နောက်ဆုံးသတင်း/ဆောင်းပါးများ

နစက ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ လူငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ


MYARF 
RB News 
11.5.2013 

မောင်တော ။ ။ မေလ (၈) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် POE စခန်းမှ နစက များ၏ ပစ်ခတ်မှု ကြောင့် ရိုဟင်ဂျာ လူငယ် တစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ရသည်။ 

ဖြစ်ပွားပုံမှာ ကရင်တန်း ကျေးရွာ အုပ်စု၊ မောင်နီ ကျေးရွာမှ ဦးဝလီ၏ သားဖြစ်သူ သည် ဦးဆယာဒ် ကရီးမ် ထံမှ ငွေချေး ခဲ့သည်။ လွန်ခဲ့သည့် ရက်ပိုင်းတွင် ဦးဆယာဒ် ကရီးမ်မှ ၎င်း၏ ငွေချေးယူ ထားသူမှာ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ သွားနေ သဖြင့် ဦးဝလီ၏ သားနောက် တစ်ဦးထံမှ တောင်းခံရန် ၎င်း၏ နောက် လိုက် အယောက် ၂၀ ကျော်ဖြင့် ဦးဝလီ၏ အိမ်သို့ သွားရောက် ခဲ့သည်။ ထိုသို့ သွားရောက် ပြီးနောက် ဦးဝလီ၏ သားတစ်ဦးကို ပြန်ပြေးဆွဲ သကဲ့သို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ဦးဝလီမှ ရွာအတွင်းရှိ လူကြီး များနှင့် တိုင်ပင်၍ သားဖြစ်သူကို ငွေကျပ် ၂၅ သိန်းပေး၍ပြန်ရွေးရန် ဦးဆယာဒ် ကရီးမ်နှင့် သဘောတူ ခဲ့သည်။ သို့သော် လည်း ရုတ်တရက် ရဲအရာရှိ ဖြစ်သူ ဦးအောင်ကျော်ခန့် ရောက်ရှိ လာ ပြီး ပြန်ရွေး ရမည့် ငွေကို သိန်း ၄၀ သို့ တိုးမြှင့် လိုက်ပြီး ဦးဆယာဒ် ကရီးမ် ပြန်ပြေးဆွဲ ထားသည့် ဦးဝလီ ၏ သားကို ဖမ်းဆီး သွားခဲ့သည်။ 

ထိုသို့ ဖမ်းဆီး သွားပြီးနောက် ဦးဝလီမှ သက်ဆိုင် ရာသို့ ပြစ်မှု ကျူးလွန် နေသူ များအကြောင်း အသေး စိတ် ကိုပြောပြပြီး အမှုဖွင့် အရေးယူ ပေးရန် လျှောက်ထား ခဲ့သည်။ ထိုသို့ လျှောက်ထား ပြီးနောက် မြို့ နယ် ရဲစခန်း မှပြစ်မှု ကျူးလွန်သူ များကို ဖမ်းဆီးရန် ၀ရမ်း ထုတ်ပြန် ပေးခဲ့သည်။ ထို့အပြင် ရဲအရာရှိ ဖမ်း ဆီး ခေါ်ဆောင် သွားခဲ့သော ဦးဝလီ၏ သားကိုလည်း ပြန်လည် လွှတ်ပေး ခဲ့သည်။ 

ထိုကဲ့သို့ အမှုဖွင့်ခြင်း ကိုမကျေ နပ်သော ဦးဆယာဒ် ကရီးမ်သည် နယ်မြေ လုံခြုံရေး တာဝန်ယူ ထားသော စစ်တပ်မှ အရာရှိကို သွားရောက်၍ မေလ (၇) ရက်နေ့ ညတွင် ဦးဝလီမှ မောင်နီရွာတွင် လုံခြုံရေး ယူ ထား သောစစ်သား များကို ၀တ္တရား နှောက်ယှက် ခဲ့သည်ဟု မဟုတ် မမှန် လီဆယ်၍ တိုင်ကြား ခဲ့ သည်။ ထို့နောက် လုံခြုံရေး အရာရှိ မှလည်း စုံစမ်း စစ်ဆေးခြင်း တစ်စုံတစ်ရာ မပြုလုပ်ဘဲ မေလ (၈) ရက်နေ့ ညတွင် နစကနှင့် ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ မောင်နီရွာ ရှိအိမ် ၃ အိမ် ကိုဝင်ရောက် စီးနင်း ခဲ့ သည်။ 

ထိုသို့ နစက၊ ရဲနှင့် စစ်တပ်များ ၀င်ရောက် စီးနင်း နေသည်ကို ဦးဝလီ၏ အိမ်နီးချင်း ဖြစ်သူ ရိုဟင်ဂျာ လူငယ် ဖ၀ါစ်အူဒင် (ဘ) ဦးတိုဖိုင်လ် အဟမတ်မှ တိမ်းရှောင်ရန် ကြိုးစား ရာတွင် နစက၏ ပစ်ခတ် မှု ကြောင့် ပြင်းထန် စွာ ဒဏ်ရာ ရရှိခဲ့သည်။ လွန်ခဲ့ သည့်နှစ် ဇွန်လမှ စ၍ မဆိုင်သူ များကို ဖမ်းဆီးလျက် ရှိ ရာ ဖ၀ါစ်အူဒင်မှ လည်း ဖမ်းခံ ရမည်ကို စိုးရိမ်၍ တိမ်းရှောင် ရန်ကြိုးစား ခဲ့ခြင်း ဖြစ် သည်။ သေနတ် ကျည် ဆံ နှစ်ချက် ထိမှန် ခဲ့ပြီး ယခု အချိန်ထိ ဆေးဝါး ကုသမှု ခံယူ၍ မရသေး ဘဲ ဒဏ်ရာ များ မှ သွေးစီး လျက် ရှိကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus