နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ ပြောသူများအား ဖမ်းဆီးနေဟု ဒေသခံများပြော


RB News 
30.4. 2013 

စစ်တွေ ။ ။ စစ်တွေမြို့ တွင်ဧပြီလ (၂၆) ရက်နေ့ မှစ၍ ဖြစ်ပေါ် ခဲ့သော အခြေ အနေများ နှင့် ပတ်သက် ၍ ဒေသခံ များက ယခု ကဲ့သို့ ပြောသည်။ 

သက္ကေပြင် ဒုက္ခသည် စခန်းမှ ဦးကျော်မောင်က “ကျွန်တော်တို့ ရိုဟင်ဂျာ လို့ပြောတဲ့ အပေါ်မှာ အ ခု ခေါင်းဆောင် ပိုင်းတွေကို ဖမ်းဆီး နေတာ ဖြစ်ပါတယ်။ ခေါင်းဆောင် ပိုင်းတွေ ဒီမှာ ဘာမှ ပါဝင်မှု မရှိဘဲ အခုလို အဖမ်းခံ ရတာကို ကျွန်တော်တို့ တော်တော်လေး ၀မ်းနည်း ရတယ်။ အခု အခြေ အနေက ဘယ် လို ဖြစ်နေလဲ ဆိုတော့ ကျွန်တော်တို့ ရိုဟင်ဂျာ လို့ပြောရင် အဖမ်းခံ ရတယ်။ မနေ့က လည်း ဒါးပိုင်နားက ဆိုက်ကားနင်းတဲ့ လူ ၃ ယောက်ကို ရဲတွေက ဘာလူမျိုးလဲ ဆိုပြီး မေးတော့ သူတို့က ရိုဟင်ဂျာ လို့ဖြေကြ တယ်။ ရဲတွေက သူတို့ကို ဖမ်းပြီး ကားပေါ် တင်နေတဲ့ အချိန်မှာ UNHCR ကလို့ ထင်ရ တဲ့ နိုင်ငံခြား သားအချို့နဲ့ အချေ အတင် စကားပြောပြီး သူတို့ကို လွှတ်ပေး ခိုင်းလိုက်တယ်။ အဲဒီ နိုင်ငံခြား သား တွေက အဲဒီ ရိုဟင်ဂျာ (၃) ယောက်ကို ငွေ ခြောက်ထောင် ပေးပြီး အိမ်ပြန် ခိုင်းလိုက်တယ်။ မဖြစ် သင့် တာတွေ ဖြစ်နေ တာ ရှိတယ်။ ကလေးတွေ ကိုတောင် ဖမ်းနေတာ ရှိတယ်။ခြိမ်းခြောက် နေတဲ့သဘောပေါ့။ မနေ့က ဒုံးပြင်မှာ ၁၃ နှစ် အရွယ် ကလေး တစ်ယောက်က လယ်ကွင်း တစ်ဖက် က ဖြတ် သွား နေတဲ့ သူငယ်ချင်းကို နာမည် အော်ခေါ်တာကို အဲဒီနားမှာ လုံခြုံရေး တာဝန်ယူ နေတဲ့ ရဲက အဲဒီ ကလေးကို ဖမ်းထား လိုက်တယ်။ အဲဒီ ကလေးရဲ့ သူငယ်ချင်း နာမည်က ရှဟီမုလ္လာပါ။ ရဲကို သူ ရိုဟင်ဂျာ အော်တာ မဟုတ်ဘူး။ သူငယ်ချင်း နာမည် အော်တာလို့ အထပ်ထပ် အခါခါ ပြောတော့မှ ညနေ ပိုင်း ကျတော့ ပြန် လွှတ် ပေးလိုက်တယ်။” ဟု ပြောပါသည်။ 

“ကျွန်တော်တို့ ဆီမှာ ဧပြီလ (၂၆) ရက်နေ့ ဖြစ်တဲ့ ပြဿနာ ကတည်းက ရဲတပ်ဖွဲ့ဝင် တွေက ဒေသ ခံ တွေ ကို ခြိမ်းခြောက် နေတာ တွေရှိ ပါတယ်။ အခုလည်း လူဆယ်ယောက် နီးပါး အဖမ်းခံ လိုက်ရ သလို နောက် ထပ်လည်း ဖမ်းမယ် လုပ်နေတယ်။ ဒီဘက် အပိုင်းတွေမှာ အခု လုံခြုံရေး အရင် ကထက် သုံးဆလောက် ပိုချ ထားတယ်။ နေရာတိုင်း လိုလို လမ်းဆုံ လမ်းခွ တွေမှာ လုံခြုံရေး တွေ ချထားပြီး၊ အရင်ကလို အစား အသောက် တွေကို မြို့ထဲ ဘက်က ဒီဘက်ကို ယူလာတာကို ပိတ်လိုက် ပါပြီ။ ဒုက္ခသည် တွေလည်း အစား အသောက် အတွက် အရမ်းကို စိတ်ပူ နေကြတယ်။ ကျွန်တော် တို့ကို နားလည်တဲ့ ခေါင်းဆောင် တွေကို တစ်ယောက်ပြီး တစ်ယောက် ဖမ်းသွားတော့ ကျွန်တော်တို့ အတွက် တော်တော် လေးကို နစ်နာ ပါတယ်။ ဘာအပြစ်မှ မရှိတဲ့ ခေါင်းဆောင် တွေကို မတရား စွပ်စွဲ ပြီး ဖမ်းဆီး ထားတာ အမြန်ဆုံး ပြန် လွှတ် ပေး ဖို့ တောင်းဆိုတယ်” ဟု အမည် မဖော်လိုသည့် ဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ ပြော သည်။

Comment ရေးရန်

Rohingya Exodus