April 02, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မျက်မြင်သက်သေ နည်းသော်ကြောင့် အမှုဆွဲတင်နိုင်ခြင်း မရှိသည့် မိတ္တီလာမှ လူသတ်မှု


လူသတ်မှုအား မျက်မြင် သက်သေ ရှိသော်လည်း မျက်မြင် သက်သေ နည်းသေးသည် ဟုဆိုကာ အမှု ဆွဲတင် နိုင်ခြင်း မရှိသေး

8.5.2013

မိတ္ထီလာ အရေး အခင်း ဖြစ်ပွားသည့် ဒုတိယ မြောက်နေ့ ၂၁.၃.၂၀၁၃ ခုနှစ် နေ့လည် ၃ နာရီ အချိန်တွင် မိတ္ထီလာမြို့ ကျည်တော်ကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး မျက်စိရှေ့တွင် အသတ်ခံ ခဲ့ရသော မုစ်လင်မ် လူငယ် နှစ်ဦး အတွက် ရဲစခန်းမှ ဒုရဲအုပ် ကျော်ဝင်းနိုင်မှ အမှုဖွင့် စုံစမ်း နေသော်လည်း မျက်မြင် သက်သေ ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးခင်မောင်ထွေး တစ်ဦးထဲ ရှိသဖြင့် အမှုကို ဆွဲတင်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။ 

ဖြစ်ပွား ပုံမှာ ...... မိတ္ထီလာမြို့ သီရိမင်္ဂလာ(က) ရပ်ကွက်၊ သရဖီ လမ်းနေ ဟာဂျီ ဦးမောင်တာ ၏ သားဖြစ် သူမိတ္ထီလာမြို့အဇီဇီယာအာရဗီအထက်တန်း ကျောင်းတွင်၈တန်းတက်ရောက် နေသော ကျောင်း သား ဟာဖွဇ် အရှ်ရဖ် အလီ (ခ) မောင်သက်နိုင်ဦး (၂၁) နှစ်သည် မိတ္ထီလာ အကြမ်း ဖက်မှု စတင် သည့်နေ့ ၂၀.၃.၂၀၁၃ ရက်နေ့ ညနေ ရွှေဆိုင် အဖျက်ခံ ရပြီး နောက်ပိုင်း ညနေ ၃ နာရီ ခန့်တွင် သူငယ် ချင်း ဖြစ်သူ အသက် (၁၈) နှစ် အရွယ်ရှိ ဆိုင်ကယ် ကယ်ရီ မောင်းသမား အလီ နှင့်အတူ နေ့စဉ် ပုံမှန် က စား နေကြ အတိုင်း မိတ္ထီလာ - မန္တလေး ဘက်သို့ အထွက် ၂ မိုင်ခန့် အကွာ ရှိ ကျည်တော် ကုန်းရွာ သို့ ဘောလုံး ကန် ထွက်ခဲ့ ပါသည်။

ညနေပိုင်း မိတ္ထီလာ မြို့ပေါ်တွင် အခြေ အနေ ဆိုးဝါး နေချိန်၌ ကျည်တော် ကုန်းကျေးရွာ အုပ်ချုပ် ရေးမှူး ဦးခင်မောင်ထွေး (ဖုန်း ၀၆၄-၂၃၈၇၄) မှ သူ၏ နေအိမ်တွင် ထိန်းသိမ်း ပေးထား ခဲ့သည်။ ၂၁.၃.၂၀၁၃ ရက်နေ့တွင် ကျေးရွာ အုပ်ချုပ် ရေးမှူး၏ အိမ်ရှေ့သို့ မြင်းလှည်း သမား ဇေယျာဟိန်း၊ ၀င်းကို၊ ယဉ်မင်းဦး တို့ ၃ ဦး ဦးဆောင် တဲ့အဖွဲ့ ရောက်ရှိ လာပြီး ဦးခင်မောင်ထွေး အား ကုလား (၂) ယောက်ကို ထုတ်ပေး ဟု တောင်းဆို ခဲ့သည်။ 

ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးခင်မောင်ထွေးမှ ၄င်းတို့ အဖွဲ့အား ..... ဘောလုံး လာကန် ကြတဲ့ လူငယ်လေး တွေသာ ဖြစ်ကြောင်း၊ လူဆိုး လူသွမ်းတွေ မဟုတ်ကြောင်း ရှင်းပြ သော်လည်း မရဘဲ ကျေး ရွာ အုပ်ချုပ် ရေးမှူး ကိုပင် ရန်ရှာမည့် ပုံသဏ္ဍာန် ဖြစ်လာပြီး ဆဲဆိုကာ ပြဿနာရှာ နေကြာင်း၊ ၎င်းနောက် စအု ကျောင်းမှ ကျောင်းထိုင် ဆရာတော် ရောက်ရှိ လာပြီး ကလေး (၂) ယောက်၏ အသက်ကို အလှူ ခံရာ လုံးဝ လက်မခံဘဲ ဆရာတော် အားပင် စော်ကား မော်ကား ရိုင်းစိုင်းစွာ ပြောဆို ခဲ့ကြသည်။ ထို့နောက် ကျေး ရွာ အုပ်ချုပ် ရေးမှူး၏ အိမ် အတွင်းသို့ အတင်း ၀င်ရောက်ကာ လူငယ် (၂) ယောက် အား ဆွဲထုတ် ခေါ်ဆောင် သွားခဲ့ ကြပြီး ကျည်တော် ကုန်းရွာရှိ ရေစဉ်ကြီး အနီး လူမြင် ကွင်း တွင် နေ့ လည် ၃ နာရီ အချိန်တွင် ဇေယျာဟိန်း၊ ၀င်းကို၊ ယဉ်မင်းဦးတို့ ခေါင်းဆောင် သော အုပ်စုက တုတ်၊ ဒါး၊ လက်နက် များဖြင့် ၀ိုင်းဝန်း ထိုးခုတ်၊ သတ်ဖြတ် ခဲ့ကြပြီး မီးရှို့ ကြသည်။

အဆိုပါ အမှုအား ဒုရဲအုပ် ကျော်ဝင်းနိုင်မှ အမှုဖွင့် စုံစမ်းလျက် ရှိပြီး ကျည်တော်ကုန်း ကျေးရွာ အုပ် ချုပ် ရေးမှူး ဦးခင်မောင်ထွေး ကိုယ်တိုင် သက်သေ အဖြစ် ထွက်ဆို ပေးနေ သော်လည်း သက်သေ တစ် ဦးထဲ ရှိနေ သောကြောင့်ဟု ဆိုကာ အမှုကို ယနေ့ အထိ ဆွဲတင် နိုင်ခြင်း မရှိသေး ကြောင်း စုံစမ်း သိရှိ ရသည်။ 

ထို့နောက် အဆိုပါ ဒုရဲအုပ် ကျော်ဝင်းနိုင်မှ အခင်း ဖြစ်ချိန်က အသတ် ခံရသူ သားဖြစ် သူနှင့် မျက် ကွယ် တွင် ဒုက္ခရောက်ပြေးလွှား နေရသော သေဆုံးသူ မောင်သက်နိုင်ထွန်း အသက် (၂၁) နှစ်၏ မိဘ များ အား သက်သေ ရှာခိုင်း နေသည်ဟု သေဆုံးသူ မိဘများ ထံမှ သိရှိ ရပါသည်။

ဓါတ်ပုံတွင် သနပ်ခါး လိမ်းထားသော ပုံမှာ သေဆုံးသူ ဟာဖွဇ် အရှ်ရဖ် အလီ (ခ) မောင်သက်နိုင် ထွန်း ဘော လုံးကန် မသွားမှီ သနပ်ခါး လိမ်းပြီး မိခင် ဖြစ်သူအား ဖုန်းဖြင့် ဓါတ်ပုံ ရိုက်ခိုင်း ခဲ့သော ပုံဖြစ် ကြောင်း မိခင် ဖြစ်သူမှ ပြောကြား ပါသည်။ သက်သေ တစ်ဦးထဲ ရှိသောကြောင့် သားဖြစ်သူ အ သတ် ခံရသည့် အမှုအား ဆက်လက် စုံစမ်းခြင်း မပြုတော့ မည်ကို လည်း စိုးရိမ် နေကြောင်း ဆက် လက် ပြော ကြား ခဲ့ပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus