မိတ်ဆွေနည်း ကံမွဲလှတဲ့ မြန်မာမွတ်စလင်
အောင်တင်
26.5.2013
သမီး လုပ်သူက ဆွမ်းပို့ ပြီးရင် “တပည့်တော်မ ပြန်ကြွပါ အုံးမယ် ဘုရား” လို့ ဆိုသတဲ့။ ဆရာတော်က မအေကို တိုင်တော့ မအေက “အလိုလေး၊ သမီးတော်က အခုလို မိန့်ကြား လိုက်သလား ဘုရား” တဲ့။ ဒါနဲ့ ဆရာတော်က မဖြစ်ချေဘူး ဆိုပြီး တကာ သူဌေးမင်းကို တိုင်ရပြန်တယ်။ “တော်တော် ဆိုးတဲ့ သား အမိ တွေဘဲ။ ဒီအတိုင်း ဆိုရင် ဆရာတော်ရဲ့ ကျောင်းကို ဒီသားအမိ နောင် ဘယ်တော့ မှ ခြေတော် ရာတောင် မချစေရဘူး ဘုရား” လို့ လျှောက်ပြန် သတဲ့။ မြန်မာ မွတ်စလင်တွေ အတွက် ကတော့ အရင် ဘုန်းကြီး နှစ်ချက်ခေါက်က နောက်ဘုန်းကြီး သုံးချက် ခေါက်ဖြစ်နဲ့ ကြာလေ နစ်လေ၊ လှုပ်လေ ၊ မြုပ်လေ ဖြစ်နေပြီလား။
ကမ္ဘာပေါ်မှာ ကပြား မဖြစ်၊ သွေးမစပ်တဲ့ လူမျိုး မရှိဘူးလို့ ဒုတိယ ကမ္ဘာစစ်ကြီးပြီး ကတည်းက UNESCO က ကြေငြာ ခဲ့တယ်။ ကျနော်တို့ မြန်မာ ပြည်သူတွေ ကတော့ အခု ထက်ထိ မြန်မာ လူမျိုး စစ်စစ်၊ မွန် လူ မျိုး စစ်စစ်၊ ရခိုင် လူမျိုး စစ်စစ်လို့ ဂုဏ်ယူလို့ ကောင်းနေ တုန်းပါဘဲ။
မြန်မာပြည်မှာ ရောက်နေ ကြတဲ့ ကပြားချင်း အတူတူ အရင်ရောက်တဲ့ ကပြားက တိုင်းရင်း သား တွေ ဖြစ်၊ နောက်ရောက်တဲ့ ကပြားလည်း မွတ်စလင် မဟုတ်ရင် တိုင်းရင်းသားဖြစ်၊ မြန်မာ မွတ်စလင် (ပသီ) လူမျိုး အပါ အဝင် မြေဒူး၊ ရိုဟင်ဂျာ၊ ၃၇၀၀၊ ပသျှူး (မလေး) တွေကတော့ မွတ်စလင် တွေဖြစ်တာနဲ့ ရှိပြီးသား တိုင်းရင်းသား စာရင်း ကနေ အရှင် လတ်လတ် အပယ်ခံ နေရတယ်။ မွတ်စလင် ဖြစ်ရင် ၁၈၂၄ ခုနှစ် မတိုင်မီက နေထိုင် ခဲ့ကြောင်း သက်သေ ထူခိုင်းတယ်။ တစ်ဖအေ၊ တစ်မအေက မွေးချင်း အ ရင်းတောင် အကို ဖြစ်သူက မွတ်စလင် ဖြစ်ရင် ဘင်္ဂါလီ နွယ်ဖွား နိုင်ငံသားပြု ဖြစ်သွားတယ်။ ညီဖြစ် သူက ဗုဒ္ဓဘာသာ ဖြစ်ရင် ဘာမှသက်သေ ထူစရာ မလိုတော့ဘူး။ အလို အလျောက် မြန်မာ တိုင်းရင်းသား စစ်စစ် ဖြစ်သွားကော။ ရုပ်ရှင် မင်းသား မောင်မောင်တာရဲ့ အဖြစ်အပျက်ပါ။ ဒီဖြစ်ရပ်မျိုး တွေက တစ်နိုင် ငံလုံး ပြည့်နေ ပါတယ်။ ကိုမင်းကိုနိုင် ပြောတဲ့ နိုင်ငံသား ဥပဒေဆိုတာ ဒါလားဗျာ။
ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ တရုပ် ကပြားတွေ ကျတော့ ညမန်မာ တိုင်းရင်းသား စစ်စစ်ကြီး တင်မက ဖအေ၊ မအေ တရုပ် အစစ်၊ ဗိုလ်နေဝင်းက ကနောင် မင်းဆက်တောင် ညဖစ်သွားတယ်။ မြန်မာတောင် ရိုး ရိုး မြန်မာ မဟုတ်ဘူး။ ရှိခိုးခံရတဲ့ မြန်မာနော်။ တရုပ်နာမည် ရှုမောင်ကလည်း ရှုမဝတဲ့ သားလေး မြန်မာ ရှုမောင် ဖြစ် သွားတယ်။ ဘုန်းကြီးရူးနဲ့ လှေလူးလို တတ်လဲ တတ်နိုင်တဲ့ လူတွေပါ။ ကျောင်းတက် သည် အထိ မြန်မာ နာမည်တောင် မရှိပါ ဘူးလို့ ကိုယ်တိုင် ဝန်ခံ ထားတဲ့ တရုပ် ဗိုလ်အောင်ကြီးလည်း ဗုဒ္ဓဘာ သာ ကိုးကွယ်တော့ မြန်မာ တိုင်းရင်းသား စစ်စစ် ဖြစ်သွားကော။ မြန်မာ ဖြစ်သွားတဲ့ တရုပ်တွေ၊ တရုပ် ကပြားတွေ က ဝန်ကြီး တွေ လည်း ဖြစ်လို့ရတယ်။ ဗိုလ်ချုပ်ကြီး တွေလည်း ဖြစ်လို့ ရတယ်။ နောင် လည်း ဖြစ် အုံး မှာတွေ အများကြီးဘဲ။ တရုပ် မျက်လုံးနဲ့ ကုလား အသား အရေရှိတဲ့ ဦးခင်ရီသာ ဗုဒ္ဓဘာ သာ မဟုတ် ရင် သူ့အဆက် အနွယ်တွေဟာ ၁၈၂၄ ကတည်းက မြန်မာပြည်မှာ နေထိုင် ခဲ့တယ်လို့ ဘယ် လို သက်သေ ပြမလဲ။ ဦးအစ်စမိုင် ကမွေးတဲ့ ဦးသိန်းညွန့်လည်း ဗုဒ္ဓဘာသာ ဖြစ်တော့ မြန်မာဖြစ်၊ အမတ် ဖြစ်ပေါ့။ မွတ်စလင် ကမွေးတဲ့ ဘကြီး ဘဖေတို့၊ ဦးသန့် တို့လည်း ဗုဒ္ဓဘာသာ ဖြစ်တော့ မြန်မာ တိုင်းရင်း သား စစ်စစ် တွေပေါ့။ အဲ အစ္စလာမ် ဘာသာကို ပြောင်းလဲ ကိုးကွယ် တယ်ဆိုရင် ဖအေ၊ မအေ မြန် မာ ဖြစ်နေလျှက်နဲ့ ဘင်္ဂါလီ သွေးရောလို့ ရေးထားတဲ့ မှတ်ပုံတင် ထုတ်ပေးတာကို အထောက် အထား နဲ့ ပြ မယ်ဆိုရင် ကိုမင်းကိုနိုင် ဘာပြောချင် ပါသလဲ။ သဘောကျ သည်ဖြစ်စေ၊ မကျသည် ဖြစ်စေ သုံးနေ ရအုံး မယ်လို့ ကိုမင်းကိုနိုင်က ဆိုလိုက်တဲ့ နိုင်ငံသား ဥပဒေဆိုတာ ဒါလားဗျာ။
၁၉၄၆ခု ဇန္နဝါရီလ (၁၇)က (၂၃) ရက်အထိ ရွှေတိဂုံ အလယ် ပစ္စယံ ဖဆပလ ညီလာခံမှာ လွတ်လပ်ရေး တိုက်ပွဲဝင် အဖွဲ့ အစည်းပေါင်း (၁၅) ဖွဲ့ တက်ရောက်ပြီး မြန်မာ မွတ်စလင်ကြီး ဦးဖေခင် တင်သွင်းတဲ့ ဆုံးဖြတ်ချက် အမှတ် (၇) ကြောင့် ပြည်ထောင်စု ဆိုတာ ပေါ်ခဲ့ရတယ်။ ဆုံးဖြတ်ချက် (၇) ဟာ ပင်လုံရဲ့ မိခင် ဖြစ်တယ်။ ဆုံးဖြတ်ချက် (၇) မရှိရင် ပင်လုံ မရှိဘူး။ ပင်လုံ မရှိရင် ပြည်ထောင်စု ဆိုတာ မရှိဘူး။ ဒီးဒုတ် ဦးဘချို တင်သွင်းတဲ့ ဆုံးဖြတ်ချက် အမှတ် (၆) အရ ကပြား မြန်မာ-မွတ်စလင် တွေကို ဗမာမွတ် စလင် (မြန်မာ မွတ်စလင်) လူမျိုးရယ်လို့ ခေါ်ဝေါ် သတ်မှတ်ပြီး လူနည်းစု တိုင်းရင်းသား အခွင့် အရေး ပေးကြောင်း ချမှတ် ခဲ့တယ်။ မြန်မာ မွတ်စလင် တွေကို နာမည် အမျိုးမျိုးနဲ့ ခေါ်ဝေါ် ခဲ့တဲ့ နှစ် တစ်ထောင်ကျော် သမိုင်းကို ဖျောက်လို့ ရတယ်လို့ ကိုမင်းကိုနိုင် ထင်ပါသလား။
ဒို့ဗမာ အစည်းအရုံးရဲ့ ပထမဆုံး ကြေငြာချက် (၁၉၃၀) မှာ “အို ဗမာမွတ်စလင် အပေါင်းတို့ သင်တို့သည် ဗမာများပင် မဟုတ်လော” လို့ဆိုပြီး လွတ်လပ်ရေး တိုက်ပွဲကို ဖိတ်ခေါ် ခဲ့တယ်။ ဗမာ မွတ်စလင်တွေ အများအပြား သခင်ဘွဲ့ ခံကြရုံ တင်မက ဒို့ဗမာ မွတ်စလင် အစည်း အရုံး ဆိုပြီး ထပ်အား ဖြည့်လိုက် ကြသေးတယ်။ ဒီသမိုင်းကော ဘယ်နား ထားမလဲ ကိုမင်းကိုနိုင်။
၂၀၁၂ခု စက်တင်္ဘာ (၉) ရက်နေ့ ရန်ကုန်မြို့ အီးဒ် ပွဲတော်မှာ ဦးတင်ဦး (NLD နာယကကြီး) က (၁) မြန်မာ မွတ်စလင် တွေဟာ တိုင်းရင်းသား တွေဖြစ်တယ်။ (၂) မြန်မာ မွတ်စလင် တွေဟာ လွတ်လပ်ရေး အတွက် ရင်ဘောင်တန်း တိုက်ပွဲ ဝင်ခဲ့သူ တွေဖြစ်တယ်လို့ ပြောခဲ့တယ်။ ဘာကြောင့် အခုလို ပြောခဲ့ သလဲ ဆိုတာကို အသက် ထင်ရှား ရှိနေသေးတဲ့ ဦးတင်ဦးကို မေးကြည့် ပါလား ကိုမင်းကိုနိုင်။
ဗိုလ်ချုပ် အောင်ဆန်းက ပင်လုံ စာချုပ် မချုပ်ဆိုမီ ဖေဖေါ်ဝါရီ (၁၁)၊ ၁၉၄၇ မှာ “အမျိုး ဘာသာ သာသနာကို စွဲပြီး ပြည်ထောင်စု တည်ဆောက်လို့ မရဘူးဆိုပြီး တိုင်းရင်းသား မွတ်စလင် တွေကိုလည်း ထည့်သွင်း မိန့်ကြား ခဲ့တယ်။ ဒီသမိုင်း ကိုကော ဘယ်လို သဘောရ သလဲ ကိုမင်းကိုနိုင်။
၁၉၄၇ ရွေးကောက်ပွဲ ပြီးတော့ တိုင်းပြု ပြည်ပြု လွှတ်တော် အမတ်များ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲစဉ်က ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာပြု လုပ်ရေးကိစ္စ ဆွေးနွေး ရာမှာလည်း “တိုင်းပြည်ကို ကျွန်တွင်းက လွတ်မြောက်အောင် တိုက်ကြစဉ်က ကျနော် တို့ချည်း မဟုတ်ဘူး။ သူတို့ (ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ) လည်း ပါတယ်။ အခုကျွန်တွင်း ကတောင် လွတ်မယ်မှ မကြံကြ သေးဘူး။ သူတို့တွေပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစု ဘာသာကို နိုင်ငံတော် ဘာသာ လုပ်လိုက် ကြရင်” ဆိုပြီး တားမြစ် ခဲ့တယ်။ ဒါနဲ့ ပတ်သက် ပြီးတော့လည်း ကိုမင်းကိုနိုင်ရဲ့ အမြင်ကို သိချင် ပါတယ်။
ခိုးဝင် လာသူ မှန်သမျှ မောင်းထုတ် ရမှာပါ ကိုမင်းကိုနိုင်။ ဘင်္ဂါလီလည်း ခိုးဝင် လာရင် မောင်းထုတ်ပါ။ သို့သော် ဘင်္ဂလားဒက်က ရခိုင်တွေ မြန်မာပြည်ထဲ အချိန်မရွေး တံခါးမရှိ၊ ဓါးမရှိဝင်ပြီး မြန်မာ တိုင်းရင်း သား လုပ်လို့ ရမယ်ဆိုရင် မြန်မာနှင့် နယ်စပ်ချင်း ထိနေတဲ့ နိုင်ငံ အားလုံးမှာ နှစ်ဖက် ခွနေတဲ့ တိုင်းရင်း သား တွေက သန်းရာကျော် အနည်းဆုံး ရှိပါတယ်။ သူတို့က မြန်မာ ပြည်ဖက်ကို ရခိုင် တွေလိုဘဲ ကူးလာ မယ်ဆိုရင် ကိုမင်းကိုနိုင် လက်ခံနိုင် ပါသလား ဆိုတာကို သိချင်ပါတယ်။ နိုင်ငံသား ဥပဒေကို ရခိုင်အတွက် သတ်သတ်၊ တစ်နိုင်ငံလုံး အတွက် သတ်သတ် နှစ်မျိုးထား သင့်သလား ကိုမင်းကိုနိုင်။
၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ မြန်မာ မွတ်စ လင် တွေကို ၁၉၇၄ အရဘဲ ဖြစ်ဖြစ်၊ ၁၉၈၂ နိုင်ငံသား ဥပဒေ အရဘဲ ဖြစ်ဖြစ်၊ ၂၀၀၈ အရ ဘဲ ဖြစ်ဖြစ် နိုင် ငံသား အဖြစ်က ပြန်ပယ်ဖျက်ဖို့ အစိုးရ လုပ်သူတွေ တင်မက ဒီမိုကရေစီ နည်းအရ ဆိုပြီး လူများစု သဘောအရပင် လုပ်လို့ ရနိုင်တယ်၊ လုပ်ခွင့် ရှိတယ်လို့ ကိုမင်းကိုနိုင် ထင်ပါသလား။
နိုင်ငံသား၊ တိုင်းရင်းသား ဖြစ်ပြီးတဲ့ ရခိုင်ပြည်က မွတ်စလင် တွေကို ဘင်္ဂါလီ ဆိုပြီး မောင်းထုတ် သင့်သ လား ကိုမင်းကိုနိုင်။ သူတို့ကို အခြား နိုင်ငံသား တွေလို တန်းတူ ဆက်ဆံဖို့၊ ကာကွယ် ပေးဖို့ လိုမယ်လို့ ကိုမင်းကိုနိုင် ယူဆ ပါသလား။ ဒုက္ခ ရောက်နေတဲ့ သူတို့ကို ရခိုင် အစွန်းရောက် လူ၊ ဘုန်းကြီး၊ နိုင်ငံရေး သမားတွေက အစည်း အဝေးတွေ ထိုင်၊ စာရွက် စာတန်းတွေ ထုတ်ပြီး အခု ထက်တိုင် လူသား မဆန်စွာ အစာရေစာ ဖြတ်၊ ဆေးဝါး ဖြတ်၊ အဆက်အဆံ ဖြတ်၊ အလုပ်အကိုင် အရောင်း အဝယ် ဖြတ်နေ တာ တစ်နှစ် ပြည့်တော့ ပါမယ်။ ကိုမင်းကိုနိုင်တို့ ရှစ်လေးလုံး အဖွဲ့က ဒီလို မလုပ်သင့် မလုပ်အပ်ဘူး ဆိုပြီး ဘာဖြစ်လို့ မကန့်ကွက် ကြဘဲ ယနေ့တိုင် မသိချင် ယောင်ဆောင် နှုတ်ပိတ် ရေငုံ နေရတာလဲ ကိုမင်းကိုနိုင်။ သူတို့တွေ အများ အပြားဟာ မိုးထဲ ရေထဲမှာ တိရစ္ဆာန် ထက်တောင် ဆိုးဝါးတဲ့ အခြေ အနေ ရောက်နေ ပါတယ်။ ရောဂါတွေ၊ အဟာရ ချို့တဲ့မှု တွေနဲ့ သက်ကြီး ရွယ်အိုတွေ၊ ခလေး သူ ငယ်တွေ နေ့စဉ် သေနေ ကြရတယ်။ သူတို့ အတွက် ကိုမင်းကိုနိုင်ရဲ့ စာနာ စကားကို ကြားချင် ပါတယ်။
ကိုမင်းကိုနိုင်က “ကျွန်တော်တို့ တိုင်းပြည် ထဲမှာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ၁၃၅-မျိုးသော ဘာသာ စကား ကို တစ်ခုမှ မတတ်ပဲနဲ့၊ သူ့ဘာသာ သူပြောနေတဲ့၊ သူ့ဘာသာ တစ်ခုပဲ တတ်တဲ့ လူမျိုးတွေ အများကြီး ရှိပါတယ်။” ရိုဟင်ဂျာကို ဆိုလိုတယ် ဆိုတာ လူတိုင်း သိကြ ပါတယ်။ ဒိုင်းနက်က တိုင်းရင်းသား (၁၃၅) မျိုး စာရင်းဝင် ဖြစ်ပါတယ် ကိုမင်းကိုနိုင်။ ဒိုင်းနက် တွေပြောတဲ့ စကားနဲ့ ရိုဟင်ဂျာတွေ ပြောတဲ့ စကား ၁၀၀% တူတယ် ဆိုတာ ကိုမင်းကိုနိုင် သိပါသလား။
ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ် လက်မခံ နိုင်ပါဘူး။ ဘာကြောင့် လက်မခံ နိုင်တာ ပါလို့ သတ္တိ ရှိရှိ ပြော ရင် ပြောကြပါ။ ဒါဆိုအဖြေရအောင် ဆွေးနွေးလို့ရနိုင်တယ်။သို့သော်ရိုဟင်ဂျာတိုင်းရင်းသား ဖြစ်ကြောင်းကို အစိုးရထုတ် စာစောင်တွေ၊ သတင်းစာ မဂ္ဂဇင်းတွေ၊ ကျောင်းသုံး စာအုပ်တွေ၊ စွယ်စုံ ကျမ်းတွေ၊ မြန် မာ့အသံက ရိုဟင်ဂျာ အသံလွှင့်ချက် တွေစတဲ့ ဖျောက်ဖျက်လို့ မရတဲ့ သမိုင်း အထောက် အထားတွေ အခိုင်အမာ ရှိလျှက်နဲ့ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ တိုင်းရင်းသား အဖြစ် အသိ အမှတ်ပြု မခံခဲ့ရပါဘူး ဆိုပြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေး လူမှုရေး ဘာ သာရေး ခေါင်း ဆောင်တွေက ဘာဖြစ် လို့ ဗြောင်လိမ် နေကြတာလဲ ဆိုတာ နားမ လည် နိုင်အောင် ဖြစ် ရပါ တယ် ကိုမင်းကိုနိုင်။ ကိုမင်းကိုနိုင် အမြင်ကို သိပါရစေလား။
မည်သို့ပင် ဆိုစေကာမူ ကိုမင်းကိုနိုင်က မေလ(၂၅)ရက် နယူးယော့မှာ “အဲဒီ လောလောဆယ် မှာတော့ နိုင်ငံသား ဥပဒေအရ နိုင်ငံသား ဖြစ်/မဖြစ်..။ ဘိုးဘွား လက်ထက် ကတည်းက နေထိုင် လာပြီးတော့ နိုင်ငံသား စစ်စစ် ဖြစ်တယ်ဆိုရင် ကျွန်တော် ရဲရဲ တင်းတင်း အာမခံ ပါတယ်။ နိုင်ငံသား အခွင့် အရေးကို အပြည့် ရသင့်တယ်လို့ ကျွန်တော်တို့ ကိုယ်တိုင် ရပ်တည်ပေးမယ်။ သူ့အခွင့် အရေး အတွက် ကျွန်တော်တို့ ကိုယ်တိုင် တိုက်ပွဲ ၀င်ပေးမယ်။” ဆိုလိုက်တဲ့ အတွက် ကျေးဇူးတင် ဝမ်းသာ ပါတယ်။ ဒီနေ့ မြန်မာ မွတ်စလင် တွေဟာ ၉၉.၉၉၉၉၉% က ဘယ်နိုင်ငံကမှ ခိုးဝင်လာ သူတွေ မဟုတ် ပါဘူး။ ဘယ်နိုင်ငံ ကိုမှ ချစ်စရာ၊ ကာကွယ်စရာ၊ သေစရာ နိုင်ငံရှိသူတွေ မဟုတ်ကြဘူး။ ဘိုး ဘွား စဉ်ဆက် နေထိုင် ကြသူ တိုင်းရင်းသား တွေချည်းပါ။
သို့သော် ကိုမင်းကိုနိုင်က တစ်ဆက်တည်း ဆက်ပြောလိုက်တဲ့ “သို့သော်.... အဲဒီ သို့သော်ရဲ့ နောက်မှာ ပိုပြီး အရေးကြီးတဲ့ အချက် ရှိပါတယ်။ “အခွင့်အရေး လိုချင်ရင်၊ တာဝန် ယူမှု ရှိရမယ်။ ” ဘယ်ကိစ္စမျိုး မဆိုပါ။” ပြောကြား ချက်ကိုတော့ သစ္စာ စကား ဆိုရရင် သိပ်မကြိုက် ပါဘူး။
ဘာဖြစ်လို့ လဲဆိုတော့ မြန်မာ မွတ်စလင် တွေကို သံသယနဲ့၊ ဆန်းစစ်တဲ့ အနေနဲ့ အခွင့် အရေး လိုချင်ရင် တာဝန် ယူမှု ရှိရမယ် ဆိုတဲ့ စကားမျိုး ပြောနိုင် သူဟာ မြန်မာ့ သမိုင်းမှာ အရင် ကလည်း မပေါ်ပေါက် ဖူးဘူး။ အခုလည်း မရှိဘူး။ နောင်လည်း ရှိမယ် မထင်လို့ ပါဗျာ။
မြန်မာ ပြည်သား တိုင်းရင်းသား မွတ်စလင် တွေဟာ နှစ်တစ်ထောင်ကျော် မြန်မာ့ သမိုင်းမှာ မကြုံ ဘူး လောက်အောင် မိတ်ဆွေ နည်းပါးမှု၊ စာနာမှု ခေါင်းပါးမှုကို နိုင်ငံနဲ့အဝှမ်း ယနေ့ ကြုံတွေ့ နေရတယ်။ ကျနော် တို့ရဲ့ သွေးချင်း တွေကို မေတ္တာ ရပ်ခံချင်တာ ကျနော်တို့မှာ အားနည်းချက် ရှိတယ် ထင်ရင် အပြန် အလှန် လေးစားမှု အခြေခံပြီး သွေးချင်း စိတ်နဲ့ ထောက်ပြ ကြစေချင် ပါတယ်။ ဧည့်သည်၊ အိမ်ရှင် ဆိုတဲ့ ပုံစံ မျိုးတော့ မလုပ်ကြ စေချင်ဘူး။ မလုပ် သင့်ဘူး။ လုပ်ခွင့် မရှိဘူး။