နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့တွင် ဖမ်းဆီးမှုများ ထပ်မံပြုလုပ်နေ


RB News 
29.4.2013 

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့တွင် ဧပြီလ (၂၆) ရက်နေ့က ဖြစ်ပျက် ခဲ့သည့် အဖြစ် အပျက် များနောက် ပိုင်းတွင် ယမန်နေ့ (ဧပြီလ ၂၈ ရက်) နေ့ထိ ရိုဟင်ဂျာ (၇) ဦးကို ဖမ်းဆီး ထားခဲ့သည်။ 

ယနေ့ နံနက် ၁၁ နာရီ ခန့်တွင် ရဲတပ်ဖွဲ့ဝင် များတင်ဆောင် ထားသော ကားနှစ်စီး လာရောက်ပြီး သက္ကေပြင် ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ (၆) ဦးကို ဖမ်းဆီး၍ ကားဖြင့် တင်ဆောင် သွားရန် ပြုလုပ် ခဲ့ သည်။ ဒေသခံ ဒုက္ခသည် များမှ မတရား သဖြင့် ဖမ်းဆီးခြင်းကို ကန့်ကွက် ကြရာ၊ ကားပေါ် တင် ထားသော (၆) ဦးကို ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရ ပါသည်။ 

“၁၁ နာရီ လောက်မှာ ထရပ်ကား အကြီးကြီး နှစ်စီး အပြည့် ရဲတွေ ရောက်လာတယ်။ ပြီးတော့ ရိုဟင်ဂျာ ဒုက္ခသည် ၆ ယောက်ကို ဖမ်းပြီး ကားပေါ် တင်တယ်။ ဒုက္ခသည် တွေအားလုံးက ဒီလို မတရား သဖြင့် ဖမ်းတာကို လုံးဝ လက်မခံ နိုင်ဘူး ဆိုပြီး ပြန်လွှတ်ဖို့ တညီ တညွှတ်ထဲ အော်ကြ တယ်။ အဲဒါနဲ့ ခေါ်သွားဖို့ ကားပေါ်တင် ထားတဲ့ ၆ ယောက်လုံး ကိုပြန်လွှတ် ပေးလိုက်တယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြော ပါသည်။ 

တစ်ဖန် နေ့လည် ၂ နာရီ ခန့်တွင် တန်းလျား ဆောက်လုပ်ရန် အင်ဂျင်နီယာ များနှင့် ရဲတပ်ဖွဲ့ဝင် ထပ် မံ ရောက် ရှိလာသည့် အခါ -- 

“တန်းလျား ဆောက်ဖို့ အင်ဂျင်နီယာ တွေနဲ့ အတူ ရဲတွေ ထပ်ရောက် လာတယ်။ ရဲတွေ မြင်တာနဲ့ ကလေး တွေအားလုံး ၁၅၀၀ လောက်ရှိမယ်။ ကလေးတွေက “ရိုဟင်ဂျာ၊ ရိုဟင်ဂျာ” လို့အော်ပြီး ဆန္ဒပြ တယ်။ ရဲက ကလေး တစ်ယောက်ကို ဖမ်းပြီး ခေါ်သွားတယ်။ သက္ကေပြင် ရောက်တော့ အဲဒီ ကလေးကို ကားပေါ်ကနေ ချပေးပြီး ထားခဲ့တယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။

ဖမ်းဆီး သွားပြီး ပြန်လွတ် လာသော ကလေးမှာ ၁၀ နှစ် အရွယ် အဗ်ဒူ ကရီးမ် (ဘ) ဦးအစ္စမိုင်လ် ဖြစ်သည်။

နေ့လည် ၄ နာရီ ခန့်တွင် ရဲများ ပြန်လည် ရောက်ရှိလာပြီးဦးလှမြင့်(ဘ)ဦးကျော်မြင့်ကိုဖမ်းဆီးသွားကြောင်း သိ ရပါသည်။ 

“ညနေ ၄ နာရီ လောက်မှာ ရဲတွေထပ် ရောက်လာတယ်။ သောကြာနေ့က ဖမ်းခံ ထားရတဲ့ ဦးကျော်မြင့် ရဲ့သား ဦးလှမြင့်ကို ဖမ်းသွားတယ်။ အခုဆိုရင် ဖမ်းခံ ထားရတာ ၈ ယောက်ရှိ သွားပြီ။” ဟု သက္ကေပြင်မှ ရွာသား တစ်ဦးမှ RB News သို့ပြော ပါသည်။

Comment ရေးရန်

Rohingya Exodus