နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ စစ်တပ်နှင့် AA တို့ တိုက်ပွဲ အတွက် ရိုဟင်ဂျာ ၁၀၀ ကျော် ပေါ်တာဆွဲခံရ



MYARF
RB News
2.5.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်းရှိ တပ်မတော် တပ်ရင်း ၅၅၂ နှင့် ရခိုင့် တပ်မတော် (AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲ ဖြစ်ပွားရာ နေရာ စိုင်းဒင်တောင်ရှိ တပ်မတော်သား များအတွက် ရိက္ခာပို့ရန် ဟုဆိုကာ ဒေသခံ ရိုဟင်ဂျာ ၁၀၀ ကျော်ကို ပေါ်တာဆွဲ သွားကြောင်း သတင်း ရရှိပါသည်။

မေလ (၁) ရက်နေ့ ညနေ (၆) နာရီခန့်တွင် တပ်မတော် တပ်ရင်း ၅၅၂ မှ စစ်သား ၂၀ ဦးသည် ဘူးသီးတောင် မြို့နယ် သင်္ဂနား ကျေးရွာ ခွဆုံသို့ သွားရောက်ပြီး ၎င်းတို့ မျက်စိရှေ့ တွေ့သည့် ဒေသခံ ရွာသား ကလေးပါ မကျန် ၃၀ ဦးခန့်ကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ယင်းမချောင်းတောင် ကျေးရွာသို့ သွားရောက်ပြီး ဒေသခံ ၂၀ ဦးကို ထပ်မံ ဖမ်းဆီး၍ တပ်ရင်း ၅၅၂ သို့ ခေါ်ဆောင် သွားခဲ့သည်။ တစ်ဖန် ည ၉ နာရီ အချိန်တွင် တပ်ရင်း ၅၅၂ မှ စစ်သား ၅၀ ဦးခန့်သည့် သင်္ဂနား ကျေးရွာသို့ ရောက်ရှိလာပြီး လူနေအိမ်များသို့ ၀င်ရောက်၍ ဒေသခံ ၃၀ ဦးကို ထပ်မံ ဖမ်းဆီးခဲ့သည်။

ယနေ့ မေလ (၂) ရက်နေ့ နေ့လည်ပိုင်းတွင်လည်း တပ်ရင်း ၅၅၂ နှင့် ၅၆၄ မှ စစ်သား ၁၀၀ ခန့်က တောင်ဘဇာဈေးသို့ သွားရောက်ပြီး ဒေသခံ ၄၀ ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

တပ်မတော်သားများက ၎င်းဖမ်းဆီးခံ ဒေသခံများကို တိုက်ပွဲ ဖြစ်သွားသော နေရာရှိ တပ်မတော်သား များအတွက် ရိက္ခာ ပို့ရန် ဖမ်းဆီးခဲ့သည်ဟု ပြောဆိုသော်လည်း ဖမ်းဆီးခံရသူများ၏ မိသားစုများက တိုက်ပွဲ၌ ရှေ့တန်းတွင် အသုံးပြုမည်ကို စိုးရိမ်လျက် ရှိကြသည်။

Comment ရေးရန်

Rohingya Exodus