နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင် အစီရင်ခံစာဟာ ပြည့်စုံမှု မရှိကြောင်း AI အဖွဲ့ကြီးက ဝေဖန်


RFA မြန်မာပိုင်း
1.5.2013

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF) ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာမှာ မြန်မာ၊ အီဂျစ်၊ အီရန်၊ ဆော်ဒီ အာရေဗျ နဲ့ တခြား နိုင်ငံ တွေမှာ ဘာသာရေး လွတ်လပ်မှု ဆိုင်ရာ ပြဿနာ တွေရှိ နေကြောင်း ဖော်ပြ ထားပါတယ်။

၂၀၁၂ ခုနှစ်အတွင်း မြန်မာ နိုင်ငံ ရခိုင် ပြည်နယ် မှာ ဇွန်လ ကစတင်ပြီး ဘာသာရေး လူမျိုးရေး အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွား ခဲ့ရာမှာ အနည်းဆုံး လူ (၂၀၀) ကျော် သေဆုံးခဲ့ ရကြောင်း၊ နိုင်ငံရေး စီးပွားရေး ပြုပြင် ပြောင်းလဲ မှုတွေ ပေါ်ပေါက် ခဲ့ပေမယ့် ဘာသာရေး လွတ်လပ်မှု ဆိုင်ရာ ချိုးဖေါက် မှုတွေ တိုးပွား လာတဲ့ အတွက် စိုးရိမ်ဖွယ် အခြေ အနေမှာ ရှိနေကြောင်း ဖော်ပြထား ပါတယ်။

အလားတူ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (AI) ကလည်း ရခိုင် ပြည်နယ် ပဋိပက္ခ စုံစမ်းရေး ကော်မတီ ရဲ့ အစီရင်ခံစာဟာ ပြည့်စုံ လုံလောက်မှု မရှိဘဲ၊ ရိုဟင်ဂျာ မူဆလင်တွေ အပေါ် ခွဲခြား ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ထိထိ ရောက်ရောက် ကိုင်တွယ် ဖော်ပြ မထားတဲ့ အတွက် လူ့အခွင့် အရေး ချိုးဖောက် မှုတွေ ဆက်လက် ပေါ်ပေါက် လာဖွယ် ရှိတယ်လို့ ရေးသား ထားပါတယ်။

အစီရင် ခံစာပါ တချို့ အချက် တွေဟာ အပြု သဘော ဆောင်ပေမယ့် ချို့ယွင်း ချက်တွေ အတော် များများ တွေ့ရကြောင်း၊ လူ့အခွင့် အရေး ချိုးဖောက် ခဲ့သူတွေနဲ့ပတ်သက်ပြီး အရေးယူ မစုံစမ်း ဘဲနဲ့ လုံခြုံရေး တပ်ဖွဲ့ တွေတိုး ချဖို့ တိုက်တွန်း ထားတာဟာ ချိုးဖောက်မှု တွေပိုပြီး ဖြစ်လာ စေနိုင်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ အာရှတိုက် ဆိုင်ရာ လက်ထောက် ညွှန်ကြား ရေးမှူး အစ္စဘယ်လာ အာရာဒန် က ပြောပါတယ်။

Comment ရေးရန်

Rohingya Exodus