နောက်ဆုံးသတင်း/ဆောင်းပါးများ

၁၉၄၂ ခု အာရ်ကန် ဒေသတွင် အစုလိုက် အပြုံလိုက် လူမျိုးတုန်း သတ်ဖြတ်မှု (အပိုင်း ၁)


မဟာမင်းခန့်
RB News
19.4.2013

ခရစ် သက္ကရာဇ် ၁၈၂၅ ခုနှစ်တွင် အာရ်ကန် ဒေသသည် အင်္ဂလိပ် လက်အောက်သို့ ကျရောက် ခဲ့စဉ်က ထိုဒေသရှိ စုစုပေါင်း လူဦးရေမှာ တစ်သိန်းခန့် ဖြစ်ပြီး ရခိုင် (မော့ဂ်) ၆ သောင်း၊ ရိုဟင်ဂျာ (မဟာမေဒင်) ၃ သောင်း၊ ဗမာ ၁ သောင်း ခန့် ဖြစ်သည်။ ၁၈၃၅ ခုနှစ်သို့ ရောက်သော အခါ စုစုပေါင်း လူဦးရေမှာ ၂၁၁၅၃၆ ဦးသို့ တိုးပွားလာပြီး၊ ၁၈၄၅ ခုနှစ်တွင် ၃၀၉၆၀၈ ဦးသို့ လည်းကောင်း၊ ၁၈၅၅ ခုနှစ်တွင် ၃၆၆၃၁၀ ဦးသို့ လည်းကောင်း အသီးသီး တိုးပွား လာခဲ့သည်။ ၁၈၃၁ ခုနှစ်တွင် Akyab ခေါ် စစ်တွေ ခရိုင်၏ လူဦးရေမှာ ၉၅၀၉၈ ဦး ဖြစ်ပြီး၊ ၁၈၃၂ ခုနှစ်သို့ ရောက်သော အခါ လူဦးရေ ၁၀၉၆၄၅ ဦးသို့ တိုးပွား လာခဲ့ပြီး၊ နောင်နှစ် များတွင် လူဦးရေ လျင်မြန်စွာ တိုးပွား လာခဲ့ကြောင်း သိရသည်။ 

သက္ကရာဇ် ၁၉၀၁ ခုနှစ်တွင် စစ်တွေ ခရိုင်၌ နေထိုင်သော ရိုဟင်ဂျာ မွတ်ဆလင် ဦးရေသည် ၁၅၄၈၈၇ ဦးဖြစ်ပြီး၊ ၁၉၁၁ ခုနှစ် သန်းခေါင် စာရင်း ကောက်ခံချက် အရ ရိုဟင်ဂျာ မွတ်ဆလင် ဦးရေသည် ၁၇၈၆၄၇ ဦးသို့ တိုးပွား လာပြီး၊ ရခိုင် Maugh ဦးရေမှာ ၂၀၉၄၃၂ ဦး ဖြစ်သည်။ ၁၉၂၁ ခုနှစ် သန်းခေါင် စာရင်း ကောက်ခံချက် အရ အရည်းကြီး ဘာသာ အယူ ၀ါဒ ကိုးကွယ်သူ၊ ဟိန္ဒူ၊ မွတ်ဆလင်၊ ခရစ်ယန်နှင့် အခြား ကိုးကွယ်သူ လူဦးရေ စုစုပေါင်းမှာ ၅၇၆၄၃၀ ဦးဖြစ်ပြီး၊ ၎င်းထဲမှ ရိုဟင်ဂျာ မွတ်ဆလင် ၂၀၈၉၆၁ ဦးဖြစ်၍ ဗုဒ္ဓဘာသာ ကိုးကွယ်သူ များဖြစ်သော ရခိုင်၊ ရှမ်း၊ ဗမာနှင့် ဘရ၀ါ ခေါ် မြန်မာကြီး လူမျိုး တို့၏ ဦးရေမှာ ၃၁၅၁၄၀ ဦးဖြစ်သည်။ 

၁၉၁၁ ခု လူဦးရေ စာရင်း ကောက်ခံချက် အရ ရခိုင် လူမျိုး တို့သည် ဦးရေ အားဖြင့် ၃၀၂၁၇ သို့ ကျဆင်း သွားပြီး၊ ရိုဟင်ဂျာ မွတ်ဆလင် တို့ကမူ ၂၃၇၆၀ သို့ တိုးပွား လာခဲ့သည်။ အကြောင်း ရပ်မှာ ရိုဟင်ဂျာ မွတ်ဆလင် အမျိုးသား တို့သည် အစ္စလာမ် သာသနာသို့ ကူးပြောင်း လာသော အခြား ဘာသာဝင် များနှင့် ထိမ်းမြား ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤကပြား မွတ်ဆလင် တို့သည် တစ်ဖန် အခြား ဘာသာ ကိုးကွယ် သူများနှင့် ထိမ်းမြား လက်ထပ်၍ အစ္စလာမ် သက်ဝင် ယုံကြည်သူ များဖြစ် လာကာ အစ္စလာမ် ဘာသာ ကိုးကွယ်သူ မွတ်ဆလင် ဦးရေ တစ်ဟုန်တိုး တိုးပွား လာခဲ့သည်။ အခြား တစ်ဖက်က ကြည့်လျှင် အာရ် ကန် ဒေသတွင် အေဒီ ၁၀ ရာစု မတိုင်မီက နေထိုင်သော လူမျိုး များသည် ယခု ရခိုင် လူမျိုး တစ်ဦး တစ်လေ များပင် မရှိခဲ့သော ဘင်္ဂါလီ ဟိန္ဒူ များသာ ဖြစ်သော်လည်း အေဒီ ၉၅၇ တွင် အာရ် ကန် ဒေသ အား `တိဗက်တို - ဘားမန်း´ တို့ ချင်းနင်း ၀င်ရောက် လာပြီး၊ နဂို ဒေသခံ ဘင်္ဂါလီ ဟိန္ဒူ များနှင့် လွတ် လပ်စွာ ထိမ်းမြား လက်ထပ် ရာမှ စတင်၍ ရခိုင် လူမျိုး တည်းဟူသော လူမျိုးစု အသစ် တစ်ရပ်လည်း စ တင် ပေါ်ပေါက် ခဲ့ကြောင်း သမိုင်း အထောက် အထား များအရ သိရှိ ခဲ့ရသည်။ 

ထိုအချိန် မှစ၍ သက္ကရာဇ် ၁၇၈၄ ခုနှစ်တွင် အင်းဝ ဘုရင် ဘိုးတော်ဘုရား အာရ်ကန် ပြည်ကို မသိမ်းပိုက် ခင်အထိ ရခိုင်မင်း၊ ရခိုင် နိုင်ငံအဖြစ် သမိုင်း တစ်ခေတ် ထင်ရှား ခဲ့သော်လည်း၊ အာရ်ကန် ဒေ သသည် အေဒီ ၉၅၇ မတိုင်မီ အထိ ဘင်္ဂါလီ ဟိန္ဒူများ အုပ်ချုပ်သော ဒေသ ဖြစ်ကြောင်း Maurice Calis ကဆိုသည်။ အစ္စလာမ် သာသနာသည် မွတ်ဆလင် အမျိုးသား များအား တစ်ဦးထက် ပိုသော အမျိုးသမီး ၄ ဦးအထိ ထိမ်းမြား ပိုင်ခွင့်ကို ခွင့်ပြု ထားသည်။ ၁၉၃၁ ခုနှစ် လူဦးရေ သန်းခေါင် စာရင်း အထောက် အထား များအရ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အကြား မွတ်ဆလင် အမျိုးသား၊ အမျိုးသမီးနှင့် ရခိုင် အမျိုးသား၊ အမျိုးသမီး တို့၏ အသက် အပိုင်း အခြား အလိုက် အိမ်ထောင်ပြု ခဲ့သည် များကို အောက်ပါ ဇယားအား လေ့လာခြင်း အားဖြင့် မွတ်ဆလင် တို့သည် အသက် ငယ်ရွယ်စဉ်ကပင်အိမ်ထောင် ပြုခြင်း နှင့် တစ်ဦးထက် ပိုသော အမျိုး သမီးများ လက်ထပ် နိုင်ခြင်း တို့ကြောင့် ဒေသခံ ရိုဟင် ဂျာ မွတ်ဆလင်များ တိုးပွား လာရခြင်း ဖြစ်ကြောင်းကို သိနိုင်သည်။ ၁၉၃၁ ခုနှစ် သန်းခေါင် စာရင်း အရ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်ကြား မွတ်ဆလင် အမျိုးသမီးနှင့် ရခိုင် အမျိုးသမီး တို့၏ အိမ်ထောင်ပြု ခဲ့မှု စာရင်းကို ထောက်ပြ ရလျှင် မွတ်ဆလင် အမျိုးသမီး ဦးရေ ၁၀၀၀ လျှင် ၄၅၆ ဦး အိမ်ထောင်ပြုပြီး ဖြစ်သော်လည်း ရခိုင် အမျိုးသမီး ဦးရေ ၁၀၀၀ လျှင် ၁၄၁ ဦးသာ လက်ထပ် ခဲ့ကြောင်း တွေ့ရသည်။ အခြား အသက် အပိုင်း အခြား နှစ်ခု ဖြစ်သော ၁၇ -၂၃ နှစ်နှင့် ၂၃ -၂၄ နှစ်တို့၏ အိမ်ထောင်ပြု မှုဇယားကို ကြည့်လျှင် လည်း မွတ်ဆလင် တို့၏ မွေးဖွား နှုန်းသည် ရခိုင် လူမျိုး တို့၏ မွေးဖွား နှုန်းထက် များစွာ သာလွန် ကြောင်းတွေ့ ရသည်။
မွတ်ဆလင် ရိုဟင်ဂျာ တို့နှင့် ရခိုင် လူမျိုးတို့ လက်ထပ်၍ မွေးဖွား လာသော သွေးနှော တို့သည် အစ္စလာမ် ဘာသာကို ကိုးကွယ် လာကြသည်။ အထက် ဖော်ပြပါ ဇယားကို လေ့လာခြင်း အားဖြင့် ရိုဟင်ဂျာ လူမျိုးများ နှစ်စဉ် တိုးပွား လာသည်ကို တွေ့ရသည်။ ဤသို့ လူဦးရေ တိုးပွား လာခြင်း အပေါ် ရခိုင် လူမျိုးများ စိတ်မချမ်း မသာ ဖြစ်ကာ မျက်စိ ဒေါက်ထောက် ကြည့်နေ ခဲ့သည်။ ထိုအချိန် မှစ၍ ရခိုင် တို့သည် ရိုဟင်ဂျာ များအား မိမိတို့ ဇာတိ မြေမှ အပြီး အပိုင် မောင်းထုတ် နိုင်ရန် ၁၉၄၂ ခုနှစ် မတိုင်ခင် အထိ ကြိုးပမ်း သော်လည်း မအောင်မြင် ခဲ့ပေ။ သို့ရာတွင် မြန်မာ နိုင်ငံ အစိုးရက `ဆင်းမလား´ သဘော တူညီ ချက်မှ နှုတ်ထွက် ခဲ့သည့် အချိန်နှင့် ဂျပန် ဖက်ဆစ်တို့ မရောက်ခင် စပ်ကြား ကာလ အတွင်း ရခိုင် လူမျိုး တို့သည် ရိုဟင်ဂျာ လူမျိုးများ အပေါ် အကွက်ဆင် ကလိမ်ကျ မကောင်း ကြံသည့် လူမျိုးရေး အဓိကရုဏ်း ပေါ်ပေါက်ရန် အခွင့် အရေး တစ်ခု ကြုံကြိုက် ခဲ့သည်။ ဂျပန် တို့သည် စစ်တွေ မြို့ပေါ် ဗုံးကြဲ နေစဉ်နှင့် အိန္ဒိယ - ဗြိတိသျှ စစ်တပ်တို့ အာရ်ကန် မြောက်ဒေသမှ ဆုတ်ခွါ နေစဉ် အတွင်း ရခိုင် သခင် များဟု လူသိ များသည့် ရခိုင် သောင်းကျန်းသူ တို့သည် အာရ်ကန် ဒေသ တစ်ခု လုံးတွင် အဓိကရုဏ်း အုပ်စုများ ဖွဲ့စည်း၍ အသင့် ပြင်ဆင် ထားလေသည်။ အိန္ဒိယ - ဗြိတိသျှ တပ်တို့ တပ်ဆုတ် သွားရခြင်း သည်ပင်လျှင် ရခိုင် အဓိကရုဏ်း ဖန်တီး လိုသူများ အတွက် ၎င်းတို့ အပေါ် တွန်းလှန် တန်ပြန် နှိမ်နှင်း နိုင်သည့် တရားဝင် အစိုးရ မရှိ သဖြင့် ရခိုင် သောင်းကျန်းသူ တို့သည် ရိုဟင်ဂျာ လူမျိုး တို့အား ရက်ရက် စက်စက် သတ်ဖြတ်ရန် အတွက် လက်ရဲ ဇက်ရဲ ဖြစ်ခဲ့သည်။ 

ထိုစဉ်က အာရ်ကန် တိုင်းကို အင်္ဂလိပ် မဟာ မင်းကြီး လက်အောက်မှ တာဝန်ယူ လွှဲပြောင်း ယူခဲ့သော အာရ်ကန် တိုင်းတာဝန်ခံ ဒု - မဟာမင်းကြီး ဦးကျော်ခိုင်သည် မွတ်ဆလင် ရိုဟင်ဂျာ များထံမှ လက်နက် များကို သိမ်းယူ၍ ရခိုင် တို့အား လွတ်လပ်စွာ ဖြန့်ဝေ ပေးခဲ့သည်။ လိုင်စင် ပါမစ်ဖြင့် ယူဆောင် ထားသော ရိုဟင်ဂျာ တို့၏ လက်နက် များအား သိမ်းယူ၍ ရခိုင် တို့ကို ဝေငှ ပေးသဖြင့် လက်နက် ကိုင်နှင့် လက်နက်မဲ့ လူတန်းစား နှစ်ရပ် ပေါ်ပေါက် လာကာ ရခိုင် တို့သည် ရိုဟင်ဂျာ တို့အား စိတ်တိုင်းကျ ချယ်လှယ် သတ်ဖြတ် နိုင်ခဲ့၍ ရိုဟင်ဂျာ မွတ်ဆလင် တို့သည် အကာ အကွယ်မဲ့ အကူ အညီမဲ့ ဖြစ်ခဲ့ ကြသည်။ 

ကျောင်းအုပ်ကြီး `ဦးဇိုင်နူဒိန်´၏ မှတ်တမ်း အရ ဆိုလျှင် `ဒု-မဟာမင်းကြီး ဦးကျော်ခိုင် သည် ဗြိတိသျှ အစိုးရ၏ တရားဝင် ကိုယ်စားလှယ် တော်ကြီး ဖြစ်ခဲ့သည့် အားလျော်စွာ သူသည် အာရ်ကန် တိုင်း၏ အရှေ့ အနောက် တောင်မြောက် အရပ် ဒေသ များသို့ လွတ်လပ်စွာ သွားလာပြီး မွတ်ဆလင် ရိုဟင်ဂျာ တို့ထံမှ သိမ်းဆည်း ရခဲ့သော လက်နက် များကို မင်းပြား၊ မြို့ဟောင်း၊ ကျောက်တော်နှင့် ဘူးသီးတောင်မြို့ များရှိ ရခိုင် တို့အား ဖြန့်ဝေ ပေးခြင်းဖြင့် မွတ်ဆလင် ရိုဟင်ဂျာ များကို ရက်စက်စွာ သတ်ဖြတ် စေခဲ့သည်´ ဟုဆို ထားသည်။ ထိုသို့သော ဦးကျော်ခိုင်၏ စိတ်နေ သဘောထားနှင့် အပြု အမူသည် ရိုဟင်ဂျာ မွတ်ဆလင်တို့ အပေါ် ကာကွယ် စောင့်ရှောက် ပေးရန် စိုးစဉ်းမျှ မတွေး တောခဲ့ကြောင်း သမိုင်း သက်သေ များအရ သိရှိ ရသည်။ 

၁၉၄၂ ခု မတ်လတွင် ရခိုင် တို့သည် ဦးကျော်ခိုင် စီစဉ် ပေးသော လက်နက်ဖြင့် ရိုဟင်ဂျာ တို့အား သတ်ဖြတ်သော လူသတ်ပွဲကြီး စတင် ပါတော့သည်။ ရခိုင် အယူသည်း တို့သည် ရိုဟင်ဂျာများ မိမိ တို့ နေ ထိုင်ရာ ဒေသမှ `ကျူပင်ခုတ်၊ ကျူငုတ် မကျန်´ ဆိုသည့် အတိုင်း လူမျိုးပြုတ် မျိုးတုန်း သွားစေရန် ရည် ရွယ် ခဲ့သည်။ ရခိုင် တို့သည် ကရင် တပ်ပြေး များမှလည်း လက်နက်များ လက်ခံ ရရှိခဲ့ပြီး ၎င်းတို့အား ရိုဟင်ဂျာ လူမျိုး သတ်ဖြတ် ပွဲတွင် ပါဝင် ဆင်နွဲရန် စည်းရုံး ခဲ့သည်။ ထိုသတ်ပွဲ ကြီးကို မြေပုံ မြို့နှင့် ကျောက်ဖြူ ခရိုင် ဒေသ များမှ စတင် ခဲ့သည်။ ၁၉၅၉ ခု စက်တင် ဘာလ ၁၇ ရက်နေ့ ပါလီမန် အ စည်း အဝေး တစ်ခုတွင် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့တို့ဖြင့် သီးခြား ခရိုင် တစ်ခု ဖွဲ့စည်း ရေးကို ဆန့်ကျင်သော မင်းပြား မြို့နယ် ပါလီမန် အမတ်ဟောင်း `ဦးချစ်ပ´ ဆိုသူသည် လူသတ်ပွဲ အဓိက ရုဏ်းကို ရခိုင် တို့်ကသာ စတင် ခဲ့သည်ဟု ၀န်ခံ ခဲ့သည်။ ထိုလူသတ်ပွဲ တွင် ထောင်သောင်း များ စွာသော တစ်နည်း အားဖြင့် ဦးရေ ရှစ်သောင်း ထက်မနည်းသော ရိုဟင်ဂျာ များသည် ဂရုဏာ မဲ့စွာ သတ်ဖြတ် ခြင်းခံခဲ့ရသည်။ ကျောက်တော်၊မြို့ဟောင်း၊ ပေါက်တော၊ပုဏ္ဏားကျွန်း၊မင်းပြား၊ရသေ့တောင်နှင့်   မြေပုံမြို့ တို့တွင် ဘိုးဘွား ဘီဘင် လက်ထက် ကပင် နေထိုင် လာခဲ့သော ထိပ်သီး မွတ်ဆလင် တို့သည် လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွား မှုကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် စစ်တွေမြို့ စသည့် မြို့နေရာ အသီးသီးတွင် ထွက်ပြေး ခိုလှုံ ခဲ့ရပြီး၊ တစ်ချို့ သည်လည်း စစ်တကောင်း ခရိုင် အထိ ထွက်ပြေး သွားခဲ့ ရသည်။ ၎င်းတို့ ထဲမှ ဒုက္ခသည် နှစ်သောင်းခန့် တို့ကို အိန္ဒိယ နိုင်ငံ `ရာန်ပူရ် ခရိုင်ရှိ ရှူဘိရ် နာဂါးရ်´ ဒုက္ခသည် စခန်းတွင် နေထိုင် စေခဲ့သည်။ 

အပြန် အလှန် အားဖြင့် မောင်တော၊ ဘူးသီးတောင် မြို့များသို့ အသက်ရှင် ထွက်ပြေး တိမ်းရှောင် လာသော ရိုဟင်ဂျာ မွတ်ဆလင် တို့သည်လည်း ရခိုင် တို့ကို လက်တုန့် ပြန်လိုခဲ့ ကြသော်လည်း ရခိုင် လူမျိုး များသည် ကျောက်တော်နှင့် မြို့ဟောင်း မြို့များ ဖက်သို့ အချိန်မီ ထွက်ပြေး တိမ်းရှောင် နိုင် ခဲ့ပြီး၊ မောင်တော မြို့မှ ရခိုင် လူမျိုး တို့အား အိန္ဒိယ နိုင်ငံရှိ `ဒီမါ့ဇ်ပူရ်´ ဒုက္ခသည် စခန်းသို့ ရွှေ့ပြောင်း စေ ခဲ့သည်။ထို့ကြောင့် ကျောက်တော်၊မြို့ဟောင်း၊ ပေါက်တော၊ပုဏ္ဏားကျွန်း၊မင်းပြား၊ရသေ့တောင်နှင့် မြေပုံမြို့ များတွင် သတ်ဖြတ် ခံရသော ရိုဟင်ဂျာ တို့နှင့် နှိုင်းယှဉ် လျှင် မောင်တော၊ ဘူးသီးတောင် နယ်တစ်ဝိုက် တွင် သတ်ဖြတ် ခံရသော ရခိုင် ဦးရေမှာ မပြော ပလောက်ပေ။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံး သောအခါ အိန္ဒိယ နိုင်ငံ `ဒီမာ့ဇ်ပူရ်´ ဒုက္ခသည် စခန်းရှိ ရခိုင် များအား မိမိတို့ မူရင်း ဌာနေ ဘူးသီးတောင် ၊ မောင်တော နယ်မြေ များတွင် နေရာချ ထားပေး ခဲ့သည်။

(အပိုင်း (၂) ဆက်လက် ဖော်ပြ ပါမည်)

Comment ရေးရန်

Rohingya Exodus