နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော နစကမှ အတင်းအဓမ္မ လုပ်အားနှင့် ငွေကြေး တောင်းခံနေ


RB News 
12.5.2013 

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပိုင်း နစက နယ်မြေ (၇) နယ်မြေမှူး ဗိုလ် မှူး အောင်လွင်ဦးမှ ၎င်းအပိုင် ကျေးရွာများမှ အတင်းအဓမ္မ လုပ်အား ငွေကြေးများ တောင်းခံ လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ယမန်နေ့ (မေလ ၁၁ ရက်) နေ့လည် ၁ နာရီတွင် နယ်မြေ (၇) လက်အောက်ခံ ကျေးရွာ များမှ အုပ် ချုပ် ရေးမှူး များကို အစည်း အဝေး ခေါ်ယူ ခဲ့ကြောင်း သိရသည်။ 

“အုပ်ချုပ်ရေးမှူး တွေအားလုံးကို အစည်း အဝေး ခေါ်တယ်။ ပြီးတော့ နစက အတွက် ကွန်ကရစ် အိမ်သာ ၂၇ လုံးနဲ့ ကြက်ခြံ တစ်ခု အတွက် ရွာတွေ အားလုံးက ငွေကောက်ပြီး ဆောက်ပေး ရမယ်လို့ ပြော တယ်။ ငွေကောက်ခံ ရုံတင် မဟုတ်ဘူး။ လုပ်အား လည်းပေး ရမယ်။” ဟု မောင်တော မြို့ တောင် ပိုင်း ဒေ သခံတစ်ဦးမှ RB News သို့ပြောသည်။ 

မြန်မာ နိုင်ငံတွင် အတင်း အဓမ္မ လုပ်အား ပေးမှု မရှိဟု အစိုးရ အာဏာပိုင် များမှ ပြောဆို နေသော် လည်း ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာ များကို နေ့စဉ်နှင့် အမျှ အာဏာပိုင် များမှ အာဏာဖြင့် ခိုင်းစေ လျက်ရှိသည်။ 

“ကရင်တန်း အုပ်ချုပ် ရေးမှူး ဦးမောင်မြင့်က ဒီလောက် စားဝတ် နေရေး အခက် အခဲ ဖြစ်နေတဲ့ အချိန် မှာ ပြည် သူ လူထုတွေ တက်နိုင် ပါ့မလားလို့ မေးတော့ နစက နယ်မြေမှူးက တက်နိုင်တာ၊ မ တက် နိုင် တာ ငါမသိဘူး လို့ ပြန်ပြောတယ်။ ဒီကိစ္စကို မေလ ၂၅ ရက်နေ့ အပြီးလုပ် ပေးရမယ်လို့ ရာဇ သံ ပေး တယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရွာသူ ရွာသားတွေ အားလုံး သော က ရောက်နေ ရ တယ်” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောပါသည်။ 

ထို့အပြင် ကွန်ပျူတာ ဖြင့်လက်ဗွေ ယူ၍ အတင်း အဓမ္မ ဘင်္ဂလီ ဇတ်သွင်း နေခြင်း ကိစ္စနှင့် ပတ်သက်၍ လည်းကျေးရွာ အုပ်ချုပ်ရေးမှူး များကို ပါဝင် ကူညီမပေးနိုင်ပါကဖမ်းဆီး ထောင်ချမည်ဟုခြိမ်းခြောက် ပြော ဆို ခဲ့ကြောင်း သိရ ပါသည်။

Comment ရေးရန်

Rohingya Exodus