နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ နိုင်ငံ လူမျိုးရေး ပဋိပက္ခ G8 စိုးရိမ်ပူပင်


ဗွီအိုအေ မြန်မာပိုင်း
11.04.2013 

မြန်မာ နိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး တိုးတက် လာတဲ့ အပေါ် ကြိုဆိုပေမဲ့ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခ တွေဆက်ရှိ နေတဲ့ အပေါ်မှာ စိုးရိမ် တယ်လို့ G8 စက်မှု အင်အားကြီး ၈ နိုင်ငံ ကပြောလိုက် ပါ တယ် ၊ မြန်မာ နိုင်ငံမှာ လာရောက် ရင်းနှီး မြှပ်နှံ ကြဖို့ အတွက် မြန်မာ အစိုးရရဲ့ ကမ်းလှမ်း ဖိတ်ခေါ်မှု အပေါ်မှာ G8 နိုင်ငံ ခြားရေး ဝန်ကြီးတွေ လက်ခံ စဉ်းစားတဲ့ အကြောင်းနဲ့ လိုအပ်တဲ့ အကူ အညီတွေ ပေး သွားဖို့ အဆင်သင့် ရှိတဲ့ အကြောင်း ညီလာခံ အပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ အိမ်ရှင် ဗြိတိန် နိုင်ငံ ခြားရေး ဝန်ကြီး William Hague က ပြောခဲ့ ပါတယ်။

ဒါပေမဲ့ မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းမှု ရှိဖို့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင် ရွက်ဖို့ လိုအပ်တယ် ဆိုတာကို G8 နိုင်ငံခြားရေး ဝန်ကြီးတွေ က အလေးပေး ပြောလိုတဲ့ အကြောင်း ကိုလဲ Mr. Hague ကပြော ကြား သွား ခဲ့ပါတယ်၊ G8 နိုင်ငံခြား ရေးဝန်ကြီး တွေဆွေးနွေး အပြီး ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ လဲ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ ခိုင်မာဖို့၊ တရား ဥပဒေ စိုးမိုးဖို့နဲ့ လူအခွင့် အရေး အခြေ အနေ တိုးတက်ဖို့ အတွက် သက်ဆိုင် သူတွေ အားလုံးရဲ့ပံ့ပိုးမှုနဲ့ အစိုးရရဲ့ ဆောင်ရွက် ချက်တွေ ကို ကျေနပ်တယ် လို့ ပြော ကြား ထားပါတယ်။

ဒါပေမဲ့ မြန်မာ နိုင်ငံမှာ အကြမ်းဖက်မှု အားလုံး ရပ်သွားဖို့ လူနည်းစု တွေရဲ့ ရပိုင်ခွင့် တွေကို လေးစား လိုက်နာ ဖို့နဲ့ အားလုံး ပါဝင် နိုင်တဲ့ ငြိမ်းချမ်းရေး ညှိုနှိုင်းမှု တွေလုပ်ဖို့ အတွက်ကို နောက်ထပ် ဆောင်ရွက် သွားဖို့ စက်မှု အင်အားကြီး ၈ နိုင်ငံက တိုက်တွန်း ထားပါတယ်။ မြန်မာ နိုင်ငံမှာ ရှိနေ သေးတဲ့ အရေး ကြီး တဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင် ဖြေရှင်းတဲ့ နေရာမှာ ကူညီ သွားဖို့ အခိုင် အမာ ရည်ရွယ် ထားကြောင်းနဲ့ သူ တို့ ပေးတဲ့ ကူညီ ထောက်ပံ့ မှုတွေကို လိုအပ် နေတဲ့ သူတွေ လက်ထဲ တကယ် ရောက်အောင်လို့ တခြား အလှုရှင် တွေနဲ့ အနီးကပ် ဆောင်ရွက် သွားမယ် လို့လဲ ပြောပါတယ်။ 

မြန်မာ နိုင်ငံမှာ ရင်းနှီး မြှပ်နှံမှုနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလား အလာ ကောင်းတွေ ရှိ လာတာကို ကြိုဆိုတဲ့ တချိန် ထဲမှာပဲ၊ ရင်းနှီး မြှပ်နှံမှု သစ်တွေ၊ ဖွံ့ဖြိုးရေး အစီ အစဉ်သစ် တွေကလဲ ပြည်သူတွေ အ တွက် အကျိုးရှိဖို့ အတွက် နိုင်ငံ တကာ စည်းမျဉ်း စည်းကမ်းတွေ အတိုင်း ကိုက်ညီအောင် ဆောင်ရွက် မယ်လို့ မျှော်လင့် တဲ့အကြောင်း လန်ဒန် မြို့တော်မှာ ကျင်းပခဲ့တဲ့ G8 စက်မှု အင်အားကြီး နိုင်ငံ နိုင် ငံခြားရေး ဝန်ကြီးတွေရဲ့ ညီလာခံ ကြေညာ ချက်ထဲမှာ ဖော်ပြ ထားပါတယ်၊ G8 နိုင်ငံ တွေထဲမှာ ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ကနေဒါနဲ့ Russia နိုင်ငံတွေပါဝင်ပါတယ်။

Comment ရေးရန်

Rohingya Exodus