နောက်ဆုံးသတင်း/ဆောင်းပါးများ

အတင်း အဓမ္မ ဘင်္ဂလီ ဇတ်သွင်းမှုကြောင့် လ၀ကနှင့် ဒုက္ခသည်များ ပဋိပက္ခ ဖြစ်ပွား

RB News 
26.4.2013 

စစ်တွေ ။ ။ လွန်ခဲ့သည့် တစ်ပတ် ခန့်မှစ၍ စစ်တွေ မြို့နယ် အုပ်ချုပ် ရေးမှူးရုံးမှ စစ်တွေ မြို့နယ် အတွင် မွတ်စလင် ဒုက္ခသည် စခန်းများရှိရာသို့ ကားများဖြင့် လှည့်လည်၍ လူဦးရေ စာရင်း ကောက်ခံမည့် အကြောင်း ကို အသံချဲ့စက် များဖြင့် ကြေညာ ပြောဆိုခဲ့ရာ ၂၆.၄.၂၀၁၃ မှ ၁၅.၆.၂၀၁၃ နေ့ထိ ရက်ပေါင်း (၅၀) ကောက် ယူ သွားမည် ဖြစ်ကြောင်း လမ်းကမ်း စာစောင် များကိုပါ ဖြန့်ဝေ ခဲ့သည်။ 

လက်ကမ်း စာစောင်တွင် ရေးသား ထားသော “ဘင်္ဂလီ ကိုယ်စားလှယ်” ဟူသော အသုံး အနှုန်းကို ရိုဟင်ဂျာ မွတ်စလင် လူထု တစ်ရပ်လုံးမှ လက်မခံ နိုင်ကြောင်း အပတ်စဉ် စစ်တွေမြို့ “စခန်း စီမံခန့်ခွဲမှုရုံး” ၌ တရားဝင် ပြုလုပ်သော အစည်း အဝေးတွင် တင်ပြ ခဲ့ပါသည်။ 

ယနေ့ (၂၆.၄.၂၀၁၃) နံနက် ၉ နာရီ ခန့်တွင် စစ်တွေ မြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများသို့ လူဦးရေ စာ ရင်း ကောက်ရန်ဟု အကြောင်း ပြကာ ဘင်္ဂလီ လူမျိုး ဇတ်သွင်းရန် အတင်း အဓမ္မ အားထုတ် ကြိုးပမ်းမှု တစ် ရပ်ကို လ၀က၊ နစက၊ လုံထိန်း၊ စစ်တပ်၊ မြို့နယ် အုပ်ချုပ်ရေး၊ RNDP ကိုယ်စားလှယ် များ ပါ ၀င် သောအဖွဲ့မှ စတင် ပြုလုပ် ခဲ့ပါသည်။ 

ထို့နောက် ဒုက္ခသည် စခန်း အသီးသီးမှ ဒုက္ခသည်များ မခံမရပ် နိုင်ဖြစ်ကာ မိမိတို့မှာ ဘင်္ဂလီ မ ဟုတ်ကြောင်း၊ ရိုဟင်ဂျာ လူမျိုး ဖြစ်ကြောင်း ဆန့်ကျင် ဆန္ဒပြ ကြသည်။ 

ထိုစဉ် ဘုမေ ခွဆုံ အနီး စစ်ဆေးရေး အဖွဲ့မှ ဒေသခံ ရိုဟင်ဂျာ အိမ်များကို ၀င်ရောက်ပြီး ဘင်္ဂလီ လူဦးရေ စာ ရင်း ကောက်မည်ဟု ပြောရာ ဘုမေရှိ ဒေသခံ ရိုဟင်ဂျာ များမှ ဘင်္ဂလီ လူမျိုး အဖြစ် စစ်ဆေး မ ခံနိုင်ကြောင်း ငြင်းဆို ပြောဆို သဖြင့် ထိုစစ်ဆေးရေး အဖွဲ့များ ရပ်ကွက် အတွင်းမှ ထွက်သွား ခဲ့သည်။ 

ထို့နောက် သဲချောင်း (သံပိုင်ညာ) ဒုက္ခသည် စခန်းသို့ စစ်ဆေးရေး အဖွဲ့များ ရောက်လာရာ စခန်းအတွင်းမှ ဒုက္ခသည် ကလေးများနှင့် အမျိုးသမီး များထွက်လာ ကြပြီး မိမိတို့သည် ဘင်္ဂလီ လူမျိုး မဟုတ်ကြောင်း၊ ရိုဟင်ဂျာ လူမျိုးအဖြစ်သာ စစ်ဆေးခံနိုင်မည် ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ကြသည်။ ထို့ကြောင့် စစ်ဆေးရေး အဖွဲ့မှ စစ်ဆေးမှု မပြုလုပ်ဘဲ ထွက်ခွာ သွားခဲ့သည်။ 

ဒါးပိုင်ရွာ တွင်လည်း သဲချောင်း ကဲ့သို့ပင် ဖြစ်ပေါ် ခဲ့သည်။ 

နံနက် ၁၀ နာရီ ခန့်တွင် ဘောဒူဖ ဒုက္ခသည် စခန်းသို့ ဘင်္ဂလီ လူဦးရေ စစ်ဆေးရန် ၀င်ရောက် လာသော အဖွဲ့အား စခန်းရှိ ကလေးများနှင့် အမျိုးသမီး များက လက်မခံ နိုင်ကြောင်း ၂ နာရီခန့် ကြာအောင် ဆန္ဒဖော် ထုတ်ခဲ့သည်။ ထို့နောက် ဘောဒူဖ ဒုက္ခသည် စခန်းနှင့် သက္ကေင်္ပြင် ကျေးရွာ တို့တွင် ဒေသခံများ၊ ဒုက္ခသည် များနှင့် စစ်ဆေးရေး အဖွဲ့တို့ အကြား အငြင်းပွားမှု များဖြစ်ပွားပြီး ရုန်းရင်း ဆန်ခတ် ဖြစ်ကြရာ ရဲနှင့် နစက များမှ သေနတ် မိုးပေါ် ထောင်လျက် အချက် (၂၀) ခန့် ပစ်ပြီး လူအုပ် အတွင်းသို့ပါ ပစ်ခတ်ရာ ဘောဒူဖ ဒုက္ခသည် စခန်းမှ (၁၅) နှစ် အရွယ် လူငယ် တစ်ဦး ဖြစ်သူ “မိုဟာမတ် အလီ (ဘ) ဦးကဘီရ် အဟမတ်” ကို ကျည်ဆန် ထိမှန် သွား၍ ဒဏ်ရာ ပြင်းထန်စွာ ရသွား ခဲ့သည်။ ဒဏ်ရာ ပြင်းထန် စွာရသော်လည်း ဆေးကုသမှု ခံယူရန် အခက် အခဲဖြစ် နေကြောင်း သိရသည်။ 

စစ်ဆေးရေး အဖွဲ့များသည် သင်္က္ကေပြင် ကျေးရွာတွင် စာသင်ကျောင်း အနီးမှ ရိုဟင်ဂျာ အိမ်တစ်အိမ်ကို ၀င်ပြီး မိသားစု များကို ခေါ်ကာ ထိုအထဲမှ လူငယ် တစ်ဦးအား လူဦးရေ စာရင်း မေးမြန်းစဉ် လူမျိုး နေ ရာတွင် ဖြည့်ရန် “ရိုဟင်ဂျာ” လူမျိုးဟု ပြောသဖြင့် လ၀က အရာရှိ တစ်ယောက်မှ ရိုဟင်ဂျာ ဟု ပြောရ မည်လား ဟုဆိုပြီး ပါးရိုက် သဖြင့် ဒေသခံ များနှင့် ဒုက္ခသည် များမှ မခံ မရပ်နိုင် ဖြစ်ပြီး ရုန်းရင်း ဆန် ခတ် ဖြစ်ကာ ထိုစစ်ဆေးရေး အဖွဲ့အား ခဲများဖြင့် ပစ်ပေါက် ခဲ့သည်။ စစ်ဆေးရေး အဖွဲ့များ ထွက်ပြေး စဉ် အမြောက် တပ်မှ တပ်သား တစ်ဦး လမ်းတွင် ခလုတ် တိုက်မိပြီး ကတ္တရာ လမ်းမ ပေါ် တွင် မှောက် ရက် သား လဲကျ၍ နှာခေါင်းနှင့် မေးစေ့ ကွဲပြီး သွေးထွက် သံယို ဖြစ်ခဲ့သည်။ ကျန်သော စစ်ဆေးရေး အဖွဲ့ဝင် အချို့ လည်း ခဲထိမှန်၍ ဒဏ်ရာ အနည်း အကျဉ်းစီ ရသည်ဟု သိရသည်။ 

ထို့နောက် တစ်နာရီခန့် အကြာတွင် လုံထိန်း တပ်သားများ၊ စစ်သားများနှင့် သက်ဆိုင်ရာ အကြီးအကဲများ သက္ကေင်္ပြင်နှင့် အခြားသော ဒုက္ခသည် စခန်း များသို့ ရောက်ရှိ လာပြီး၊ စစ်ဆေးရေး အဖွဲ့ များအား ယခုကဲ့ သို့ ပြုမှုခြင်းအား မကျေ မနပ် ဖြစ်ပြီး ကျေးရွာ လူကြီး များတွင် တာဝန် ရှိကြောင်းနှင့် ယခုကဲ့ သို့ ဖြစ်အောင် အားပေး လှုံ့ဆော်မှု များပြုလုပ် ကြကြောင်း စွပ်စွဲ ပြောဆိုပြီး အခင်း ဖြစ်ရာ နေရာသို့ သွား ကာ ပတ်ဝန်းကျင် အနီးရှိ အိမ်မှ ဒေါ်ဆော်လေမာ (ဘ) ဦးဆီရာဇ် (အသက် ၄၂ နှစ်) (သင်္က္ကေပြင်)နှင့် မိုဟာမတ် ဟာရှင်မ် (ဘ) ဦးဟာမိတ်ဟူစိန်း (အသက် ၁၅ နှစ်) (ဒုံးပြင်၊ တောင်) တို့ကို လ၀က အရာရှိမှ “သူတို့ သိတယ်” ဟုညွန်ပြ သဖြင့် ဖမ်းဆီး ခေါ်ဆောင် သွားသည်။ 

ထို့အပြင် ညနေ ၄း၄၅ နာရီ ခန့်တွင် ပြည်နယ် အစိုးရ ရုံးသို့ ရပ်မိ ရပ်ဖ (၁၀) ဦးကို ခေါ်ယူ သွားသည် ဟုသိရသည်။ ထိုသို့ ခေါ်ယူ သွားသော် လည်း ခေါ်သွားသည့် အကြောင်း ရင်းကို ယခု အချိန်ထိ မသိရှိ ရသေးပေ။ အဆို (၁၀) ဦး ပြန်လာမှသာ သိရမည် ဖြစ်သောကြောင့် ရွာသူ ရွာ သားများနှင့် ဒုက္ခသည် များမှ စိုးရိမ် ကြောင့်ကြ လျက်ရှိကြောင်း သိရပါသည်။

Comment ရေးရန်

Rohingya Exodus