နောက်ဆုံးသတင်း/ဆောင်းပါးများ

၁၉၄၂ ခု အာရ်ကန် ဒေသတွင် အစုလိုက် အပြုံလိုက် လူမျိုးတုန်း သတ်ဖြတ်မှု (အပိုင်း ၂)


မဟာမင်းခန့်
RB News
21.4.2013

အပိုင်း (၁) မှ အဆက်

မစ္စတာ အဒူလ် ဂဖ္ဖါရ်နှင့် ရိုဟင်ဂျာ အရာရှိ ကြီးများသည် ထိုစဉ်က မြို့တာဝန်ခံ များဖြစ် ပေရာ၊ ရခိုင် လူ မျိုး တို့အား ပြန်လည် နေရာ ချထား ပေးရာတွင် အားသွန် ခွန်စိုက် ပါဝင် ဆောင်ရွက်ပေးခဲ့သည်။ ရ ခိုင် တောင် ပိုင်း ဒေသ တွင် လူသတ်ပွဲ ကြောင့် အောက် ဖော်ပြပါ ဇယား တွင် ပြထား သည့် အတိုင်း ရိုဟင် ဂျာ များ နေ ထိုင်ရာ မြို့နယ် ကိုးမြို့နယ်မှ ကျေးရွာပေါင်း ၃၀၇ ရွာကို ရခိုင်တို့က လုံးဝ နီးပါး ဖျက်ဆီးပစ် ခဲ့ သည်။ မောင်တောနှင့် ဘူးသီးတောင် မြို့နယ် များမှ ကျေးရွာ များကိုမူ ရိုဟင်ဂျာ တို့က သိမ်းပိုက် နိုင် ခဲ့ပြီး၊ ပြန်လည် နေထိုင် နိုင်ခဲ့သည်။ စစ်ပြေး တစ်ချို့ ရိုဟင်ဂျာ ဒုက္ခသည် တို့သည် မူ ရင်း နေ ထိုင် ခဲ့ ရာ ဒေသများ (ခုနှစ် မြို့နယ်) သို့ ပြန်လည် နေထိုင်ရန် ကြိုးစား ခဲ့သော် လည်း ရခိုင် လူမျိုး များက ခွင့် မ ပြုခဲ့ပေ။တားဆီး ပိတ်ပင်မှု များကြောင့် ရိုဟင်ဂျာညီနောင် အများစုနေထိုင်ရာ ဘူးသီး တောင် နှင့် မောင်တော နယ်မြေ များသို့ ခိုလှုံ နေထိုင် ခဲ့ရ လေသည်။ ထွက်ပြေး လာသော ရိုဟင် ဂျာ တို့ ၏ အိုး အိမ် လယ်ယာမြေ ကျွဲနွား တိရစ္ဆာန် များကို မတရား သိမ်းပိုက် ထားသော ရခိုင် လူမျိုး တို့ သည် ရိုဟင်ဂျာ လူမျိုး တို့၏ ဥစ္စာ ပစ္စည်း များစွာဖြင့် ယခု အချိန်ထိ သက်တောင့် သက်သာ ပျော်ရွှင် ချမ်းမြေ့စွာ အသက် မွေး ၀မ်းကျောင်း ပြုနေသည့် အပြင်၊ သိမ်းပိုက်ခံ ရိုဟင်ဂျာ တို့၏ အိုးအိမ် လယ်ယာမြေ များကို စွန့်လွှတ် ပေး အပ်ရန် မည်သည့် အခါမှ မစဉ်းစား တော့ပေ။
ယခု အချိန်ထိ ရိုဟင်ဂျာ ဒုက္ခသည် ခြောက်ထောင် ခန့်သည် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ စစ်တကောင်း ခရိုင်တွင် ပျံ့နှံ့စွာ နေထိုင် လျက်ရှိသည်။ အဘယ်ကြောင့် ဆိုသော် ဒု - မဟာ မင်းကြီး ဦးကျော်ခိုင် သည် ထိုဒုက္ခ သည် များကို လက်ခံရန် ခါးသီးစွာ ငြင်းပယ် ခဲ့သည့်အပြင် ထိုစဉ်က ဒုက္ခသည် များပြန်လည် လက် ခံရေး စေ့စပ် ဆွေးနွေးရန် ရောက်ရှိ လာသော အိန္ဒိယ ကိုယ်စား လှယ်တော် ကြီး `မစ္စတာ ဂါန်ဒီ ဗီးယား´ ၏ မြန်မာ ဒုက္ခသည်များ သယ်ဆောင် လာမည့် မီးသင်္ဘော ကိစ္စ ဆွေးနွေး ကမ်းလှမ်း လာသည် ကိုလည်း အလွန် ခါးသီးစွာ ငြင်းပယ် ခဲ့သည်။ အမှန် စင်စစ် အိန္ဒိယ နိုင်ငံသည် မြန်မာ ဒုက္ခသည် များကို ကြာရှည်စွာ မထိန်းသိမ်း နိုင်သည့် အပြင် ဒုက္ခသည် စခန်း ကိုလည်း ပိတ်ပင် ခဲ့သည်။ 

ရိုဟင်ဂျာ လူမျိုးများ ရက်ရက် စက်စက် အကြင်နာ မဲ့စွာ သတ်ဖြတ် ခံရမှုနှင့် ပတ်သက်၍ `အန်သော်နီ အိရ်ဝင်း´ သည် "စစ်ပွဲ စတင် မဖြစ်ပွား ခင်က အာရ်ကန် ပြည်တွင် ရိုဟင်ဂျာ မွတ်ဆလင် များနှင့် ရခိုင် လူမျိုးတို့ အတူ ယှဉ်တွဲ နေထိုင်ခဲ့ ကြသည်။ ၁၉၄၁ ခုနှစ်တွင် လူမျိုးရေး ဂိုဏ်းနှစ်ဂိုဏ်း ပေါ်ထွက် လာပြီး စစ်မက် ဖြစ်ပွား ခဲ့သည်။ ၎င်းစစ်ပွဲ ကြောင့် ရခိုင် လူမျိုး တို့သည် ရခိုင်ပြည် တောင်ပိုင်း ဒေသကို လွှမ်းမိုး ထားနိုင် ခဲ့ပြီး၊ ရိုဟင်ဂျာ တို့သည် မြောက်ပိုင်း တွင် စွဲမြဲစွာ နေထိုင် လာခဲ့သည်။ လူသတ် ပွဲတွင် ရိုဟင်ဂျာ ကျေးရွာ များကို လက်နက် အင်အား သာလွန်သော ရခိုင် လူမျိုးတို့က ကြိုက်သလို ချယ်လှယ် စိုးမိုး ထားနိုင် ခဲ့စဉ် ရိုဟင်ဂျာ တို့သည် အလွန့် အလွန် ၄ ပေ အထိသာ ရှည်လျားသော ဓါးရှည် တို့ဖြင့် ခုခံခဲ့ ရသဖြင့် ရိုဟင်ဂျာ တို့အထိနာ သွေးချောင်း စီးခဲ့ရသည်။ ရိုဟင်ဂျာ တို့သည် ခေတ်မီ ရိုင် ဖယ် သေ နတ် ကောင်းများဖြင့် စနစ် တကျ ဖွဲ့စည်း တည်ထောင် ထားသော ရခိုင် တို့၏ လူမျိုးရေး အဓိကရုဏ်း တိုက်ပွဲကို မည်သို့မျှ မယှဉ်ပြိုင် နိုင်သဖြင့် အသက်ပေါင်း မြောက်မြားစွာ ဆုံးရှုံးခဲ့ ရသည်။ သို့သော် ရခိုင် သခင်ဆိုး များသည် ရိုဟင်ဂျာ အများစု နေထိုင်ရာ မြောက်ပိုင်း ဒေသသို့ ချဉ်း ကပ် လေ တိုင်း ဒေသနေ အမာခံ တို့နှင့် ထိပ်တိုက် ရင်ဆိုင် ရသဖြင့် ရခိုင် လူမျိုး တို့ ရှေ့မ တိုး နိုင် ပဲ နောက်ဆုတ် ခဲ့ရသည်။ ရခိုင်နှင့် ရိုဟင်ဂျာ တို့ တစ်ဦးချင်း ယှဉ်ပြိုင် ရင်ဆိုင် တိုက်ခိုက် ရာတွင် ရခိုင် တို့သည် ရိုဟင်ဂျာ တို့နှင့် မည်သို့မျှ ရင်ဆိုင် နိုင်စွမ်း မရှိခဲ့ပါ" ဟု ရိုဟင်ဂျာ တို့၏ သတ္တိကို ချီး ကျူး ပြောကြား ခဲ့သည်။ 

ထိုပဋိပက္ခ ကြောင့် အာရ်ကန် မြောက်ပိုင်း ဒေသကို လွှမ်းမိုး သော ရိုဟင်ဂျာ များနေ ထိုင်ရာ ဒေ သနှင့် တောင်ဖက် ပိုင်းကို လွှမ်းမိုးသော ရခိုင် လူမျိုးများ နေထိုင်ရာ ဒေသ အဖြစ် သိသာ ထင်ရှားသော ထူးခြား အင်္ဂါရပ် တစ်ခု သဖွယ် တွေ့မြင် လာရသည်။ မောင်တော၊ ဘူးသီးတောင် နယ်မြေ တစ်ဝိုက်သည် ရိုဟင်ဂျာ များလွှမ်းမိုး သောဒေသ ဖြစ်သဖြင့် ပြည်ထောင်စု ပါလီမန် ရွေးကောက်ပွဲ အတွက် ရခိုင်များ မည်သို့မျှ မထိုးဖောက် နိုင်သဖြင့် ရိုဟင်ဂျာ များအပေါ် မကောင်းမြင် ၀ါဒဖြင့် အချဉ် ပေါက်လာ ခဲ့သည်။ 

၁၉၄၈ ခုနှစ်တွင် ထိုစဉ်က လူနည်းစု ၀န်ကြီး ဖြစ်ခဲ့သော ရခိုင် လူမျိုး ဦးဘိုးညိုသည် ရိုဟင်ဂျာနှင့် ရခိုင် လူမျိုးများ အကြား နေရာ ဖလှယ် ပြောင်းရွှေ့ နေထိုင်ရေး အတွက် ကြိုးပမ်း အားထုတ်ခဲ့လေသည်။ ထို့ကြောင့် သူသည် နိုင် ငံတော် ၀န်ကြီးချုပ် ထံသို့ ရို ဟင်ဂျာ လူမျိုး ကိုးသောင်း ခန့်ကို ရခိုင် လူမျိုး အများ စု တို့နေ ထိုင်ရာ တောင် ပိုင်း ဒေသ သို့ ရွှေ့ပြောင်း နေထိုင် စေခြင်းဖြင့် နောင် တစ်ချိန် ရိုဟင်ဂျာ အများ စု နေထိုင် ရာ ရခိုင် မြောက်ပိုင်း ဒေသ အား အရှေ့ ပါကစ္စတန်နှင့် ပေါင်းစည်း လိုက ပေါင်းစည်း လိုသော ရိုဟင်ဂျာ တို့၏ စိတ်ကူးဥာဏ် အကြံ အစည်မှ ကြိုတင် ကာကွယ် နိုင်မည်ဟု ယူဆ ရသော စာတမ်းကို အစိုးရထံ လျှောက်ထား တင်ပြ ခဲ့သည်။ ဤနည်း အားဖြင့် ရခိုင် လူမျိုး အမျိုးသား ရေးဝါဒီ တို့ သည် နိုင်ငံတော် အစိုးရ ထံပါးတွင် ပက်စက် ယုတ်မာသော ကူလီ ကူမာ လုပ်ရပ် များကို လုပ်ကြံ ဖန်တီး၍ နောင်တစ်ချိန် အစိုးရက ပံ့ပိုး ကူညီသော အော်ပရေးရှင်း အမျိုးမျိုးကို လုပ်ကြံ ဖန်တီး ဆင်နွဲ စေ ကာ ရိုဟင်ဂျာ တို့အား ဘိုးဘွားပိုင် နယ်မြေမှ ထွက်ပြေး တိမ်းရှောင်၊ တစ်ဖြည်းဖြည်း လျော့နည်း လုံးပါးပါး သွားစေရန် တစ်နည်း၊ လူမျိုးပျောက် အမျိုးတုံး သွားစေရန် စီမံကိန်း အသွယ်သွယ် ချမှတ် ဆောင်ရွက် ခဲ့လေသည်။ 

ဤသို့ ရခိုင် လူမျိုးများ တင်ပြ လာသော အကြောင်း အရာကို ဦးနု အစိုးရ AFPFL က စိတ်ဝင် တ စား ဖြစ်လာပြီး၊ မောင်တော မြို့နယ် `သူလာ သူလီ´ ကျေးရွာတွင် ဘိုးစဉ် ဘောင်ဆက် က တည်း က နေထိုင် လာခဲ့သော ရိုဟင်ဂျာ များကို အမြစ် ဖြတ်ချေမှုန်း၍ အရှေ့ ပါကစ္စတန်နှင့် အခြား နေ ရာ ဒေ သများမှ ခေါ်ဆောင် လာသော ရခိုင် များကို အစားထိုး နေရာချ ထားပေးပြီး၊ ရိုဟင်ဂျာ လူမျိုးများ ကျန်ရစ် ခဲ့သော လယ်ယာမြေ၊ အိုးအိမ်၊ ကျွဲနွား တိရစ္ဆာန် များနှင့် အခြား ကိုယ်ပိုင် ပစ္စည်း များကို ရခိုင် လူမျိုး တို့အား ခွဲဝေ ပေးခဲ့သည်။ ထို့ကြောင့် ရိုဟင်ဂျာ တို့သည် နိုင်ငံတော် အစိုးရ ကဦးစီး၍ ဆောင်ရွက် ခဲ့သော မတရားမှု ကိုခံခဲ့ရသည့် အပြင် မိမိ တို့ပိုင် ဥစ္စာ ပစ္စည်းများ လည်း လက်လွှတ် ဆုံးရှုံး ခဲ့ရ လေသည်။ 

ထိုနည်း လည်းကောင်းပင် ရခိုင် လူမျိုး စည်းလုံး ညီညွှတ်ရေး အသင်း ANUO မှ ရခိုင် အမျိုးသား ရေးဝါဒီ တို့သည် ရိုဟင်ဂျာ များကိုယ်ပိုင် အခွင့် အရေးနှင့် ပတ်သက်၍ နိုင်ငံတော်အား စဉ်ဆက် မပြတ် ကုန်းတိုက် ဆန့်ကျင် ပြောဆို ခဲ့သူများ ဖြစ်ခဲ့သည်။ ဥပမာ အားဖြင့် ပြောရလျှင် ဗိုလ်ချုပ် နေ၀င်း အစိုးရ၏ အစီ အစဉ် အရ နတ်မြစ် တစ်လျှောက်နှင့် နယ်စပ် ဒေသတွင် နေထိုင်သော ရိုဟင်ဂျာ လူမျိုး တို့၏ ကျေးရွာ ပေါင်း ၂၀၀ ကို အာရ်ကန် အတွင်းပိုင်း ဒေသသို့ ရွှေ့ပြောင်း စေကာ ၎င်းလစ်လပ် သွားသော ရိုဟင်ဂျာ ကျေးရွာ များတွင် ထိုလူ ဦးရေနှင့် ညီမျှသော ရခိုင် များကို အာရ်ကန် ပြည်အနှံ့ ဒေသ များမှ ရွှေ့ပြောင်း နေ ထိုင် စေမည်ဟု ရခိုင် အမျိုးသားရေး ၀ါဒီ တို့ဖက်မှ သွားပုတ် လေလွှင့် သတင်း ထုတ်လွှင့် ခဲ့သည်။ ၎င်း အပြင် အရှေ့ ပါကစ္စတန် နိုင်ငံမှ တရား မ၀င် မှောင်ခို ကူးသန်း ရောင်းဝယ် မှုနှင့် လူစိမ့် ၀င်လာ မှုတို့ကိုလည်း တားဆီး နိုင်ရန် အလို့ငှာ မုတ်သုံ ရာသီ ပြီးနောက် နတ်မြစ် နယ်စပ်ကို ပိတ်ပစ် လိမ့်မည်ဟု သတင်း ထွက်လာ ခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ မစ္စတာအဒူလ်ဂဖ္ဖါရ်နှင့် အခြား ရိုဟင် ဂျာ ခေါင်းဆောင် များက ဗိုလ်ချုပ် နေ၀င်း အိမ်စောင့် အစိုးရ၏ ပြည်ထဲရေး ဌာန ၀န်ကြီး ဦးခင်မောင်ဖြူ အား တွေ့ ဆုံ မေးမြန်း သောအခါ ၎င်းမှ နိုင်ငံတော် အစိုးရ ထံတွင် ဤသို့ အစီ အစဉ် မရှိပါ ကြောင်းနှင့် ယခု ကဲ့သို့ မဟုတ် မမှန် သတင်း ပျံ့နှံ့ နေခြင်းမှာ ရခိုင် အမျိုးသားရေး ၀ါဒီ တို့၏ လှုပ်ရှားမှု တစ်ရပ် သာဖြစ် သည်ဟု ပြောဆို ခဲ့သည်။ 

လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားမှု၏ အကျိုးဆက် အဖြစ် ရိုဟင်ဂျာ လူမျိုး ပေါင်းများစွာ တို့သည် ဆော်ဒီ အာရေဗျာ နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် ခိုလှုံ ခဲ့ရပြီး၊ ၁၉၄၉ ခုနှစ်နှင့် ၁၉၅၀ ခုနှစ် စပ်ကြား ကာလ အတော အတွင်းလည်း လူသုံးသောင်း ကျော်တို့သည် ယခင် အနောက် ပါကစ္စတန် နိုင်ငံသို့ ရခိုင် လူမျိုး တို့၏ ရက်စက် သတ်ဖြတ်မှု အပေါင်းမှ တိမ်းရှောင် ထွက်ပြေး ခဲ့လေသည်။ လူမျိုးရေး အဓိ ကရုဏ်း သည် ရခိုင် (မော့ဂ်) `BTF’ ခေါ် ဗမာပြည် နယ်စပ် ဒေသ ကွပ်ကဲ ထိန်းသိမ်းရေး တပ်ဖွဲ့ကြောင့် အရှိန် အ ဟုန် မြင့်တက် လာခဲ့ပြီး၊ ရခိုင် အမျိုးသား ပုလိပ် တို့ဖြင့်လည်း အားဖြည့် ခဲ့သည်။ ဥပဒေ ပုဒ်မ (၅) (POPA) အ ရ ဖမ်းဆီး ထိန်းသိမ်း ထားခံရသော ရိုဟင်ဂျာ သက်ကြီး ရွယ်အိုများ ဖြစ်သော ဘူးသီးတောင် မြို့နယ်၊ ကံညိုပြင် ကျေးရွာမှ `မစ္စတာ အာဇ်ဟားရ် ဟူဆိန်´ နှင့် မောင်းတော မြို့နယ်၊ ကာစာ ရီ ဘီလ် ကျေးရွာမှ `ဦးမော်တီ ရာ့ဟ်မန်´ တို့ထံမှ အတင်း အဓမ္မ ငွေညှစ်ခြင်း ခဲ့ပြီး နောက်ပိုင်းတွင် သတ်ဖြတ်ခြင်း ခံခဲ့ ရသည်။ 

ထို့အပြင် ၁၉၃၄ ခုနှစ်တွင် ရသေ့တောင် မြို့နယ် တွင်လည်း ရိုဟင်ဂျာ များအပေါ် အဓိကရုဏ်း ဖန်တီးကာ သတ်ဖြတ် ပွဲတစ်ခု ဖြစ်ပွား စေခဲ့သည်။ ၎င်းဖြစ်ရပ် အတွက် စစ်တွေ မြို့ပေါ်မှ ရခိုင် (မော့ဂ်) ခေါင်းဆောင် တစ်ချို့ ၀မ်းနည်း ကြေကွဲကြောင်း ထုတ်ဖော် ပြောဆို ခဲ့သည်ကို ရိုဟင်ဂျာ လူထု တစ်ရပ် လုံး၏ စိတ်နှလုံး ထဲတွင် ယခု ထက်တိုင် ကြားနေ မြင်နေ ဆဲပင် ဖြစ်သည်။ 

ဤနည်း အားဖြင့် ရခိုင် အမျိုးသားရေး ၀ါဒီ တို့သည် ရိုဟင်ဂျာ တို့အား သုတ်သင် ရှင်းလင်း၍ မလုံလောက် သေးသည်ဟု ယူဆ သဖြင့် နိုင်ငံ တော် အစိုးရမှ `လ၀က´ နှင့် ဆက်နွှယ် နေသည့် လူဦးရေ စီစစ်ရေး စစ်ဆင်ရေး ဆင်နွှဲ စေကာ ၁၉၅၉ ခု ဇူလိုင်လနှင့် သြဂုတ်လတွင် မောင်တော မြို့နယ်မှ ရိုဟင်ဂျာ တစ်သောင်း သုံးထောင်ခန့်နှင့် ဘူးသီးတောင် မြို့နယ်မှ တစ်သောင်း ခန့်လောက်ကို တစ် ဖက် နိုင် ငံသို့ နှင်ထုတ် နိုင်ခဲ့သည်။ ရခိုင် လူမျိုး တို့သည် ရိုဟင်ဂျာ တို့နှင့် စပ်လျဉ်း၍ ဤသို့ လူမဆန် ယုတ်မာ ပက်စက်သည့် မကောင်းကြံ စိတ်ဓါတ် များကို အစဉ် မွေးထုတ်ကာ နိုင်ငံတော် အစိုးရအား အချိန် အခါ အားလျော်စွာ မလိမ့် တပတ် မဆီ မဆိုင် တင်ပြ လာခဲ့သော တိုင်ကြား ချက်မျာ ကြောင့် နိုင်ငံတော် အစိုးရ က လည်း မလွှဲ မရှောင်သာ ရိုဟင်ဂျာ တို့အပေါ် စစ်ဆင်ရေး အမျိုးမျိုး ဆင်နွှဲကာ ရခိုင် အမျိုးသားရေး ၀ါဒီ တို့၏ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်ရေး တိုက်ကွက်တွင် အစဉ် တစိုက် ပါဝင် ဆင်နွှဲ ခဲ့လေသည်။ ဘင်္ဂလား ရောက် ရိုဟင်ဂျာ လူမျိုး တို့သည် ယခု အချိန်ထိ ဌာနေ ပြန်နိုင် ရေး ကို စောင့် ဆိုင်း နေ ဆဲပင် ဖြစ်သည်။ 

ကျမ်းကိုး 

1. Maurice Collis: Into Hidden Burma 
2. Mr. Zaimuddin: Political Development in Burma. 
3. Mr. A. Ghaffar: Press Conference given on the 21th April, 1960. 
4. Anthony Irwin: Burmese Outpost 
5. Memorandum presented to the Regional Autonym Enquiry Commission by S. Ahmed 
6. The Nation Daily dated 8th July, 1959 
7. Mr. A.Ghaffar: Address Presented to U Nu on 10-3-50 at Maungdaw 
8. Mr. Zaimuddin: A Cursory Survey of Muslims’ Position in Akyab District (Unpublish)

Comment ရေးရန်

Rohingya Exodus