April 16, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အစိုးရ ကိုယ်စားလှယ် အဖွဲ့ စစ်တွေမြို့ ရပ်မိ ရပ်ဖ များနှင့် တွေ့ဆုံ


RB News 
20.4.2013 

စစ်တွေ ။ ။ ယမန်နေ့ (ဧပြီလ ၁၉ ရက်) က စစ်တွေမြို့ ဗန္ဓုလ ခန်းမတွင် ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့မှ ရခိုင်နှင့် ရိုဟင်ဂျာလူမျိုး ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အဆိုပါ ဆွေးနွေး ပွဲတွင် ရခိုင် လူမျိုးများ ဖက်မှ ရှေ့နေ ဦးသာပွင့်၊ ဦးမောင်ညွန့်စိန် အပါအ၀င် ၁၅ ဦးနှင့် တွေ့ဆုံခဲ့ပြီး၊ အစိုးရ ကိုယ်စားလှယ် အဖွဲ့မှ ရိုဟင်ဂျာ များနှင့် အတူ ယှဉ် တွဲ နေထိုင်ရေး ကို ဆွေးနွေးရာ ရခိုင် များဘက်မှ မွတ်စလင် များနှင့် လုံးဝ အတူ ယှဉ်တွဲ မနေထိုင် နိုင်ကြောင်း တင်ပြ ခဲ့သည်ဟု သိရသည်။ 

ထို့နောက် ရိုဟင်ဂျာ များဖက်မှ ဦးရွှေဇံအောင်၊ ဦးရွှေလှ၊ ဦးအောင်သိန်း ပါဝင်သော ကိုယ်စားလှယ် ၁၅ ဦးနှင့် တွေ့ဆုံ ခဲ့သည်။ အစိုးရ ကိုယ်စားလှယ် အဖွဲ့မှ ယခု လက်ရှိ ဒုက္ခသည် စခန်းများ ရှိနေသည့် နေရာ များတွင် ဒုက္ခသည် များအတွက် ဆေးရုံ၊ ကျောင်း၊ ဈေး၊ ဆိပ်ကမ်းနှင့် နေအိမ် များ ဆောက် လုပ် ပေးသွား မည် ဖြစ်ကြောင်း၊ မွတ်စလင် ဒုက္ခသည် များကို ထိုနေရာတွင် နေထိုင်၍ မူလ နေရာများ သို့ ပြောင်းရွှေ့ခွင့် မတောင်းရန် တက်ရောက် လာသော ကိုယ်စားလှယ် များ၏ သဘောထားကို တောင်းခံ ခဲ့သည်။ တက်ရောက် လာသည့် ကိုယ်စားလှယ် များမှ အောင်မင်္ဂလာ ရပ်ကွက်တွင် နေထိုင်သူ ဦးရွှေလှ တစ်ဦး တည်း မှသာ သဘော တူကြောင်း ပြောကြားပြီး ကျန်သည့် ၁၄ ဦးမှ သဘော မတူ နိုင်ကြောင်း ပြောကြား ခဲ့သည်။ ထိုစဉ်မှာပင် ဆွေးနွေးပွဲ ကိုရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အခမ်း အနားသို့ အောင်မင်္ဂလာ ရပ်ကွက်မှ ၅ ဦး၊ သက္ကပြင် ဒုက္ခသည် စခန်းမှ ဒေသခံ ၅ ဦးနှင့် အခြား မြို့နယ်မှ ဒုက္ခသည် ၅ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။ အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဆောင်ပြီး၊ နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးတင်နိုင်သိန်း၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဦးစီး ဌာန ညွန်ကြား ရေးမှူးချုပ် ဦးမောင်သန်း တို့ပါဝင်သည်။ 

“ကျွန်တော်တို့ မိဘ ဘိုးဘွားနေ လာတဲ့ နေရာကို အကြမ်းဖက် မီးရှို့ခံ ရတယ်။ ကျွန်တော် တို့ရဲ့ ဆွေမျိုးတွေ လည်း အသတ်ခံ ရတယ်။ ကျွန်တော် တို့ရဲ့ အိုးအိမ် စည်းစိမ် တွေလုယက် ခံခဲ့ ရတယ်။ အခု ဒုက္ခသည် စခန်းမှာ ဒုက္ခပေါင်းစုံနဲ့ နေနေ ရတာ တစ်နှစ် လောက်ရှိတော့ မယ်။ ကျွန်တော် တို့ရဲ့ မူရင်း နေရာ မှာဘဲ ကျွန်တော်တို့ ပြန်နေ ချင်တယ်။” ဟု ဒုက္ခသည် တစ်ဦးမှ RB News သို့ ပြောပါသည်။ 

“ရခိုင် တွေနဲ့ ကျွန်တော်တို့ အတူ ယှဉ်တွဲ နေလာတာ ဟိုဘိုးဘွား ဘီဘင် လက်ထက် ကတည်းကပါ။ အခုမှ နိုင်ငံရေး သမား တွေရဲ့ နိုင်ငံရေး အမြတ် ထုတ်ဖို့ မဟုတ်တမ်း တရားတွေ ၀ါဒ ဖြန့်ပြီး လူမျိုးစု နှစ်ခုကြား အမုန်းတွေ ဖြစ်အောင် လုပ်ပြီး ကြားထဲက ကျွန်တော်တို့ ဓါးစာခံ ဖြစ်နေ ရတယ်။” ဟု ၎င်းက ဆက်လက် ပြောပါသည်။ 

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဧပြီလ ၁၇ ရက်) က လေပြင်း တိုက်ခတ်ပြီး စစ်တွေမြို့ ဒုက္ခသည် စခန်းများရှိ ယာ ယီ တဲများ ပြိုကျ ပျက်စီး ခဲ့သည်။ အဆိုပါ တဲအများ စုမှာ ဒုက္ခသည် များကိုယ်တိုင် မိမိ တို့၏ အစီ အ စဉ်ဖြင့် ဆောက်လုပ် ထားခြင်း ဖြစ်ပြီး၊ ပြိုကျ ပျက်စီး ပြီးနောက် မိမိ တို့၏ အစီအစဉ် ဖြင့်သာ ပြန် လည် ဆောက်လုပ် နေရကြောင်း သိရသည်။ 

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ရိုဟင်ဂျာ များကို ဒုက္ခသည် စခန်းတွင် ထား၍ တတိယ နိုင်ငံ ပို့မည်ဟု လွန်ခဲ့သည့် နှစ် ဇူလိုင်လ တွင်ပြောဆို ခဲ့ရာ ယခု အစိုးရ ကိုယ်စားလှယ် အဖွဲ့၏ ဆွေးနွေးမှု မှာလည်း ဦးသိန်းစိန် ပြောဆို ခဲ့သည်နှင့် တိုက်ရိုက် ပတ်သက် နေကြောင်း ဒုက္ခသည် အများစုက ပြော ဆို နေကြသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus