ငွေထုတ်ပိုက်ပြီး မြို့တက်ရတဲ့ မောင်တောက ရွာသားတွေရဲ့ ခရီးကြမ်း
(ဓါတ်ပုံ - Lux Capio) |
Syd Almasom
RB News
14.5.2013
ရခိုင် ပြည်နယ်မှ ရှိတဲ့ ရိုဟင်ဂျာ တွေ ၁၉၉၀ ၀န်းကျင်ထိ လွတ်လွတ် လပ်လပ် ခရီးသွား ခွင့်ရ ခဲ့တယ်။ အမျိုးသား မှတ်ပုံတင် ကဒ်ပြား လည်းရှိ ခဲ့ကြတယ်။ ခရီးသွားတဲ့ အခါ စစ်ဆေးရေး ဂိတ်တွေမှာ စစ်ရင် မှတ်ပုံတင် ပြလိုက်ရင် လွယ်လွယ် ကူကူ သွားလာလို့ ရခဲ့တယ်။ ရိုဟင်ဂျာ တွေရဲ့ ဘ၀ ကံဆိုး မိုးမှောင် ကျခဲ့ ရတာ ကတော့ ၁၉၉၀ နှောင်းပိုင်း မှာပါ။ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ စနစ်တကျ စီမံကိန်း တွေကို တကယ် ထူထောင် ခဲ့တဲ့ သူက ၀န်ကြီးချုပ် ဟောင်း ဗိုလ်ချုပ် ခင်ညွန့်ပါ။ နစက လို့ခေါ်တဲ့ နယ်စပ် ဒေသ ကွပ် ကဲ ရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဆိုတဲ့ အဖွဲ့က ရိုဟင်ဂျာ တွေကို မျိုးတုန်း သွားအောင် လုပ်နေတဲ့ အဖွဲ့ အစည်း တစ်ခု ဖြစ်ပါတယ်။
နစက ဖွဲ့ပြီးမှ ရိုဟင်ဂျာ တွေဟာ ထမင်းစား ရင်တောင် ခွင့်ပြုချက် ယူပြီးမှ စားရတဲ့ အနေ အထား ကိုရောက် သွားပါတော့ တယ်။ တရွာကနေ တရွာ သွားရင် ပုံစံ (၄) ဆိုတဲ့ ခွင့်ပြု ချက်လို လာတယ်။ လက်ထပ်ခွင့်၊ ကလေးမွေးခွင့်၊ ခွင့်ပေါင်းစုံ ရအောင် ငွေနဲ့ လမ်းခင်း ရတယ်။ ပိုပြီး ဆိုးရွား လာတာက တရွာက တရွာ သွားဖို့ ခွင့်ပြု ချက်ယူ ရတဲ့ အပြင် လမ်းမှာ ရှိသမျှ စစ်ဆေးရေး ဂိတ်တွေမှာ နစက တွေ ကို ငွေပေးပြီးမှ ဖြတ်နေ ရတယ်။ ငွေပေးရရုံ တင်မကဘူး။ ကိုယ်ထိ လက်ရောက် စော် ကား မှု တွေကို လည်းကြိတ်မှိတ် ပြီးခံစား နေရတယ်။
ကျွန်တော်တို့ မောင်တော မြို့နယ် တောင်ပိုင်း ကျေးရွာ တွေကနေ မောင်တောမြို့က တစုံတရာ လိုအပ် ချက် ရှိလို့ သွားမယ် ဆိုရင် လမ်းတလျှောက်မှာ ပေးရမယ့် ငွေကြေးနဲ့ ကိုယ်ထိ လက်ရောက် စော် ကား ခံရမှာ တွေကို အရင် တွေးရ ပါတယ်။ ပြီးတော့မှ အကြောက် တရားကို ရင်ဝယ် ပိုက်ပြီး ကိုယ့်ရဲ့ လိုအပ် ချက် အတွက် ဒုက္ခကို ခါးစည်း ခံမယ်ဆိုပြီး သွားရတယ်။
မောင်တော မြို့နယ် တောင်ပိုင်း နစက နယ်မြေ (၈) ချိန်ခါလီ ကျေးရွာ အုပ်စု ကနေ မောင်တော မြို့ထိ လမ်းတလျှောက်မှာ နစက စခန်း (၉) ခု ရှိတယ်။ ခရီးသွား ခွင့်လက်မှတ်၊ ယာယီ သက်သေခံ လက်မှတ် ပါ လည်း စခန်း တစ်ခုကို ဖြတ်တာနဲ့ ငွေကျပ် ၅၀၀ ပေးရတယ်။ တကယ်လို့ မပေးနိုင် ဘူးဆိုရင်တော့ နစ ကတွေရဲ့ လူမဆန်စွာ ကိုယ်ထိ လက်ရောက် ကျူးလွန်မှု ကိုခံရတယ်။ တနေကုန် နေပူရင် နေပူလှမ်း ထားတယ်။ မိုးရွာရင် လည်း မိုးရေစိုခံ ခိုင်းထား ပြီးတော့ ညကျမှ အိမ်ပြန် ခွင့်ပေးတယ်။
ရွာတွေကနေ မောင်တော မြို့ကို သွားမယ် ဆိုတာနဲ့ ကားခနဲ့ နစက စခန်းတွေမှာ ပေးရမယ့် ဆက်ကြေးကို စုဆောင်း ရပါတယ်။ ချိန်ခါလီ ကနေ မောင်တော ထိ ကားခ အသွား အပြန် ငွေကျပ် တစ်သောင်း၊ နစက စခန်းတွေ ဖြတ်ခ အသွား အပြန် ငွေကျပ် ကိုးထောင် လိုတယ်။ အင်းဒင် ကနေ ဆိုရင် ကားခ အသွား အပြန် ငွေကျပ် ရှစ်ထောင်၊ နစက စခန်း ဖြတ်ခ ငွေကျပ် ရှစ်ထောင်၊ ကျောက်ပန်ဒိုး ကနေ ဆိုရင် ကားခ အသွား အပြန် ငွေကျပ် ခုနှစ်ထောင်၊ နစက စခန်း ဖြတ်ခ ငွေကျပ် ခြောက်ထောင်၊ မြင်လွှတ် ကနေ ဆိုရင် ကားခ အသွား အပြန် ငွေကျပ် ခြောက်ထောင်၊ နစက စခန်း ဖြတ်ခ ငွေကျပ် ငါးထောင်၊ ဥဒေါင်း ကနေ ဆို ရင် ကားခ အသွား အပြန် ငွေကျပ် ငါးထောင်၊ နစက စခန်း ဖြတ်ခ ငွေကျပ် သုံးထောင်၊ အလယ် သံကျော် ကနေ ဆိုရင် ကားခ အသွား အပြန် ငွေကျပ် လေးထောင်၊ နစက စခန်း ဖြတ်ခ ငွေကျပ် သုံးထောင် နဲ့ သရ ကုန်းဘောင် ကဆိုရင် ကားခ အသွား အပြန် ငွေကျပ် သုံးထောင်နဲ့ နစက စခန်း ဖြတ် ခ ငွေ ကျပ် နှစ် ထောင်လိုအပ် ပါတယ်။
တခါတလေ နစက စခန်းမှာ တာဝန်ကျတဲ့ ၀န်ထမ်းက လူသားချင်း ကိုယ်ချင်း စာတတ်တဲ့ လူကောင်း ဆိုရင်တော့ ဆက်ကြေးကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေး တယ်။ ဒါပေမယ့် အဲဒီလို လူသားချင်း ကိုယ်ချင်း စာတတ်တဲ့ လူကောင်း နစက တော့ အင်မတန်ကို ရှားတယ်။ ဆယ်ခါ ဖြတ်သွားလို့ တစ်ခါ ကြုံတောင့် ကြုံခဲပါ။ စခန်းကို လမ်းလျှောက်ပြီး ဖြတ်ရင်လည်း ပေးရတယ်။ ခရီးသည်တင် ကားနဲ့ ဖြတ်ရင်လည်း မလွတ်ပါဘူး။ အဲဒါတွေ အပြင် ဘယ်ကား မဆို စခန်း တခုကို ဖြတ်ရင် ငွေကျပ် လေးထောင် ပေးရတယ်။
နစက တွေက နိုင်ငံ ၀န်ထမ်း တွေမို့ နိုင်ငံတော်က ပေးတဲ့ လစာ ရနေတာ တော့ အသေ အချာဘဲ။ ကျွန်တော် တို့မှာ ဓါးပြ လာတိုက် မှာကို အဲဒီ မကြောက် ရပေမယ့် နစက တွေရွာထဲ ၀င်လာပြီး ဆိုရင် တန်ဖိုး ရှိတာ အကုန်လုံး ကိုအတတ် နိုင်ဆုံး ၀ှက်ထား ရတယ်။ အဲဒီလို ၀ှက်ထားတဲ့ ကြားထဲက တအိမ် လုံး မွှေနှောက်ပြီး တစ်သက်လုံး နဖူးကချွေး ခြေမ ကျတဲ့ အထိ ရှာထား သမျှ မိနစ်ပိုင်း အတွင်း နစက လက်ထဲ ထည့်ပေး လိုက်ရတဲ့ ရိုဟင်ဂျာ လူမျိုး မရေ မတွက် နိုင်အောင် ရှိပါတယ်။ အားလုံး အတွက် ရန် သူ မျိုး ငါးပါး ပေမယ့် ကျွန်တော်တို့ အတွက်တော့ ရန်သူမျိုး ခြောက်ပါး ဖြစ်ပါတယ်။ တစ်ပါး ကတော့ ကျွန်တော်တို့ ဒုက္ခခံ ရှာဖွေ နေတာ တွေကို လက်နက် အားကိုးနဲ့ ဒမြလို လုယက် နေတဲ့ နစကပါ။