တိုင်းမ် မဂ္ဂဇင်းကို မြန်မာ အစိုးရမှ ကန့်ကွက်
နေပြည်တော် ဇွန် ၂၃
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် မြန်မာ နိုင်ငံမှ ဗုဒ္ဓ၏ သားတော် သံဃာ တစ်ပါး ဖြစ်သူ ဦးဝီရသူအား မျက်နှာဖုံး တင်၍ "THE FACE OF BUDDHIST TERROR" ဆောင်း ပါး အား ဖော်ပြ ခဲ့သည်။
"မြန်မာ နိုင်ငံသည် ဘာသာရေး ခွဲခြားမှု မရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားသည့် နိုင်ငံ ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓ ဘာသာကို နိုင်ငံသား အများစုက ယုံကြည် လေးမြတ်စွာ ကိုးကွယ် ကြသော်လည်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာ သာသ နာ၊ ဘာသာ သာသနာ၊ ဟိန္ဒူ ဘာသာ သာသနာ နှင့် နတ် ကိုးကွယ်သော ဘာသာ တို့ကို ဤဖွဲ့စည်းပုံ အခြေ ခံဥပဒေ အာဏာ တည်သော နေ့၌ နိုင်ငံတော်တွင် ရှိနေ ကြသော ကိုးကွယ်ရာ ဘာသာများ ဟူ၍ အသိ အမှတ် ပြုသည်” ဟူ၍ ပြဌာန်း ထားသည်။
ဗုဒ္ဓ ဘာသာ သာသနာသည် ကံ ကံ၏ အကျိုးကို လည်းကောင်း၊ ကိုယ်တိုင် ကျင့်ကြံ အားထုတ်၍ ရရှိသည့် အသိ အမြင်ကို အခြေခံ၍ လည်းကောင်း ရွေးချယ် ဆုံးဖြတ်ခွင့် ပေးထားသည့် မြင့်မြတ်သော ငြိမ်း ချမ်းရေးကို ရှေ့ရှုသည့် ဘာသာ တရား ဖြစ်သည်။ ဗုဒ္ဓ၏ သားတော်များ ဖြစ်သည့် သံဃာတော် များသည် လည်း (၂၂၇) သွယ်သော သိက္ခာပုဒ် တို့ကို လိုက်နာ စောင့်ထိန်း ကြရပြီး သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေး အတွက် နှစ်ပေါင်း ထောင်နှင့်ချီ၍ ငြိမ်းချမ်းစွာ ကြိုးပမ်း အားထုတ် ခဲ့ကြသူ များ ဖြစ် သည်။
ထို့ပြင် “၉၆၉” အမှတ် တံဆိပ်သည် ဗုဒ္ဓ မြတ်စွာ ဘုရား၏ ဂုဏ်တော် (၉) ပါး၊ ဗုဒ္ဓ တရားတော်၏ ဂုဏ်တော် (၆) ပါးနှင့် သံဃာတော် တို့၏ ဂုဏ်တော် (၉) ပါးကို ကိုယ်စား ပြုသော၊ ဗုဒ္ဓ ဘာသာ ဝင်တို့ ယုံ ကြည် ကိုးကွယ်သည့် ရတနာ သုံးပါးကို ရည်ညွှန်းသည့် သင်္ကေတ အမှတ် တံဆိပ် ဖြစ်ပြီး ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်သည့် အားလျော်စွာ ဗုဒ္ဓသာသနာ တော်ကို ညိုးနွမ်းစေနိုင် မည့် နေရာ ဌာနနှင့် ကိစ္စ များ တွင် အသုံး မပြုရန် သက်ဆိုင်ရာ သံဃာ့ အဖွဲ့အစည်း များက အလေးထား မေတ္တာ ရပ်ခံလျက် ရှိ သည် ကိုလည်း တွေ့ရှိ ရသည်။
လက်ရှိ အချိန်တွင် နိုင်ငံတော် အစိုးရ အနေဖြင့် လွတ်လပ် ပွင့်လင်းသော ဒီမိုကရေစီ လူ့ဘောင်သို့ အသွင် ကူးပြောင်းစ မြန်မာ့ လူ့ဘောင် အဖွဲ့အစည်း အတွင်း မလိုလား အပ်သော ပဋိပက္ခများ ဆက်လက် ဖြစ်ပေါ် လာခြင်း မရှိစေရန် နိုင်ငံတော် အစိုးရ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ မီဒီယာ များနှင့် ပြည်သူများ ပူးပေါင်း၍ ကြိုးပမ်း တည်ဆောက် နေသော အချိန် ဖြစ်သည်။ ကိုးကွယ် ယုံကြည်ချက် ဆိုင်ရာ ကိစ္စရပ် များသည် သိမ်မွေ့ နက်နဲသော အကြောင်း ခြင်းရာများ ဖြစ်၍ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှု၊ ဘာသာ သာသနာ များအကြား အပြန် အလှန် လေးစား ယုံကြည်မှု တို့နှင့်အတူ အထူး အလေး ထား ဆောင်ရွက် သင့်ကြောင်း တွေ့ရသည်။
တိုင်းမ် မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်း ထောင်ချီ၍ တည်တံ့ လာခဲ့ပြီး မြန်မာ နိုင်ငံသား အများစု ကိုးကွယ် ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာ တော်အပေါ်အထင် အမြင် လွဲမှား စေပြီး လက်ရှိ ဆောင် ရွက် နေသည့် ဘာသာ ပေါင်းစုံတို့ အကြားအပြန် အလှန် ယုံကြည်မှု တည်ဆောက် နေခြင်း ကိုလည်း ထိ ခိုက် စေနိုင်ကြောင်း တွေ့ရသည်။
သို့ဖြစ်၍ THE FACE OF BUDDHIST TERROR ဆောင်းပါး ရေးသား ဖော်ပြ ခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင် လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 အား ကန့်ကွက်ကြောင်း ဖော်ပြအပ် ပါသည်။
မူရင်းလင့်ခ်။။http://www.president-office.gov.mm/zg/briefing-room/news/2013/06/23/id-3765
မူရင်းလင့်ခ်။။http://www.president-office.gov.mm/zg/briefing-room/news/2013/06/23/id-3765