိုဟင်ဂျာ ဒုက္ခသည် ၉ ဦး ထိန်းသိမ်း ခံရ


RB News 
18.4.2013 

ဘန်ယု ၀န်ဂီ ။ ။ ဘန်ယု ၀န်ဂီ အပန်းဖြေ စခန်း ရဲတပ်ဖွဲ့ အကြီးအကဲ မှ ဗုဒ္ဓဟူး နေ့က ရိုဟင်ဂျာ ဒုက္ခသည် ကိုးဦးကို ဖမ်းဆီး ထိန်းသိမ်း လိုက်ကြောင်း ပြောကြား လိုက်ပါတယ်။ 

“သူတို့ကို Nodhlotul Khodirin မှာရှိတဲ့ မွတ်စလင် ဘော်ဒါ ကျောင်းမှာ ရှာတွေ့ ခဲ့တယ်” လို့ အဆိုပါ ရဲ အ ရာရှိက သတင်းထောက် တွေကို ပြောကြား ခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့ ကထိန်းသိမ်း ခံလိုက်ရတဲ့ ရိုဟင်ဂျာ ကိုးဦးဟာ စနေနေ့ (ဧပြီလ ၁၃ ရက်) ကထိန်းသိမ်း ခံလိုက် ရတဲ့ ရိုဟင်ဂျာ ၅၅ ဦး အုပ်စု ထဲက လူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ အချိန်တုန်းက ဒီကိုးဦး က ရှောင် တိမ်း ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီ ကိုးဦးက Siliragung မှာရှိတဲ့ တောအုပ် ထဲမှာ ပုန်းရှောင် နေခဲ့ ပြီးတော့ ကျောင်းကိုပြန်လာခဲ့ တာဖြစ် ပါ တယ်။ “အဲဒီ လူတွေ ကျောင်းကို ပြန်လာတာ သတင်းရလို့ သွားပြီး ဖမ်းဆီး ခဲ့တာ ဖြစ်တယ်” လို့ ရဲအရာရှိက ဆိုပါတယ်။ 

ရိုဟင်ဂျာ ဒုက္ခသည် ကိုးဦးကို ဘန်ယု ၀န်ဂီ အပန်းဖြေ စခန်းက ရဲစခန်းကို ခေါ်လာပြီး စစ်ဆေး ပြီး တဲ့နောက် Jember မှာရှိတဲ့ လူဝင်မှု ကြီးကြပ် ရေးရုံးကို လွှဲပြောင်း ပေးခဲ့တယ်။ ဘန်ယု ၀န်ဂီ အပန်းဖြေ စခန်းမှာ ရှိတဲ့ ရဲစခန်း ကနေ ရိုဟင်ဂျာ ဒုက္ခသည် ၆၈ ဦး ထိန်းသိမ်း ခဲ့တယ်လို့ အင်ဒို နီးရှားက သတင်း ဌာန တစ်ခု ဖြစ်တဲ့ Tempo ကရေးသား ဖော်ပြ ထားပါတယ်။

Comment ရေးရန်

Rohingya Exodus