နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့မှ ရိုဟင်ဂျာ ဒုက္ခသည် (၅) ဦး ဖမ်းဆီးခံရ


RB News 
12.5.2013 

စစ်တွေ ။ ။ ယနေ့ (မေလ ၁၂ ရက်) နေ့လည် ၂ နာရီကျော် ခန့်တွင် စစ်တွေမြို့ သက္ကေပြင် ဒုက္ခသည် စခန်းမှ အပြစ်မဲ့ ရိုဟင်ဂျာလူမျိုး (၅) ဦးကို စစ်တွေခရိုင် ရဲမှူးကြီးနှင့် အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်း ရရှိ ပါသည်။ 

စစ်တွေ ခရိုင် ရဲမှူးကြီးမှ ဒုက္ခသည် စခန်းများ၏ နယ်ထိန်း တာဝန်ကို ယူထားသည် ဟုသိရှိ ရသည်။ နေ့ လည် (၂) နာရီ ကျော်တွင် သက္ကေပြင် ဒုက္ခသည် စခန်းရှိ ဗလီတွင် ၀တ်ပြုပြီး ထွက်လာသည့် အချိန်တွင် အတင်း အဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားခြင်း ဖြစ်သည်။ တဖန် ညနေပိုင်း တွင်လည်း ခရိုင် ရဲမှူး ကြီး မှ သောက် စား မူးယစ်ပြီး ၎င်း၏ ကိုယ်ပိုင် ကားဖြင့် ရိုဟင်ဂျာ ဒုက္ခသည် စခန်းများ ရှိရာသို့ လာရောက် ရာ တွင် ကားကို စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် လမ်းသွား လမ်းလာများ၊ ကားမောင်း သူများ၊ စက်ဘီး၊ ဆိုက္ကားနှင့် ဆိုင်ကယ် မောင်းနှင်သူ များအတွက် အန္တရာယ်နှင့် စိတ်အနှောက် ယှက် ဖြစ်စေ ခဲ့သည်။ 

ယနေ့ ဖမ်းဆီး ခံရသူ များထဲတွင် အငြိမ်း ရဲတပ်ကြပ်ကြီး ဦးမောင်လှလည်း အပါအ၀င် ဖြစ်သည်။ 

ဖမ်းဆီး ခံရသူ များမှာ - 

(၁) ဦးကဘီရ် အဟမတ် (ဘ) ဦးဖော်ဇော်လ် အဟမတ် (အသက် ၄၅ နှစ်) စက်ရုံစု ရပ်ကွက် 
(၂) ဦးမုစ်တာရ် အဟမတ် (ဘ) ဦးဆယာဒ် ဟူစိန်း (အသက် ၂၅ နှစ်) စက်ရုံစု ရပ်ကွက် 
(၃) ဦးမောင်လှ (ဘ) ဦးအဗ်ဒူရှကူရ် (အသက် ၆၅ နှစ်) ကုန်းတန်း ရပ်ကွက် 
(၄) ဦးအဘူလ်ကာလာမ် (ဘ) ဦးဆယာဒ်အလီ (အသက် ၂၅ နှစ်) စက်ရုံစု ရပ်ကွက် 
(၅) ဦးအဒူရာမန် (ဘ) ဦးကာဒီလ်ဟူစိန်း (အသက် ၄၆ နှစ်) စက်ရုံစု ရပ်ကွက် -- တို့ဖြစ်သည်။ 

စစ်တွေ ခရိုင်မှ ရဲတပ်ဖွဲ့ဝင် များသည် လွန်ခဲ့သည့် ဧပြီလ (၂၆) ရက်နေ့တွင် ဖြစ်ပွား ခဲ့သည့် ရုန်းရင်း ဆန် ခတ်မှုနှင့် ပတ်သက်၍ အပြစ်မဲ့များကို ဖမ်းဆီးထိန်းသိမ်းလျက် ရှိသောကြောင့် အများစုမှာ တိမ်းရှောင် နေရပြီး၊ အချို့မှာ လည်း နိုင်ငံ အတွင်းမှ အပြီးအပိုင် တိမ်းရှောင်မှု များပြုလုပ် လျက်ရှိကြောင်း သိရသည်။ 

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတကာ၏ ကျေနပ်မှု ရရှိရန် အတွက် လိမ္မာ ပါးနပ်စွာ ပြောဆို လျက်ရှိရုံ သာဖြစ်ပြီး၊ ရိုဟင်ဂျာ လူမျိုးများ အပေါ် ညှင်းပန်း နှိပ်စက်မှု များဆက်လက် ဖြစ်ပေါ်လျက် ရှိ သည်။ အာဏာပိုင် များ၏ မတရား သဖြင့် ဖမ်းဆီးမှု၊ ရမ်းကားမှု များမှ လုံးဝ ပြောင်းလဲ မသွားဘဲ နေ့စဉ်နှင့် အမျှ ပိုမို များပြား လျက်ရှိ ကြောင်း သိရှိ ရသည်။

Comment ရေးရန်

Rohingya Exodus