နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုရဲအုပ် ဘဖြူမှ ရိုဟင်ဂျာ နှစ်ဦးထံမှ ငွေ ၁၂ သိန်း ရသည့်အထိ ၃ ရက်တိတိ လူမဆန်စွာ နှိပ်စက်

RB News
25.6.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ဘဖြူသည် ရိုဟင်ဂျာ နှစ်ဦးကို ဖမ်းဆီး၍ ၃ ရက်တိတိ ညှင်းပန်း နှိပ်စက်၍ ငွေကျပ် ၆ သိန်းစီ ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သ တင်း ရရှိပါသည်။ 

ဇွန်လ ၁၈ ရက်နေ့တွင် ဘူးသီးတောင် ရဲစခန်းမှ ဒုရဲအုပ် ဘဖြူနှင့် အဖွဲ့သည် စံညှင်းဝေ မွတ်စလင်ရွာသို့ သွားရောက်၍ ဦးဒူဒူမျာ (ဘ) ဦးမာမတ်ကာစင်နှင့် ဦးဇာဟိဒ်ဟူစိန်း (ဘ) ဦးကမာလ် တို့အား ရခိုင်ရွာ မှ နွားခိုး သည်ဟု မဟုတ် မမှန်စွပ်စွဲ၍ ဖမ်းဆီး သွားခဲ့သည်။ 

ဖမ်းဆီး သွားပြီးနောက် ရဲစခန်းတွင် သုံးရက် တိတိ ကြိုးတုတ်ထားပြီး လူမဆန်စွာ ရိုက်နှက် ညှင်း ပန်း နှိပ်စက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရခဲ့သည့် အပြင် သွေးပါ အံခဲ့ကြောင်း သိရသည်။ ထို့ အ ပြင် ခြေ လက်များ ကိုရိုက်နှက် ကန်ထားသဖြင့် လှုပ်၍ပင် မရဘဲ ကျိုးသွား သကဲ့ သို့ ဖြစ်ခဲ့ ရသည် ဟု ဒေ သခံများက RB News သို့ ပြောပါသည်။ ဖမ်းဆီး ချုပ်နှောင် ထားသည့် သုံးရက် အတွင်း အစာ မကျွေး သည့် အပြင် ရေသောက်ရန် တောင်းရာတွင် ဆီးများ ယူလာ၍ တိုက်ခဲ့သည်ဟု သိရှိ ရပါသည်။ 

သုံးရက်တိတိ လူမဆန်စွာ ရက်စက်ပြီးနောက် ငွေကျပ် ၆ သိန်းစီ ယူ၍ ဇွန်လ (၂၁) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ ကြောင်း သတင်း ရရှိပါသည်။


Comment ရေးရန်

Rohingya Exodus