အတင်း အဓမ္မ ဘင်္ဂလီ ဇတ်သွင်း မုန်တိုင်းကြောင့် ဒုက္ခ ပင်လယ်ဝေ နေရသော ရိုဟင်ဂျာများ
ရိုဟင်ဂျာ အေးမြိုင်
RB News
25.6.2013
ရိုဟင်ဂျာ ဆိုတဲ့ လူမျိုး နာမည် တစ်ခုကို ဘင်္ဂလီလို့ အတင်း အဓမ္မ ပြောင်းခိုင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း တစ်ခုက ရခိုင် ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် သေချာတိုက်ခိုက်လို့ နေပါပြီ။ ဒီမုန်တိုင်း ကတော့ မဟာ ဆန် မုန် တိုင်းကို ပြင်းထန်မယ် လို့မျှော်လင့် ခဲ့တာထက် ပိုပြီး ပြင်းထန် နေတယ်။ အဲဒီ မုန်တိုင်း တိုက်ခတ် လာအောင် ရာသီဥတု ဖောက်ပြန်မှု ဖြစ်အောင် ဖန်တီးသူ ကတော့ မောင်တော မြို့နယ်၊ ကျီးကန်းပြင် (ခ၀ါ ဘီလ်) ရွာ မှာ အခြေစိုက်ပြီး ဗိုလ်မှူးကြီး အောင်နိုင်ဦး ဦးဆောင်တဲ့ နစက ဆိုတဲ့ နယ်စပ် ဒေသ ကွပ် ကဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး အဖွဲ့ပါ။
ကျီးကန်းပြင်ရွာ မှာတော့ ၂၀၁၃ ခုနှစ် ဧပြီလ ကစပြီး အခု အချိန်ထိ ဆိုးရွားစွာ တိုက်ခတ် နေတုန်း ပါဘဲ။ ရိုဟင်ဂျာ တွေကို ဘင်္ဂလီလို့ အတင်း အဓမ္မ ဇတ်သွင်းတာ ကတော့ ကျီးကန်းပြင် အပြင် ကျန်တဲ့ နေ ရာတွေ မှာလည်း ပြန့်နှံလို့ နေပါတယ်။ ကွန်ပျူတာနဲ့ လက်ဗွေယူပြီး ဘင်္ဂလီလို့ မှတ်ပုံ တင်ခြင်း တွေ ကို ပြုလုပ်ပြီး သန်းဂဏန်းကျော်ရှိတဲ့ ရိုဟင်ဂျာတွေရဲ့ လူမျိုးစု အခွင့် အရေးနဲ့ နိုင်ငံသား အခွင့် အရေး တွေ ကို ပိတ်ပင်ဖို့ မြန်မာ အာဏာပိုင် တွေက ကြိုးစား နေတာ ဖြစ်ပါတယ်။ မောင်တော မြို့နယ် တစ်ခု တည်းက နစကရုံးချုပ် တည်ရှိတဲ့ ကျီးကန်းပြင် တစ်နေရာ ထဲမှာ ရိုဟင်ဂျာ တွေရဲ့ အခွင့် အရေး ဆုံး ရှုံးအောင် လုပ်နေတာ မဟုတ်ဘူး။ အခြား နယ်မြေတွေ ဖြစ်တဲ့ နစက နယ်မြေ ၅ လက်အောက်ခံ ငခူရ (နပူရာ) ၊ နစက နယ်မြေ (၈) လက်အောက်ခံ မြင့်လွတ် (မေရူလ္လာ) နဲ့ နစက နယ်မြေ (၇) လက်အောက်ခံ အလယ်သံကျော် တို့မှာလည်း ထိုနည်းတူစွာ ပြုလုပ် လျက်ရှိပါတယ်။
ဘင်္ဂလီလို့ အတင်း အဓမ္မ ဇတ်သွင်းတဲ့ စီမံကိန်းကြီးကို နစက တွေအကောင် အထည် ဖော်နေတဲ့ အ ချိန်မှာ ထောင်ပေါင်း များစွာသော ရိုဟင်ဂျာ များရဲ့ အနာဂတ်ကို လူမဆန်တဲ့ နည်းတွေနဲ့ ဖျက် ဆီး နေ ပါတယ်။ ရိုဟင်ဂျာ အမျိုးသမီး များကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ရိုဟင်ဂျာ အမျိုးသား များကို ရိုက်နှက်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ လူရမ်းကား တွေလို အိမ်သုံး ပစ္စည်း တွေကို ဖျက်ဆီးခြင်း၊ တန်ဖိုး ရှိတဲ့ ပစ္စည်း တွေကို လုယက်ခြင်း၊ အစရှိတာ တွေကိုလည်း လုပ်နေတယ်။ တ ကယ်တော့ ဒီလို ကြောက်မက်ဖွယ် ကောင်းတဲ့ အပြုအမှုတွေဟာ ရိုဟင်ဂျာ တွေကို ရုပ်ပိုင်း ဆိုင်ရာနဲ့ စိတ် ပိုင်း ဆိုင်ရာ တွေဖျက်ဆီး ပစ်ဖို့ လုပ်နေတာ ဖြစ်ပြီး၊ တစ်စုံ တစ်ယောက် အနေနဲ့ အဲလို ပြုမှု လိမ့်မယ်လို့ စိတ်ကူးယဉ် မိကောင်းမှာ တောင်မဟုတ်ဘူး။ ကျီးကန်းပြင်က ရိုဟင်ဂျာ တွေကတော့ နစကရဲ့ လူမဆန်တဲ့ စီမံကိန်း ကြီးဖြစ်တဲ့ ဘင်္ဂလီလို့ အတင်း အဓမ္မ ဇတ်သွင်းခြင်းကို ရှောင်ရှားဖို့ အတတ်နိုင်ဆုံး ကြိုး စား နေကြတယ်။
ရိုဟင်ဂျာ တွေအပေါ် ရက်စက်နေတဲ့ စိတ်မချမ်းမြေ့ စရာ သတင်းကို ကြားတဲ့ မောင်တော မြို့နယ်က ကုလသမဂ္ဂ ကိုယ်စားလှယ် များက ဗိုလ်မှူးကြီး အောင်နိုင်ဦးကို ကျီးကန်းပြင် ရွာသားတွေနဲ့ သုံးပွင့် ဆိုင် တွေ့ဆုံပြီး ရိုဟင်ဂျာ တွေက ဘင်္ဂလီ ဇတ်သွင်းခြင်းမှာ ပါဝင်မယ် မပါဝင်ဘူး ဆိုတာကို မေးမြန်းဖို့ ဇွန်လ ၁၉ ရက်နေ့မှာ ချိန်းဆိုပါတယ်။ ရွာသားတွေ ကတော့ သတ်မှတ်ထားတဲ့ အတိုင်း ၁၀ နာရီတိတိမှာ စုဝေး ရောက်ရှိလာ ခဲ့ပေမယ့်လည်း ဗိုလ်မှူးကြီး အောင်နိုင်ဦး ကတော့ ပေးထားတဲ့ ကတိကို ဖောက် ဖျက် ပြီး အရမ်း အလုပ်များ နေလို့ မလာနိုင်ဘူး ဆိုပြီး ကုလသမဂ္ဂရဲ့ အဆိုပြုချက် ကိုငြင်း ဆို လိုက် တယ်။ နောက် ဆုံးတော့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေက သူတို့ရဲ့ ငြိမ်းချမ်းစွာ အဖြေရှာမယ့် နည်းလမ်း ကို စိတ်မချမ်းမြေ့စွာနဲ့ ရပ်တန့် ခဲ့ရပါတယ်။
ရိုဟင်ဂျာများ စုဝေးမည့် အစည်းအဝေး သတင်း အချက်အလက် များကို စုဆောင်းပြီးတော့ နစက တွေက ဖမ်းတာ၊ ရိုက်နှက်တာ၊ အတင်း အဓမ္မ လက်ဗွေနှိပ်ခိုင်းပြီး ဘင်္ဂလီ ဇတ်သွင်း တာတွေ လုပ်ပြီး စိတ်ပျက် အားငယ် လာအောင် လုပ်ခဲ့တယ်။ ဒါကတော့ ဦးသိန်းစိန် ဦးစီးတဲ့ အရပ်သား အယောင်ဆောင် အစိုးရက နိုင်ငံ တကာနဲ့ ရိုဟင်ဂျာ တွေကို အရူး လုပ်နေတဲ့ အကွက် တွေဘဲ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ အမှန်တရားနဲ့ တရားမျှတမှု လွှမ်းမိုး လာလိမ့်မယ်လို့ ထင်နေလား?
နောက်ထပ် ဖြစ်လာမယ့် အခြေအနေ တွေကို စောင့်ကြည့်ကြပါ ..
ရိုဟင်ဂျာ အေးမြိုင်သည် စစ်တွေ တက္ကသိုလ်မှ အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရထားသူ တစ်ဦးဖြစ်သည်။
နစကနှင့် ရခိုင် အကြမ်းဖက် သမားများ၏ အကြမ်းဖက်မှု များကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိ သွားသော ရိုဟင်ဂျာများ (ဓါတ်ပုံ - Bangkok Post) |