နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်နီမော်မှ မွတ်စလင်များကို ရခိုင်အစွန်းရောက်များ အကြမ်းဖက်ရန် ကြိုးစားနေ


RB News
29.5.2013

ကျောက်နီမော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်နီမော် ကျေးရွာ အုပ်စုရှိ မွတ်စလင်များကို ရခိုင် အစွန်းရောက် များစုဝေး၍ အကြမ်းဖက်ရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။
“ကျောက်ထရံရွာကို ၈ နာရီ ၀န်းကျင်လောက် ၀င်ပြီး အကြမ်းဖက်ဖို့ ကြိုးစားတာပါ။ ရွာထဲကို ၀င်လမ်း နှစ် လမ်း ရှိတယ်။ တစ်လမ်းက တည့်တည့် ၀င်တာ။ နောက်တစ်လမ်းက ဘေးက ၀င်တာ။ သူတို့က ဘေးက ၀င်တဲ့ လမ်းက ၀င်လာပြီး ပရဟိတ ကျောင်းဖက်လမ်းမှာ ရှိတဲ့ ပိုက်လှေ တွေကို မီးရှို့ဖို့ လုပ်ကြတာ” ဟု ဒေသခံ တစ်ဦးမှ RB News သို့ ပြောပါသည်။

မသီတာထွေး၏ ဖြစ်ရပ် တစ်နှစ်ပြည့် နှစ်ပတ်လည် အဖြစ် လှုံ့ဆော်မှုများ ယခုလ အတွင်း များစွာ ပြုလုပ်ခဲ့ သည့်အပြင် ၉၆၉ အဖွဲ့မှလည်း တရားဟောပွဲများ ပြုလုပ်၍ အစ္စလာမ် ဘာသာကို တိုက်ခိုက် ပြောဆို မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မီးရှို့ရန် ကြိုးစားသည့် ပိုက်လှေ များရှိသော ပရဟိတ ကျောင်းဖက် လမ်းတွင် မသီတာထွေး အသတ်ခံ ရခြင်း ဖြစ်သည်ဟု သိရသည်။ ရွာထိပ်တွင် စစ်တပ် ရှိသောကြောင့် စစ်တပ်မှ လာရောက်၍ တားမြစ်ခဲ့ သော်လည်း နောက်ဆုတ် မသွားကြောင်း သိရပါသည်။

“ရွာထိပ်မှာ စစ်တပ်ရှိတော့ စစ်တပ်က လာတားတယ်။ လာတား တော့လည်း နောက်ဆုတ် မပေး ဘူး။ ရှေ့တိုးပြီး သူတို့ အကြံအတိုင်း မီးရှို့ဖို့ လုပ်ပါတယ်။ စစ်တပ်က ထပ်ပြောတော့ သူတို့ဆီမှာ ပါလာတဲ့ လက်နက် ပစ္စည်းတွေထဲက ဗုံးလိုဟာ တစ်ခုနဲ့ ဖောက်ခွဲတယ်။ အဲဒီတော့ စစ်တပ်က သေနတ် သုံးချက် မိုးပေါ် ထောင်ဖောက်တယ်။ သေနတ် ဖောက်တော့ အားလုံး ထွက်ပြေး ကြတယ်” ဟု ဒေသခံမှ ဆက် လက် ပြောပါသည်။

အကြမ်းဖက်ရန် ရောက်ရှိလာသော ရခိုင် အစွန်းရောက် များ၏ လက်ထဲတွင် တုတ်များ၊ ဓါးများ၊ မီးကွင်း များ နှင့် အခြားသော ဖောက်ခွဲရေး ပစ္စည်း ပေါင်းစုံ ပါရှိကြောင်း သိရသည်။ သေနတ် ပစ်ဖောက်ပြီးနောက် ထွက်ပြေး သွားကြသော်လည်း ရွာအထွက် တောအုပ်တွင် မှောင်ရိပ်ခို၍ ပုန်းလျက် ရှိနေသည်ဟု စစ်တပ်မှ သံသယ ရှိသဖြင့် ယခု အခါ ရွာအတွင်း အပြင်တွင် စစ်တပ်များ လှည့်လည် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။

Comment ရေးရန်

Rohingya Exodus