နောက်ဆုံးသတင်း/ဆောင်းပါးများ

လူ့အခွင့်အရေး ကြေငြာစာတမ်းအား ချိုးဖောက်နေသော သိန်းစိန်အစိုးရ


နီလာမြင့် (ဒိန်းမတ်)
RB News
11.5.2013

အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေငြာ စာတမ်းအား လွန်လွန် ကြူးကြူး ချိုးဖောက် နေသော သိန်းစိန် အစိုးရ 

အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေငြာ စာတမ်း 

၁၉၄၈ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကမ္ဘာ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ ကြီးက လူ့အခွင့် အရေး ကြေငြာ စာတမ်းကို အတည်ပြု ပြဌာန်း လိုက်ရာ ထိုကြေငြာ စာတမ်း ကြီး၏ စာသား များ သည် နောက် စာမျက်နှာ များတွင် အပြည့် အစုံ ပါရသည်။ ဤကဲ့သို့ သမိုင်း တွင်မည့် ကြေငြာ ချက် ကို ပြု လုပ် ပြီးနောက် ဤ ညီလာခံ အစည်း အဝေး ကြီးက ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ဝင် အားလုံး အား ထိုကြေငြာ စာတမ်း ကြီး ၏ စာသားကို အများ ပြည်သူ တို့ ကြား သိစေရန် ကြေငြာ ပါရန် အကြောင်းကို လည်းကောင်း၊ ထို့ပြင် နိုင်ငံများ (သို့မဟုတ်) နယ်မြေ များ၏ နိုင်ငံရေး အဆင့် အတန်း ကိုလိုက်၍ ခွဲခြား ခြင်း မပြုဘဲ အဓိက အားဖြင့် စာသင် ကျောင်းများနှင့် အခြား ပညာရေး အဖွဲ့ အစည်း များတွင် ထိုကြေငြာ စာတမ်း ကြီးကို ဖြန့်ချီ ဝေငှ စေရန်၊ မြင်သာ အောင် ပြသ ထားရန်၊ ဖတ်ကြား စေရန် နှင့် အဓိ ပ္ပာယ် ရှင်း လင်း ဖေါ်ပြ စေရန် ဆောင်ရွက် ပါစေရန် အကြောင်းကို လည်းကောင်း ဆင့်ဆို လိုက်သည်။ 

အဖွင့်စကားချီး 

လူခပ်သိမ်း တို့၏ မျိုးရိုး ဂုဏ်သိက္ခာ နှင့်တကွ လူတိုင်း အညီ အမျှ ခံစား နိုင်ခွင့် ရှိသည့် အခွင့် အရေး များ ကို အသိ အမှတ် ပြုခြင်းသည် လူခပ်သိမ်း တို့၏ လွတ်လပ်မှု၊ တရား မျှတမှုနှင့် ငြိမ်းချမ်း မှုတို့၏ အခြေ ခံ အုတ် မြစ် ဖြစ်သော ကြောင့် လည်းကောင်း၊ 

လူ့အခွင့် အရေး များကို အရေး မထား မထီ မဲ့မြင် ပြုခြင်းသည် လူခပ်သိမ်း တို့၏ အကျင့် သိက္ခာ ကို ချိုး ဖေါက် ဖျက်ဆီး တတ်သည့်ရက်စက် ကြမ်းကြုတ်သော အြ့ပု အမှုများကို ဖြစ်ပေါ် စေ ခဲ့ သောကြောင့် လည်းကောင်း၊ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်၊ လွတ်လပ်စွာ သက်ဝင် ယုံကြည် ခွင့်၊ တောင့် တခြင်း ၊ ကြောင့် ကျခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင် မှုတို့ကိုခံစားရယူနိုင်စေ မည့် လောက တ ခု ပေါ် ပေါက် လာရန် အရေးကို လူခပ်သိမ်းတို့က မိမိတို့၏ အထက် သန်ဆုံးသော လိုလားချက် ဆန္ဒကြီး အဖြစ်ဖြင့် ကြွေးကြော်   ကြေ ညာပြီး ဖြစ်သောကြောင့် လည်းကောင်း၊ 

လူခပ်သိမ်း တို့သည် တရားမဲ့ အုပ်ချုပ်မှု၊ ဖိနှိပ်မှု တို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာ တော့သဖြင့် လက်နက် စွဲကိုင် တော်လှန်ခြင်း၊ ပုန်ကန် ခြင်းများ မပြုစေရန် လူ့အခွင့် အရေးများကို ဥပဒေဖြင့် ထိန်းသိမ်း ကာကွယ် ပေးရမည် ဖြစ်သောကြောင့် လည်းကောင်း၊ နိုင်ငံ အချင်းချင်း ခင်မင် ရင်းနှီးစွာ ဆက်ဆံ ရေးကို ပိုမို တိုးတက် စေရန် ကြံဆောင် ရမည် ဖြစ်သော ကြောင့် လည်းကောင်း၊ ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ များသည် မူလ အခွင့် အရေး များကို လည်းကောင်း၊ လူ၏ ဂုဏ် သိက္ခာကို လည်းကောင်း၊ အမျိုးးသား အမျိုး သမီး တို့၏ တူညီသော အခွင့် အရေး များကို လည်းကောင်း၊ လေးစား ယုံကြည် သက်ဝင် ပါသည် ဟု ကုလ သမဂ္ဂတွင် ထပ်လောင်း အတည်ပြု ပြီးသည့် အပြင် လူမှု ကြီးပွါး တိုးတက်ရေး နှင့်တကွ ပိုမို လွတ်လပ်သော လူ့ဘဝ အဆင့်အတန်းတို့ကို မြှင့်တင်ရန် သံဓိဌာန်ချပြီး ဖြစ်သော ကြောင့် လည်းကောင်း၊ 

ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တို့သည် ကုလ သမဂ္ဂ နိုင်ငံများ ပူးပေါင်း၍ လူ့အခွင့် အရေး များကို လည်းကောင်း အခြေခံ လွတ်လပ်ခွင့် များကို လည်းကောင်း ကမ္ဘာ တဝှမ်းလုံး တွင်ရှိသော လေးစား ကျင့် သုံး စောင့်စည်း ကြခြင်းကို အားပေး ထောက်ခံ မည်ဟု ကတိ ပြုပြီး ဖြစ်သော ကြောင့် လည်းကောင်း၊ 

ထိုသို့ အခြေ အနေ မျိုးတို့တွင် ထိုအခွင့်အရေးများ လွတ်လပ်ခွင့်များကို အားလုံး နားလည် သဘော ပေါက် ရန် အရေး ကြီးဆုံး ဖြစ်သော ကြောင့် လည်းကောင်း၊ 

ထို့ကြောင့် အထွေ ထွေ ညီလာခံ သည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေငြာ စာတမ်းကို လူတိုင်း အဖွဲ့ အစည်း တိုင်းက နှလုံး သွင်း၍ ကမ္ဘာ တဝှမ်းတွင် အဆိုပါ အခွင့် အရေးနှင့် လွတ်လပ် ခွင့် များကို ရိုသေ လေးစား ကြရန် ဆုံးမ သွန်သင် ခြင်းဖြင့် အားထုတ် ကြရ မည်ဟု လည်းကောင်း၊ ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ နှင့်ထို နိုင်ငံ တို့၏ ပြည်သူများ အား အဆိုပါ အခွင့် အရေးနှင့် လွတ်လပ် ခွင့် များကို ကျယ်ကျယ် ပြန့်ပြန့် ထိရောက်စွာ ကျင့်သုံး စောင့်စည်း ကြစေရန် ပြည်တွင်း ပြည်ပ ဆိုင်ရာ တိုး တက်သော ဆောင်ရွက် ချက် များဖြင့် အားထုတ် ကြရမည် ဟု လည်းကောင်း ရည်ရွယ် ပြီးလျှင် အပြည် ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေငြာ စာတမ်းကို နိုင်ငံ ခပ်သိမ်း လူ ခပ်သိမ်း တို့ တပြေး ညီ စွာ ဆောင် ရွက် ကြနိုင် စေရေး အတွက် ယခု ကြေငြာ စာတမ်းကို ထုတ်ပြန် လိုက်သည်။ 

အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေငြာ စာတမ်း 

အပိုဒ် (၁) လူသား တိုင်းသည် လွတ်လပ်၍ တန်း တူညီသော ဂုဏ် သိက္ခာနှင့် အခွင့် အရေး များဖြင့် မွေး ဖွား လာသူ ဖြစ်သည်။ ထိုလူသား သည် ဆင်ခြင်တုံ တရားနှင့် ကျင့်ဝတ်ကို တာဝန်သိ တတ် သော စိတ်တို့ ရှိကြ၍ တဦးနှင့် တဦး ညီရင်း အကို မောင်ရင်း နှမ စိတ်ဖြင့် ဆက်ဆံ သင့်သည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း လွတ်လပ်မှု ရှိကြပြီး တန်းတူ ညီမျှမှု ရှိသည်။ 

အပိုဒ် (၂) လူသားတိုင်း ဤလူ့အခွင့် အရေး ကြေငြာ စာတမ်းတွင် ဖေါ်ပြ ထားသည့် အခွင့် အရေးများ အားလုံး၏ လွတ်လပ် ခွင့်များ အားလုံးကို ပိုင်ဆိုင် ခံစားခွင့် ရှိသည်။ လူမျိုး၊ အသား အရောင်၊ လိင်၊ ဘာသာ စကား၊ ကိုးကွယ်သည့် ဘာသာ၊ နိုင်ငံရေး အယူ အဆ (သို့မဟုတ်) အခြား ယူဆချက်၊ နိုင်ငံရေး (သို့မဟုတ်) လူမူရေး ဇစ်မြစ်၊ ပစ္စည်း ဥစ္စာ၊ မျိုးရိုး ဇာတိ၊ အခြား အဆင့် အတန်း အားဖြင့် ခွဲခြားခြင်း မရှိစေ ရ။ 

ထို့ပြင် လူသား တဦး မှီတင်း နေထိုင်ရာ နိုင်ငံ (သို့မဟုတ်) နယ်မြေ ဒေသသည် လွတ်လပ်သော တိုင်းပြည် သည် အချုပ် အချာ အာဏာ ပိုင်သော လွတ်လပ်သောနိုင်ငံ (သို့မဟုတ်) ဒေသ ဖြစ်စေ၊ အစောင့် အရှောက်ခံ နယ်မြေ (သို့မဟုတ်) ဒေသ ဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ရေး မရှိသော နိုင်ငံ (သို့မဟုတ်) ဒေ သ ဖြစ်စေ၊ အချုပ်အချာအာဏာနှင့်ပတ်သက်၍ အခြားသောဘောင်တွင်း ကန့်သတ် ချက်များ ရှိနေသော နိုင်ငံ (သို့မဟုတ်) ဒေသ ဖြစ်စေ၊ ယခု လူ့အခွင့် အရေး များနှင့် ပတ်သက်၍ ခွဲခြားမှု လုံးဝ မရှိစေရ။ 

ရှင်းလင်းချက်။ ။ အသား အရောင်၊ လိင်၊ ကိုးကွယ်သည့် ဘာသာ၊ ဘာသာ စကား တို့ကြောင့် ခွဲခြားခြင်းး မရှိ စေရ။ 

အပိုဒ် (၃) လူတိုင်းတွင် အသက်ရှင် ရပ်တည်ခွင့်၊ လွတ်လပ်ခွင့် နှင့် လုံခြုံခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်းတွင် အသက်ရှင် ရပ်တည်ခွင့်၊ လွတ်လပ်ခွင့် နှင့် လုံခြုံခွင့် ရှိသည်။ 

အပိုဒ် (၄) မည်သူကမှ ကျွန်ပြုခြင်း၊ အစေ အပါး အဖြစ် နိုင်ထက် စီးနင်း ခိုင်းစေခြင်း မရှိစေရ။ လူသား တို့ကို ကျေးကျွန် သဖွယ် ခိုင်းစေခြင်း၊ ရောင်းဝယ်ခြင်း နှင့် ထိုသဘော သက်ရောက် စေသော ပုံစံ ဟူသမျှ ပိတ်ပင် တားမြစ် ရမည်။ 

ရှင်းလင်းချက်။ ။ မည်သူ့ ကိုမှ ကျွန်အဖြစ် ဆက်ဆံ ရောင်ဝယ်ခြင်း မပြုရ။ 

အပိုဒ် (၅) မည်သူကမှ နှိက်စက် ညှင်းပန်းခြင်း (သို့မဟုတ်) ရက်စက် ကြမ်းကြုတ် လူမဆန်စွာ ဂုဏ် ငယ် စေသော ဆက်ဆံ ခြင်းဖြင့် မဆက် ဆံရ၊ (သို့မဟုတ်) အပြစ် ပေးခြင်း မပြုရ။ 

ရှင်းလင်းချက်။ ။ မည်သူ့ ကိုမှ မနှိပ် စက်ရ။ 

အပိုဒ် (၆) လူတိုင်း နေရာ မရွေး ဥပဒေ ရှေ့မှောက်တွင် လူသား အဖြစ် အသိ အမှတ် ပြုခြင်း ခံပိုင်ခွင့် ရှိ သည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း တရား ဥပဒေ ရှေ့တွင် လူသား အဖြစ် အသိ အမှတ် ပြုခံ ရမည်။ 

အပိုဒ် (၇) လူတိုင်း တရား ဥပဒေ ရှေ့မှောက် တွင် တပြေးညီ တူညီ ကြပြီး တရား ဥပဒေ၏ ကာကွယ် မှုကို ခွဲခြားမှု မရှိ တူညီမှု အပြည့် စောင့်ရှောက် ခံပိုင်ခွင့် ရှိသည်။ ဤကြေငြာ စာတမ်းပါ အချက် များကို ဖီလာ ဆန့်ကျင် သည့် မည်သည့် ခွဲခြား မှုမျိုး (သို့မဟုတ်) ထိုသို့ ခွဲခြား မှုများ ကိန်းအောင်း စေအောင် လှုံ့ဆော်မှု များမှ ကင်းလွတ် စေရန် အကာ အကွယ်ကို တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း တရား ဥပဒေ ရှေ့တွင် ကျောသား ရင်သား မခွဲ ခြားဘဲ တန်းတူ ညီတူ ရှိသည်။ 

အပိုဒ် (၈) လူတိုင်း မိမိ တို့အား အခြေခံ ဥပဒေ (သို့မဟုတ်) ဥပဒေ အရ အပ်နှင်း ထားသော အခြေခံ အခွင့် အရေး များကို ချိုးဖေါက် ခံရသည့် အခါ နိုင်ငံတော် တရား စီရင် ရေးရုံး များတွင် ထိရောက်သော အရေးယူ ကုစား မှုများ ခံယူ ပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း အခွင့် အရေးများ လေးစား မခံရ သည့်အခါ ဥပဒေ၏ အကူ အညီကို တောင်းခံ ပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၉) မည်သူ ကမှ တရား လက်လွတ် အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ထိန်းသိမ်း ချုပ်နှောင် ထားခြင်း (သို့မဟုတ်) တိုင်းပြည်မှ နှင်ထုတ်ခြင်း မပြု လုပ်ရ။ 

ရှင်းလင်းချက်။ ။ မည်သူကမှ မတရား ဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်း မပြုရ။ 

အပိုဒ် (၁၀) လူတယောက်၏ အခွင့် အရေး၊ တာဝန် ဝတ္တရား များ နှင့်ပတ်သက် ၍ လည်းကောင်း၊ စွဲချက်တင် လာသော ပြစ်မှု များနှင့် ပတ်သက် ၍ လည်းကောင်း အဆုံး အဖြတ် ခံယူ ရာတွင် လူတိုင်း သည် လွတ်လပ်၍ ဘက် မလိုက်သော တရား စီရင်မှု၊ ရုံးတော်တွင် လူအများ တက်ရောက် ကြား နာ နိုင်သော စစ်ဆေး မှုမျိုးကို တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း တရား မျှတ၍ လူအများ ကြားနာ နိုင်သော တရား စီရင်မှုကို ခံစား ပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၁၁) (က) တရား ဥပဒေ ချိုးဖေါက် သည့် အမှုဖြင့် တရား စွဲဆိုခြင်း ခံရသူ တိုင်းသည် မိမိ ကိုယ်မိမိ ကာကွယ် နိုင်ရန် လိုအပ်သော ဆောင်ရွက် စရာ များကို ဆောင်ရွက် နိုင်ခွင့် အပြည့် အဝ ရရှိပြီး လူအများ ရှေ့တွင် ဥပဒေ အတိုင်း စစ်ဆေး၍ အပြစ် ကျူးလွန် သည်ဟု ထင်ရှားပြီး စီရင်ချက် အတိ အကျ မချ မချင်း ထိုလူတွင် အပြစ် မရှိဟု ခံယူ ပိုင်ခွင့် ရှိသည်။ 

(ခ) တစုံ တယောက်၏ လုပ်ဆောင် ခဲ့သော အပြု အမှုနှင့် စပ်လျဉ်း ၍ ထိုအပြု အမှု ပြုလုပ် ခဲ့စဉ် အချိန် အခါက ထုတ်ပြန် ထားသော နိုင်ငံတော် (သို့မဟုတ်) နိုင်ငံ တကာ ဆိုင်ရာ ဥပဒေ အရ ငြိစွန်းသာ ပြစ်မှု တခု အဖြစ် ခိုင်ခိုင် လုံလုံ မတင်ပြ နိုင်ခဲ့လျှင် ထိုသူအား အဆိုပါ အပြု အမှု အတွက် အပြစ် ရှိသည်ဟု မယူ ဆနိုင်။ ထို့အတူ ကျူးလွန်သော ပြစ်မှု အတွက် ပြစ်မှု ကျူးလွန် စဉ်အခါက ထိုက်သင့် စေနိုင်သော အပြစ် ဒဏ်ထက် ပိုမို ကြီးလေး သော အပြစ် ဒဏ်ပေးခြင်း မရှိ စေရ။ 

ရှင်းလင်းချက်။ ။ လူတယောက် အပေါ် အပြစ် ရှိသည်ဟု ခိုင်လုံသော စီရင်ချက် မချ မချင်း ထိုသူသည် အပြစ် မရှိ ဟု ယူဆ ရမည်။ 

အပိုဒ် (၁၂) မည်သူ၏ ကိုယ်ရေး ကိုယ်တာ ကိစ္စများ၊ မိသားစုနှင့် သက်ဆိုင်သော ကိစ္စများ၊ နေအိမ်နှင့် စာပေး စာယူ ကိစ္စများ တို့ကိုမှ ဥပဒေ အရ မဟုတ်သော ဝင်ရောက် စွက်ဖက်မှု မခံစေရ။ ထို့ပြင် ထိုသူ၏ ဂုဏ် သိက္ခာကို ပုတ်ခတ် ပိုင်ခွင့် မရှိ။ လူတိုင်းတွင် ထိုသို့ စွက်ဖက် ခြင်းမှ သော် လည်းကောင်း၊ ပုတ်ခတ် ခံရခြင်း ကိုသော် လည်းကောင်း ဥပဒေ အရ ကာကွယ် ပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ မကောင်းသော ရည်ရွယ်ချက် များဖြင့် အခြား သူ၏ အိမ် အတွင်း သို့ ဝင် ရောက်ခြင်း စာ များ ဖေါက် ဖတ်ခြင်း များ မပြု လုပ်ရ။ 

အပိုဒ် (၁၃) (က) လူတိုင်း မိမိ တိုင်းပြည် နယ်နမိတ် အပိုင်း အခြား အတွင်း လွတ်လပ်စွာ သွား လာ ရွှေ့ပြောင်း နေထိုင် ခွင့် ရှိသည်။ 

(ခ) လူတိုင်း မိမိ တိုင်းပြည် အပါ အဝင် အခြား မည်သည့် တိုင်းပြည်ကို မဆို ထွက်ခွါ ခွင့်နှင့် မိမိ တိုင်းပြည် သို့ ပြန်လာ ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း မိမိ တိုင်းပြည် အတွင်း လွတ်လပ်စွာ လှုပ်ရှား သွားလာ ခွင့် ရှိသည်။ 

အပိုဒ် (၁၄) (က) လူတိုင်း မတရား အပြစ်ပေး နှိပ်စက် မှုမှ လွတ်မြောက် ရန် အခြား တိုင်းပြည်တွင် ခိုလှုံ ခွင့် တောင်းခံ ပိုင်ခွင့် ရှိသည်။ 

(ခ) နိုင်ငံ ရေးနှင့် မသက် ဆိုင်သော ပြစ်မှုမျိုး (သို့မဟုတ်) ကုလ သမဂ္ဂ၏ ရည်မှန်း ချက် မူဝါဒ များကို ဖီလာ ဆန့်ကျင် သော ပြစ်မှု မျိုးကို အမှန် တကယ် ကျူးလွန် သောကြောင့် အကျိုးဆက် အဖြစ် ပေါ်ပေါက် လာသော အရေး ယူမှုမျိုး ဖြစ်ပါက ဤအပိုဒ် ပါ အခွင့် အရေးနှင့် အကြုံး ဝင်မှု မရှိပေ။ 

ရှင်းလင်းချက်။ ။ မည်သူ မဆို မတရား အပြစ် ပေးခံရတော့မည့် အခြေအနေမျိုး ရောက် ပါက အခြား နိုင်ငံ တနိုင်ငံ တွင် ခိုလှုံခွင့် တောင်းခံ ပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၁၅) (က) လူတိုင်း နိုင်ငံ တနိုင်ငံ ၏ နိုင်ငံ သား ဖြစ်ပိုင် ခွင့် ရှိသည်။ 

(ခ) မည်သူ ကမှ ၎င်း၏ နိုင်ငံသား ဖြစ်မှုမှ ကြောင်းကျိုးမဲ့ ပစ်ပယ်ခွင့် မရှိ စေရ။ ထိုသူ၏ နိုင်ငံ သား အဖြစ် ပြောင်းလဲ ပိုင်ခွင့် ကိုလည်း ငြင်းပယ် ခြင်း မရှိစေရ။ 

ရှင်းလင်းချက်။ ။ လူတိုင်း နိုင်ငံ တနိုင်ငံတွင် နိုင်ငံသား ဖြစ် ပိုင်ခွင့် ရှိသည်။ ဆန္ဒအရ အခြား နိုင်ငံသား အဖြစ် ကူးပြောင်း ပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၁၆) (က) အရွယ် ရောက် ပြီးသော အမျိုးသား နှင့် အမျိုး သမီး တိုင်းသည် လူမျိုး၊ တိုင်းရင်း သား (သို့မဟုတ်) ဘာသာ ရေး အကြောင်း ပြ၍ ချုပ်ချယ် ကန့်သတ် ခြင်း မရှိစေ ရဘဲ လက်ထပ် ခွင့်နှင့် မိသားစု ထူထောင် ပိုင်ခွင့် ရှိသည်။ လက်ထပ် ထိမ်းမြား ချိန်၊ ပေါင်းသင်း ချိန်နှင့် အိမ်ထောင် ပြိုကွဲသည့် အချိန် များတွင် လက်ထပ် ထိမ်းမြား ခြင်းနှင့် ပတ်သက် ၍ ထိုအမျိုး သားနှင့် အမျိုး သမီး တို့တွင် တူညီသော အခွင့် အရေးများ ရှိသည်။ 

(ခ) ရည်ရွယ် ထားသော သတိုး သားနှင့် သတိုး သမီး တို့၏ လွတ်လပ် သော သဘော ဆန္ဒကို အပြည့် အဝ ရယူ မှသာ လက်ထပ် ထိမ်းမြား ခြင်း ပြုရမည်။ 

(ဂ) မိသားစု ဘဝသည် လူ့အဖွဲ့ အစည်း၏ သဘာဝ ကျသော၊ အခြေခံ ကျသော အစိတ် အပိုင်း တခု ဖြစ်သည်။ မိသားစု ဘဝ များကို ကာကွယ် ပေးရန် လူ့အဖွဲ့ အစည်းနှင့် အစိုးရ တို့တွင် တာဝန် ရှိ သည်။ 

ရှင်းလင်းချက်။ ။ အရွယ်ရောက် ပြီးသော လူတိုင်း လက်ထပ် ထိမ်းမြား ပိုင်ခွင့်နှင့် မိသားစု ထူထောင်ခွင့် ရှိသည်။ 

အပိုဒ် (၁၇) (က) လူတိုင်း သည် ဓန ပစ္စည်း များကို မိမိ တဦးချင်း ဖြစ်စေ၊ အခြား သူများနှင့် ဖက်စပ် ၍့ ဖြစ်စေ ပိုင်ဆိုင် ခွင့် ရှိသည်။ 

(ခ) မည်သူ တဦး တယောက်၏ ကိုယ်ပိုင် ပစ္စည်း ကိုမှ ဥပဒေ ကြောင်းကျိုးမဲ့ သိမ်းပိုက် ခြင်း မရှိ စေရ။ 

ရှင်းလင်းချက်။ ။ လူတိုင်း ကိုယ်ပိုင် ပစ္စည်း ပိုင်ဆိုင် ခွင့် ရှိသည်။ 

အပိုဒ် (၁၈) လူတိုင်း လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ခံယူ ရပ်တည် ပိုင်ခွင့်နှင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသည်။ ဤလုပ်ပိုင် ခွင့်အရ မိမိ ကိုးကွယ် သော ဘာသာကို (သို့မဟုတ်) သက်ဝင် ယုံကြည် ချက် ကို လွတ်လပ် စွာ ပြောင်းလဲ ပိုင်ခွင့် ရှိသည်။ ထို့ပြင် မိမိ တဦးတည်း သော် လည်းကောင်း၊ အခြား သူများနှင့် စုပေါင်း၍ သော် လည်းကောင်း အများ ရှေ့တွင် ဖြစ်စေ (သို့မဟုတ်) မိမိ သီးသန့် တွင်ဖြစ်စေ မိမိ ကိုးကွယ် ယုံကြည်မှု (သို့မဟုတ်) ဘာသာကို လွတ်လပ်စွာ သင်ပြ နိုင်ခွင့်၊ ကျင့်သုံးခွင့်၊ ဝတ်ပြု ကိုးကွယ် ခွင့်နှင့် ဆောက်တည် ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့် ရှိပြီးဆန္ဒရှိပါကအခြား ဘာသာ သို့ ပြောင်းလဲ ကိုးကွယ် ခွင့် ရှိသည်။ 

အပိုဒ် (၁၉) လူတိုင်း လွတ်လပ် စွာ ထင်မြင် ယူဆ ပိုင်ခွင့်နှင့် လွတ်လပ် စွာ ဖွင့်ဟ တင်ပြ ပိုင်ခွင့် ရှိသည်။ ထိုအခွင့် အရေး များအရ မိမိ တင်ပြ ချက် များကို အနှောင့် အယှက် အဟန့် အတား မရှိ ခံယူ ကျင့်သုံး ပိုင်ခွင့် ရှိသည်။ နယ်မြေ ပိုင်းခြားမှု မရှိဘဲ သတင်းစာ စာနယ်ဇင်း များမှ တဆင့် သတင်းများ၊ အယူ အဆ များကို ရှာဖွေ ဆည်းပူး ခွင့်၊ လက်ခံ ပိုင်ခွင့်နှင့် ဖြန့်ဖြူး ပိုင်ခွင့် တို့ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း မိမိ ယူဆချက် များကို လွတ်လပ်စွာ ဖေါ်ထုတ် တင်ပြခွင့် ရှိပြီး သတင်း များကို ရယူ ပိုင်ခွင့် လည်း ရှိသည်။ 

အပိုဒ် (၂၀) လူတိုင်း ငြိမ်းချမ်းစွာ လူစု လူဝေး စုဝေး ပိုင်ခွင့်နှင့် အသင်း အဖွဲ့များ ထူထောင် ဖွဲ့စည်း နိုင်ခွင့် ရှိသည်။ မည်သူ ကမှ ၎င်း၏ ဆန္ဒ သဘော ထား မပါဘဲ အဖွဲ့ အစည်း တခုသို့ ဝင်ရန် အတင်း အကြပ် မပြုရ။ 

ရှင်းလင်းချက်။ ။ လူတိုင်း ငြိမ်းချမ်း သော နည်းဖြင့် ဖွဲ့ထား သော အဖွဲ့ များတွင် ဝင်ရောက် ခွင့် ရှိသည်။ 

အပိုဒ် (၂၁) (က) လူတိုင်း မိမိ တိုင်းပြည်၏ အုပ်ချုပ်ရေး လုပ်ငန်း များတွင် တိုက်ရိုက် သော် လည်းကောင်း၊ လွတ်လပ်စွာ ရွေးချယ် တင်မြှောက် ထားသည့် ကိုယ်စားလှယ် များမှ တဆင့် သော် လည်းကောင်း ပါဝင် ဆောင်ရွက် ပိုင်ခွင့် ရှိသည်။ 

(ခ) လူတိုင်း မိမိ တိုင်းပြည် အတွင်းရှိ ပြည်သူ့ ဝန်ထမ်း အဖွဲ့ လုပ်ငန်း များတွင် ဝင်ရောက် နိုင်ရန် တူ ညီသော အခွင့် အလမ်း များ ရှိသည်။ 

(ဂ) အစိုးရ အာဏာသည် ပြည်သူ လူထု၏ ဆန္ဒ အပေါ်တွင် အခြေခံ ရမည်။ ပြည်သူ့ ဆန္ဒ များ ကို အချိန် ပိုင်းခြား လျှက် ကျင်းပ ပေးသည့် စစ်မှန်သော ရွေးကောက် ပွဲများ ဖြင့်ဖေါ် ထုတ် စေရမည်။ ရွေးကောက်ပွဲ များတွင် လူတိုင်း အညီ အမျှ မဲပေး နိုင်ခွင့် ရှိရမည့် အပြင် ထိုရွေးကောက် ပွဲများကို လျှို့ဝှက် မဲပေး စံနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ် သော မဲပေး စနစ်ဖြင့် ဖြစ်စေ ကျင်းပ ရမည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း မိမိ တိုင်းပြည်၏ အစိုးရကို မိမိ ဆန္ဒ ဖြင့် ရွေးချယ် တင်မြှေက် ပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၂၂) လူသား တိုင်းသည် လူ့အဖွဲ့ အစည်း၏ အဖွဲ့ဝင် တယောက် ဖြစ်သည့် အားလျော်စွာ လူမှုရေး လုံခြုံခွင့် ခံစား ပိုင်ခွင့် ရှိရမည်။ ထို့ပြင် မိမိ၏ ကိုယ်ပိုင် အရည် အသွေးနှင့် ကိုယ်ပိုင် ဂုဏ်သိက္ခာ တို့ကို လွတ်လပ်စွာ တိုးတက် ဖွံ့ဖြိုး စေရေး အတွက် မလွဲ မသွေ လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေး မူ ဆိုင်ရာ အခွင့် အရေး များကို သဘောပေါက် ခံယူ နိုင်ရန် အခွင့် အရေးများ ရှိရမည်။ ထိုသို့ သဘောပေါက် ခံယူ နိုင်ရန် မိမိ နိုင်ငံ၏ ဖွဲ့စည်းပုံ၊ နိုင်ငံရှိ အရင်း အမြစ် အင်အား များနှင့် လိုက်လျော ညီထွေ ဖြစ်သည့် နိုင်ငံတော် ၏ ကြိုးပမ်း ဆောင်ရွက် မှုများဖြင့် တမျိုး၊ နိုင်ငံ တကာ၏ ပူးပေါင်း ဆောင် ရွက်မှု များဖြင့် တဖုံ ဆောင်ရွက် ရမည်။ 

ရှင်းလင်းချက်။ ။ လူတိုင်းတွင် လူမှု ဘဝ လုံခြုံရေး ခံစားခွင့် ရှိသည်။ မိမိ အတတ် ပညာများ တိုး တက် စေ မည့် အခွင့် အလမ်း များကို လည်း ခံစားခွင့် ရှိသည်။ 

အပိုဒ် (၂၃) (က) လူတိုင်း အလုပ် လုပ်ခွင့်၊ မိမိ အလုပ်ကို မိမိ ရွေးချယ် ပိုင်ခွင့်နှင့် တရား မျှတ၍ သင့်လျော် သော လုပ်ငန်း ခွင်ကို ရွေးချယ် ခွင့်နှင့် အလုပ် လက်မဲ့ ဖြစ်ရ ခြင်းမှ ကာကွယ်မှု ရရှိ ခွင့်များ ခံ စား ပိုင်ခွင့် ရှိသည်။ 

(ခ) လူတိုင်း ခွဲခြားမှု မရှိဘဲ တူညီသော အလုပ် အတွက် တူညီသော အခ ကြေးငွေကို ရရှိ ခံစား ပိုင်ခွင့် ရှိသည်။ 

(ဂ) အလုပ် လုပ်သည့်လအတွင်းမိမိနှင့်မိမိ၏မိသားစုအတွက် လူ့ဂုဏ် သိက္ခာနှင့် ညီညွှတ် အောင် နေထိုင် စားသောက် နိုင်ရန် စိတ်ချ လောက်သည့် အပြင် တရား မျှတ၍ သင့် တင့် လျောက် ပတ်သော လစာ ခံစား ပိုင်ခွင့် ရှိသည်။ လိုအပ် ပါက အခြား နည်းလမ်း များမှ လူမှုရေး အထောက် အပံ့ များကို လည်း ထပ်မံ ရပိုင်ခွင့် ရှိသည်။ 

(ဃ) လူတိုင်း မိမိ အကျိုး စီးပွါးကို ကာကွယ်ရန် အလုပ် သမား သမဂ္ဂများ ဖွဲ့စည်း ပိုင်ခွင့်နှင့် ဝင်ရောက် ပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း သင့်တော် သော လစာဖြင့် အလုပ် လုပ်ပိုင်ခွင့် ရှိသည်။ အလုပ် သမား သမဂ္ဂ များ ကို ဝင်ရောက် ပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၂၄) လူတိုင်း သင့်တင့် လျောက် ပတ်သော အလုပ်ချိန် အပြင် အခါ အားလျော်စွာ သတ်မှတ် ထားသော လစာနှင့် ခွင့်ယူခွင့် အပါ အဝင် အပန်းပြေ အနား ယူခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း အပန်းပြေ အနား ယူခွင့် ရှိသည်။ 

အပိုဒ် (၂၅) (က) လူတိုင်း သည် မိမိနှင့်မိမိ၏မိသားစု ကျန်းမာ ရေးနှင့် တကွ ကိုယ် စိတ် နှစ်ဖြာ အေးချမ်း စွာ နေထိုင် နိုင်ရေး အတွက် လိုအပ်သော အစား အစာ၊ အဝတ် အစား၊ အိုး အိမ်၊ ဆေးဝါး ပစ္စည်းနှင့်အခြားလိုအပ်သော လူမှုရေးအထောက်အပံ့များ ပါဝင်သော သင့် တင့် လျောက် ပတ် သည့် လူမှု အဆင့် အတန်းကို ရယူ ခံစားခွင့် ရှိသည်။ 

ထို့ပြင် အလုပ် လက်မဲ့ ဖြစ်သည့် အခါတွင် လည်းကောင်း၊ မကျန်း မမာဖြစ်သည့် အခါတွင် လည်း ကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန် ဖြစ်သည့် အခါတွင် လည်းကောင်း၊ မိမိ ခင်ပွန်း (သို့မဟုတ်) ဇနီး သေဆုံး သွားသော အခါတွင် လည်းကောင်း၊ အသက် အရွယ် အိုမင်း လာသော အခါတွင် လည်းကောင်း၊ မိမိ ပယောဂ ကြောင့် မဟုတ်သော အလုပ် အကိုင် မဲ့ခြင်းကို ရင်ဆိုင် ရသော အခါတွင် လည်းကောင်း နေထိုင် စားသောက်ရေး အတွက် လုံခြုံ စိတ်ချ ရမှု၊ အခွင့် အရေး ခံစား ပိုင်ခွင့် ရှိသည်။ 

(ခ) သားသည် မိခင် များနှင့် ခလေးငယ် များကို အထူး စောင့်ရှောက် ခြင်းနှင့် အကူ အညီ ပေးခြင်း တို့ကို ပေးရမည်။ တရားဝင် လက်ထပ် ထိမ်းမြားပြီး မွေးလာသော ကလေး ဖြစ်စေ တူညီသော လူမှု ကာကွယ် စောင့်ရှောက် ရေးကို ခံစား ပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း လုံလောက် သော လူနေမှု အဆင့် အတန်းနှင့် ဆေးကုသ ခံပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၂၆) (က) လူတိုင်း ပညာ သင်ကြား ပိုင်ခွင့် ရှိသည်။ အနည်းဆုံး မူလတန်း ပညာနှင့် အခြေခံ အဆင့် ပညာရေး သည် အခမဲ့ ဖြစ်စေ ရမည်။ မူလတန်း ပညာသည် မသင် မနေရ ဖြစ်ရမည်။ စက်မှု လက်မှု ပညာနှင့် အသက် မွေးဝမ်းကြောင်း ပညာ များကို ယေဘုယျ အားဖြင့် လူအများ သင်ကြား ပိုင်ခွင့် ရှိရမည်။ အထက် တန်း ပညာနှင့် အဆင့်မြင့် ပညာမျုားကို အရည် အချင်း ပေါ်မူတည်၍ သင်ကြား နိုင်ရန် တူညီသော အခွင့် အလမ်း ရှိစေ ရမည်။ 

(ခ) ပညာ ရေးကို လူသား တို့၏ ကိုယ်ပိုင် အရည် အသွေးများ တိုးတက် ဖြစ်ပေါ် ပြည့်ဝ လာစေ ရန်နှင့် လူ့အခွင့် အရေး အခြေခံ လွတ်လပ် ခွင့်များကို လေးစားမှု ပိုလာ ကြစေရန် ဦးတည် ထားရမည်။ ပညာရေး သည် တနိုင်ငံနှင့် တနိုင်ငံ၊ လူမျိုး တမျိုးနှင့် တမျိုး၊ ဘာသာရေး အသင်း အဖွဲ့ တဖွဲ့နှင့် တဖွဲ့ အကြား နားလည်မှု၊ သဘော ထားကြီးမှု၊ ချစ်ကြည် ရင်းနှီးမှုတို့ တိုးတက် ဖြစ်ပေါ် လာစေ ရန်နှင့် ကမ္ဘာ့ ငြိမ်း ချမ်းရေး တည်တံ့ စေရန် ကုလ သမဂ္ဂက တာဝန်ယူ ဆောင်ရွက် နေသော လုပ်ငန်းများ အဓွန့် ရှည်စေ ရန် ဆောင်ကျဉ်း နိုင်ရမည်။ 

(ဂ) မိဘ များသည် မိမိ တို့၏ ရင်သွေးများ သင်ယူ ရမည့် ပညာ အမျိုး အစားကို ရွေးချယ် နိုင် သော လက် ဦး အခွင့် အရေး ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း ပညာ သင်ခွင့် ရှိသည်။ မူလတန်း ပညာသည် မသင် မနေရ အခမဲ့ ဖြစ်ရမည်။ 

အပိုဒ် (၂၇) (က) လူတိုင်းသည် လူ့အဖွဲ့ အစည်း၏ ယဉ်ကျေးမှု ဘဝတွင် လွတ်လပ်စွာ ပါဝင် ပိုင်ခွင့်၊ အနု ပညာ သုခုမ ပညာရပ် များကို လွတ်လပ်စွာ လိုက်စား မွေ့လျော် နိုင်ခွင့်၊ သိပ္ပံ ပညာ ထွန်းကားရေး လုပ်ငန်း များ တွင် လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင် ခွင့်နှင့် ထိုပညာ၏ အကျိုး အမြတ် တို့ကို လွတ်လပ်စွာ သုံးစွဲ ပိုင်ခွင့် ရှိသည်။ 

(ခ) လူတိုင်းသည် မိမိ ကိုယ်ပိုင် ဥာဏ်ဖြင့် ကြံစည် ဖန်တီး မှုမှ ဖြစ်ထွန်း လာသော သိပ္ပံ ပညာ ဆိုင်ရာ တီထွင် မှုများ၊ စာပေ ပညာ ဆိုင်ရာ (သို့မဟုတ်) အနု ပညာ ဆိုင်ရာ ဖန်တီး မှုများ တို့၏ ဂုဏ်နှင့် ရုပ်ဝ တ္တုပိုင်း ဆိုင်ရာ အကျိုး အမြတ် များကို ခံစား ရယူ နိုင်ရန် အတွက် ကာကွယ် မှုများ ရပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း မိမိ ပတ်ဝန်း ကျင်၏ ယဉ်ကျေးမှု ဘဝတွင် ပါဝင် ပိုင်ခွင့် ရှိသည်။ 

အပိုဒ် (၂၈) လူတိုင်း ဤစာတမ်း တွင် ဖေါ်ပြ ထားသည့် အခွင့် အရေး များနှင့် လွတ်လပ် ခွင့်များကို အပြည့် အဝ အလေးထား အသိ အမှတ် ပြုသော လူမှု ဆက်ဆံရေး အခြေ အနေနှင့် နိုင်ငံ တကာ ဆက် ဆံရေး အခြေ အနေ တို့၏ အကျိုး ကျေးဇူးကို ခံစား ပိုင်ခွင့် ရှိသည်။ 

ရှင်းလင်းချက်။ ။ လူတိုင်း ယခု ဖေါ်ပြပါ အခွင့် အရေးများ ထွန်းကားရန် လိုအပ်သော အချက် များ ကို လေးစားရန် လိုအပ်သည်။ 

အပိုဒ် (၂၉) (က) လူသား တိုင်းသည် မိမိကိုယ်ပိုင်အရည်အသွေးကို တိုးတက် ဖြစ်ပေါ် ပြည့်ဝ လာအောင် လွတ်လွတ် လပ်လပ် ဆောင်ရွက်မှု ပေးနိုင်သော လူ့ဘောင်အား ပြန်လည် ပေးဆပ်ရန် တာဝန် ဝတ္တရား ရှိသည်။ 

(ခ) လူတဦး တယောက် သည် မိမိ၏ အခွင့် အရေးနှင့် လွတ်လပ် မှုကို ရယူ ရာတွင် အခြားသူ များ၏ အခွင့် အရေးနှင့် လွတ်လပ် ခွင့်များကို ထိုက်ထိုက် တန်တန် အသိ အမှတ်ပြု လေးစား ရမည်။ ဒီမို ကရေစီ စနစ် ထွန်းကား သော လူ့အဖွဲ့ အစည်းတွင် ကိုယ်ကျင့် တရား ကောင်းမွန် ရေး၊ စည်းကမ်း သေဝပ်မှု ရှိရေးနှင့် ပြည်သူ့ အကျိုး စီးပွား ဖြစ်ထွန်းရေး တို့အတွက် တရား မျှတစွာ ကျင့်ဆောင် ရန်အတွက် ရည် ရွယ်၍ ပြဌာန်း ထားသော ကန့်သတ် ချက်မျိုးကို လူတိုင်း လိုက်နာ ရမည်။ 

(ဂ) ဤအခွင့် အရေး များနှင့် လွတ်လပ် ခွင့်များကို ကမ္ဘာ့ ကုလ သမဂ္ဂ၏ ရည်မှန်း ချက်နှင့် အခြေ ခံမူ များအား ဆန့်ကျင် သော ကိစ္စရပ် များတွင် ရယူ ကျင့်သုံး ပိုင်ခွင့် မရှိစေရ။ 

ရှင်းလင်းချက်။ ။ လူတိုင်း အခြားသူ များ၏ အခွင့် အရေး များကို လေးစား ရမည်။ 

အပိုဒ် (၃၀) ဤစာတမ်းပါ အခွင့် အရေး များနှင့် လွတ်လပ် ခွင့်များကို ဖျက်လို ဖျက်ဆီး ဖြစ်စေ မည့် လုပ်ငန်း ရပ်များအား မည်သည့် နိုင်ငံ၊ မည်သည့် အဖွဲ့ အစည်း၊ မည်သည့် ပုဂ္ဂိုလ် ကမှ ကိုယ်တိုင် လုပ်ဆောင်ခွင့်၊ ပါဝင် လုပ်ဆောင် ခွင့် မရှိကြောင်း ဤကြေငြာ စာတမ်းက အတိ အလင်း ကြေငြာသည်။ 

ရှင်းလင်းချက်။ ။ ယခု စာတမ်းပါ အချက် အလက် များကို မည်သူ တဦး တယောက် ကမှ ချိုးဖေါက်ခြင်း မပြုရ။ 

(Translation Resource: HREIB) 

ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုး များအား ဘင်္ဂါလီ လူမျိုး များဟု အာဏာပိုင် များက အတင်း အကြပ် လက်မှတ် ရေးထိုးခိုင်း နေခြင်းသည် လူသား အခွင့် အရေးအား အစွမ်းကုန်၊ ကမ်းကုန်၊ အာဏာကုန် ချိုးဖေါက် နေခြင်း ဖြစ်သည်။ 

ရိုဟင်ဂျာ များသည် ခေတ် အဆက် ဆက်ကပင် မြန်မာ့ မြေပေါ်တွင် အခြား တိုင်းရင်း သား လူမျိုး များနှင့် ချစ်ခင် ရင်းနှီးစွာ အေးအတူ ပူအမျှ နေထိုင် ခဲ့ကြသည်။ အင်္ဂလိပ် ခေတ်၊ ဂျပန် ခေတ် များ၌လည်း အင်္ဂ လိပ် အစိုးရ ပြုတ် ကျရေး၊ ဂျပန် တို့အား မောင်း ထုတ်ရေး တို့၌ စွမ်းစွမ်း တမံ ကြိုးပမ်း အား ထုတ် ဖြုတ်ချ၊ မောင်းထုတ် ခဲ့ကြ သည်။ ရိုဟင်ဂျာတွင် ပညာတတ် များ ပေါကြွယ်ဝ၍ တိုင်းပြည် ဝန်ထမ်း များ၊ ပါလီမန် အမတ်များ၊ ရိုဟင်ဂျာ ဝန်ကြီး များက တိုင်းပြည် တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင် ခဲ့ ကြသည်။ တိုင်းပြည် အကျိုး သယ်ပိုး ခဲ့ကြ သည်။ ဦးနေဝင်း လက်ထက် မှစ၍ စစ်အစိုးရ အဆက်ဆက်၊ ယခု စစ်အစိုးရ ထက်ပင် ဆိုးသော ဦးသိန်းစိန် အစိုးရ လက်ထက် အထိ ရိုဟင်ဂျာ များအား စံနစ် တကျ စီမံကိန်း များချ၍ စီးပွါးရေး၊ ပညာရေး၊ လူမူရေး၊ ကျန်းမာရေး တို့၌ နိမ့်ကျအောင် ဘက် ပေါင်းစုံမှ လုပ်ဆောင်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာ အနာတရ ဖြစ်အောင် ထိုးနှက်ခြင်း၊ ရိုဟင်ဂျာ တို့အား တရွာမှ တရွာ သို့ ပင် ခရီး သွားလာခွင့် ပိတ်ပင်ခြင်း တို့အား တစ တစ တိုးမြှင့် ဆောင်ရွက် ရင်း ယခု ဒီမိုကရေစီ အစိုးရ လက်ထက်၌ လူမျိုးတုံး သတ်ဖြတ် ခြင်းအား ဂိတ်ဆုံး လုပ်ဆောင် နေခြင်း ဖြစ်သည်။ 

ဦးသိန်းစိန် အစိုးရအား ပြောချင် သည်မှာ မြေမျို၍သာ လူမျိုး ပျောက်ချင် ပျောက်မည်။ လူမျို၍ လူမျိုး မပျောက် နိုင်ပါ။ ဦးနေဝင်း လက်ထက် ၁၉၇၈ ခုနှစ်၌ ရိုဟင်ဂျာ လူမျိုး များအား ဘင်္ဂါလီ လူမျိုး များဟု အမည် တပ်၍ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ နဂါးမင်း စစ်ဆင် ရေးဖြင့် မောင်းထုတ် ခဲ့သည်။ သို့သော် ရိုဟင်ဂျာ လူမျိုး များ၏ နိုင်ငံသား ဖြစ်မှု၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ၏ ကန့်ကွက်မှု၊ တကမ္ဘာ လုံး၏ ကန့်ကွက်မှု ဖိအား များကြောင့် ရိုဟင်ဂျာ လူမျိုး များအား မြန်မာ နိုင်ငံသား များဖြစ်သည်ဟု ဝန်ခံ၍ ဟင်္သာ စီမံချက်ဖြင့် ဘင်္ဂ လား ဒေ့ရှ် နိုင်ငံ၌ ခိုလှုံ နေရ သော ရိုဟင်ဂျာ လူမျိုး များအား ကမ္ဘာသိ ပြန်လည် လက်ခံ ခဲ့ရသည်။ ထိုအချိန် မှစ၍ ဦးနေဝင်း အစိုးရသည် ရိုဟင်ဂျာ များအား သိုသို သိပ်သိပ် ညှင်းပန်း နှိပ်စက်ရင်း ဦးနေဝင်း အစိုးရ ပြုတ်ကျ ခဲ့သည်။ ဦးနေဝင်း အစိုးရ ပြုတ်ကျ ပြီးနောက် ဦးနေဝင်း၏ တပည့်ရင်း ခင်ညွန့် လက် ထက်၌ ရိုဟင်ဂျာ များအား စစ်တွေမြို့မှ ကျော်၍ ပြည်မ ဖက်သို့ လာရောက် ခွင့် ပိတ်ပင် ခဲ့သည်။ ထိုမှတဆင့် ထက် တဆင့် တက်၍ တရွာမှ တရွာ သို့ပင် ခရီး သွားလာခွင့် မပေး တော့ဘဲ ယခု ဦးသိန်းစိန် အစိုးရ လက်ထက်၌ ဂိတ်ဆုံး လူမျိုးတုံး သတ်ဖြတ်ခြင်း အဆင့် သို့ပင် ရောက်ရှိ လာပြီ ဖြစ်သည်။ ယခုအခါ သိန်းစိန်နှင့် အပေါင်း အပါ တို့သည် ရိုဟင်ဂျာ လူမျိုး များအား အတင်း အကြပ် ဘင်္ဂါလီဟု လက် မှတ် ရေးထိုးခိုင်း နေခြင်းအား လက်တလော လုပ်ဆောင် နေသည်။ ယင်းသည် အပြည် ပြည် ဆိုင်ရာ လူ့ အခွင့် အရေး ကြေငြာ စာတမ်း အား ဖေါက်ဖျက် နေခြင်း ဖြစ်သည်။ 

ရိုဟင်ဂျာ များသည် ၎င်းတို့ကို ၎င်းတို့ ရိုဟင်ဂျာဟု လွတ်လပ် စွာ ခံယူ ပိုင်ခွင့် ရှိသည်။ ယင်းကို မည်သည့် အစိုးရ မည်သည့် အဖွဲ့ အစည်း ကမှ ကန့်သတ် ချုပ်ချယ် ပိုင်ခွင့် မရှိ။ ခေတ် အဆက် ဆက်ကပင် ရိုဟင်ဂျာဟု အမည် တွင်ကာ မြန်မာ ပြည်၌ နေထိုင်ခဲ့ ကြသည့် မြန်မာ မှတ်ပုံတင် ကိုင်ဆောင် ခဲ့သော ရိုဟင်ဂျာ လူမျိုးများ အား ခင်ညွန့် လက်ထက် မှစ၍ မှတ်ပုံတင် ထုတ်မပေး တော့ဘဲ ယာယီကတ် များသာ ထုတ်ပေး ခြင်းဖြင့် ယင်းတို့ သည် ဘင်္ဂါလီများ ဖြစ်မသွားပါ။ ရိုဟင်ဂျာ သည် ရိုဟင်ဂျာ သာ ဖြစ်သည်။ ကမ္ဘာ တည်သရွေ့ ရိုဟင်ဂျာ ပင် ဖြစ်နေမည် ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus