နောက်ဆုံးသတင်း/ဆောင်းပါးများ

အရှက်မရှိ ကြက်ဖပါ မကျန် ဓါးပြသကဲ့သို့ ယူနေသော နစကများ


RB News
26.4.2013

ဘူးသီးတောင် ။ ။ ဧပြီလ (၂၄) ရက်နေ့ ည၉နာရီခန့်တွင်ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာသို့ နစက တပ်ဖွဲ့ဝင် တစ်စု ရောက်ရှိ လာပြီး ဆီရာဇုလ္လာ (ဘ) ဦးရရှီဒ် (အသက် ၂၄ နှစ်) နှင့် အဘူလ်ဟူစိန်း (ဘ) ဦးဆယာဒ် ဟူစိန်း (အသက် ၂၅ နှစ်) တို့ကို အကြောင်းပြ ချက်တစ်စုံ တစ်ရာ မရှိဘဲ ဖမ်း ဆီး ခေါ်ဆောင် သွားခဲ့သည်။ 

“ဆီရာဇုလ္လာနဲ့အဘူလ်ဟူစိန်းတို့ကိုအကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲဖမ်းသွားတယ်။ပြီးတော့ နှစ်ယောက် လုံး ဆီက ငွေကျပ် ၄ သောင်းစီနဲ့ ကြက်ဖ တစ်ကောင်စီ ယူပြီး ပြန်လွှတ် လိုက်တယ်။ ကျွန်တော် တို့က ဒေသခံ အာဏာပိုင် တွေအတွက် ဘဏ်တိုက် တစ်ခုလို ဖြစ်နေတယ်။ သူတို့ ငွေလိုချင် တဲ့အချိန် ကျွန်တော် တို့ကို မတရား ဖမ်းဆီးပြီး ငွေညှစ်လို့ ရနေတယ်။ နစကတွေ ကတော့ ကြက်ဖပါ မကျန် ယူနေတော့ တော်တော် လေးအရှက် မဲ့တယ်လို့ ပြောရ မှာပါ” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြော ပါသည်။ 

ဧပြီလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း စိမ်းညင်းပြင် ကျေး ရွာမှ ညောင်ချောင်း ကျေးရွာသို့ ရှူမိုက်လ် (ဘ) ဦးဟာမိတ် (အသက် ၂၀ နှစ်) မောင်းနှင်သော သုံးဘီး အငှားယာဉ်ကို ရခိုင် လူမျိုး နှစ်ဦးမှ ငှားရမ်း စီးနင်း ခဲ့သည်။ ထို့နောက် လမ်းခုလတ်တွင် အငှား ယာဉ် မောင်းနှင်သူ အားဝိုင်းရိုက်ရာ ဦးခေါင်းကွဲ၍ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြောင်း သိရပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အာဏာပိုင် များကို တိုင်ကြား ခဲ့သော်လည်း အရေးယူမှု တစ်စုံတစ်ရာ မပြု လုပ် ပေးကြောင်း သတင်း ရရှိပါသည်။ 

ဘူးသီးတောင် မြို့နယ် သိမ်တောင်ပြင် ကျေးရွာတွင် လွန်ခဲ့သည့် ဧပြီလ (၁၁) ရက်နေ့က ရခိုင် အကြမ်း ဖက်သမား များနှင့် ဒေသခံ အာဏာပိုင် များပူးပေါင်း၍ ဦးရရှီဒ် အဟမတ် (ဘ) အမည်မသိ (အသက် ၃၆ နှစ်) အား ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီး ခံရသူနှင့် ပတ်သက်၍ ယခု အချိန်ထိ သတင်း တစ်စုံတစ်ရာ စုံစမ်း၍ မရရှိသေး သောကြောင့် မိသားစု ၀င်များ အလွန်တရာ စိုးရိမ် ပူပန်လျက် ရှိသည်ဟု သိရသည်။

Comment ရေးရန်

Rohingya Exodus