နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒါးပိုင်ဒုက္ခသည် စခန်းမှ ကလေးငယ် တစ်ဦး ချောင်းထဲပြုတ်ကျ၍ သေဆုံး

ချောင်းထဲချော်ကျပြီး သေဆုံးသွားသည့် ကလေးငယ် မိုဟာမတ် ရဖိခ်
RB News
27.5.2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒါးပိုင် ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ် တစ်ဦး မိုးရေကြီးသည့် အချိန်တွင် ချောင်းထဲသို့ ချော်ကျပြီး သေဆုံး သွားကြောင်း သတင်း ရရှိပါသည်။

ဖြစ်ပွားပုံမှာ မေလ (၂၅) ရက်နေ့တွင် စစ်တွေမြို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ဒုက္ခသည် စခန်းများတွင် ရေကြီးခဲ့သည်။ ရေကြီးမှုကြောင့် ဒုက္ခသည် များ၏ တဲများ ရေထဲ နစ်မြှပ်ပြီး နေထိုင်ရန်ပင် လွန်စွာ အခက်အခဲ ဖြစ်ခဲ့ရသည်။ ရေကြီးနေသည့် အချိန်တွင် အသက် (၁၃) နှစ် အရွယ်ရှိ မိုဟာမတ်ရဖိခ် (ဘ) ဦးအဒူဟာရှိမ် သည် ဒါးပိုင် ဒုက္ခသည် စခန်း အနီးရှိ ချောင်းထဲသို့ ချော်ကျ၍ ရေနစ် သေဆုံး ခဲ့ကြောင်း ဒေသခံ များမှ RB News သို့ပြောသည်။ 

သေဆုံး သွားသော ကလေးငယ်၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့မှ ဆေးရုံသို့ ပို့၍ ခွဲစိတ်ခဲ့ ကြောင်းသိရသည်။ အလောင်းကို နေအိမ်သို့ ယနေ့ ပြန်ပို့ခဲ့ပြီး၊ ဖခင်အား ဖမ်းဆီးရန် ရှာဖွေ နေကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးရန် ရှာဖွေ နေခြင်းကြောင့် ဖခင်ဖြစ်သူ ဦးအဒူဟာရှိမ်မှာ ရှောင်တိမ်း နေကြောင်း သိရှိရပါသည်။ 

ရေကြီးမှုကြောင့် ဒုက္ခသည် အများအပြားမှာ လွန်စွာ ဒုက္ခရောက်လျက် ရှိသော်လည်း ယခု အချိန်ထိ အစိုးရမှ တစုံတရာ စီစဉ်ပေးမှု မရှိသေးကြောင်း ဒေသခံ များမှ ပြောသည်။

Comment ရေးရန်

Rohingya Exodus