မီးလောင်ရာ လေပင့် ၊ မှောင်နေရာ နေပွင့်
O'Laie Manzu
RB News
27.6.2013
“ကြောက်မက် ဖွယ်ရာ ဗုဒ္ဓဘာသာဝင် မျက်နှာ” ဟု မျက်နှာဖုံး ခေါင်းစဉ် တပ်ထားသော ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း အား မြန်မာ နိုင်ငံတော် အစိုးရ အပါ အဝင် မြန်မာ ပြည်သူများ ပြင်းထန်စွာ ကန့်ကွက် မှု များ၊ ဝေ ဖန်မှုများ ယခု ရက်ပိုင်း အတွင်း ထွက်ပေါ် လာခဲ့သည်။ တိုင်းမ် မဂ္ဂဇင်းတွင် ဖော်ပြ ခဲ့သော အကြောင်း အ ရာမှာ မှားယွင်းစွာလုပ်ကြံ ဖော်ပြထားခြင်းကြောင့်မဟုတ်။ ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာအား ထိး ပါး စေသော အကြောင်း အရာများ ပါရှိသည်ဟု ထင်မြင် သုံးသပ် ကြသောကြောင့် ဖြစ်သည်။
တိုင်းမ် မဂ္ဂဇင်းမှာ စစ်မှန်သည့် ဗုဒ္ဓတရား တော်များမှ သွေဖီကာ ဘာသာရေး အကြမ်းဖက်မှု များအား မီးလောင်ရာ လေပင့် လုပ်နေသော ဝီရသူ အကြမ်းဖက် ဝါဒကို ကမ္ဘာ သိအောင် အလင်းဆောင်သည် မီးမောင်း ထိုးပြခြင်း ဖြစ်သည်ဟု ရှု့မြင် သုံးသပ် ကြသူ များရှိသည်။ ဦးဝီရသူ၏ အမာခံ နောက်လိုက် များ ၏ အမြင်မှာ တစ်မျိုး ဖြစ်နေ ပြန်သည်။ ကမ္ဘာ အရပ်ရပ်မှ မီးမောင်း ထိုးပြနေ သော်လည်း အမြင် မ ရှင်း ဖြစ်နေ သေးသည်။ လက်တဆုပ်စာ မွတ်စလင် များအား နှိမ်နှင်း ချေမှုန်းခြင်း မပြုလျှင် ဗုဒ္ဓဘာသာ ဝင် ရှစ်ဆယ် ရာခိုင်နှုန်း ကျော်ရှိသော မြန်မာ နိုင်ငံမှာ မွတ်စလင် နိုင်ငံ ဖြစ်သွား နိုင်ကြောင်း ဦးဝီရသူမှ မီးမောင်း ထိုးပြ နေသည်ဟု ၎င်းတို့ လက်ခံ ထားကြသည်။ အမြော်အမြင် ကြီးသူ တစ်ဦး အဖြစ် ကိုး ကွယ် နေကြသည်။ ထို့အပြင်တိုင်းမ်မဂ္ဂဇင်းအားမြန်မာပြည်သူများ အကြား ငြိမ်းချမ်းရေး တည်ဆောက် နေ သည်ကို ဖျက်ဆီးသည့် အသွင်ဆောင်သော အကြမ်းဖက်မှု များအား မီးလောင် ရာ လေပင့်ကြောင်း ရှု့မြင်ကြသည်။
အဓိက မကျေနပ် မှုမှာ “ကြောက်မက် ဖွယ်ရာ ကောင်းသော” (Terror) ဟု အဓိပ္ပာယ် ရသည့် ဝေါဟာ ရနှင့် “ဗုဒ္ဓဘာသာဝင်” (Buddhist) ဟု အဓိပ္ပာယ် ရသော စကားလုံး တို့ပေါင်းစည်းကာ ဘုန်းကြီး တစ် ပါး၏ ရုပ်ပုံနှင့် တကွ ထည့်သွင်း ဖော်ပြလိုက် ခြင်းကြောင့်ပင် ဖြစ်သည်။ မျက်နာဖုံး ခေါင်း စဉ်တွင် သင်္ဃန်း ခြုံ ထားသည့် ဗုဒ္ဓဘာသာဝင် ဦးဝီရသူအား ရည်ညွန်း ထားခြင်း ဖြစ်ပြီး “ဗုဒ္ဓဘာသာ” ဟု အဓိပ္ပါယ် ရသော Buddhism အား ရည်ရွယ်ခြင်း မဟုတ်ကြောင်း ဝါဒ နှင့် ဝါဒီ ကွဲကွဲ ပြားပြား သိနားလည် သူတိုင်း သိပေ လိမ့်မည်။ လူမိုက်နှင့် သင်္ဃန်း၊ ဓမ္မနှင့် မိစ္ဆာ မအပ်ဆက် သကဲ့သို့ ဗုဒ္ဓဘာသာ အပါအဝင် မည်သည့် ဘာ သာ တရားကမျှ ကြောက်မက် ဖွယ်ရာ များနှင့် ဒွန်တွဲ မနေပေ။
မျက်နှာဖုံး ခေါင်းစဉ်အား မိမိကိုယ် မိမိ ဗမာ ဘင်လာဒင်ဟု ဂုဏ်တော် ခံယူ ထားသည့် ဦးဝီရသူ တစ်ဦး တည်း ကိုသာ ရည်ညွန်း ထားသော်လည်း အတွင်းပိုင်းပါ “ဗုဒ္ဓဘာသာဝင် ဆိုးသွမ်း သောအခါ” သ တင်း ဆောင်းပါး တွင်မူ သိရီလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံရှိ အချို့သော ဗုဒ္ဓဘာသာ ဝင်များမှာ အမျိုး ဘာ သာအား ကာကွယ် စောင့်ရှောက်ရန် လိုအပ်သည်ဟု အကြောင်းပြကာ စစ်မှန်သော ဗုဒ္ဓမြတ်စွာ ဘုရား၏ လမ်းစဉ်မှ သွေဖီလာ ကြကြောင်း ရေးသား ထားပါသည်။ ဗုဒ္ဓဘာသာဝင် အစွန်းရောက် များသည် ဘာ သာမတူသူ များအား ဖိနှိပ်မှုများ ပြုလုပ်ကြောင်း၊ အကြမ်းဖက်သည့် နည်းလမ်းများ သုံးစွဲလာကြောင်း အထောက် အထား များနှင့်တကွ မီးမောင်းထိုး ပြထား ပါသည်။ ဗုဒ္ဓဘာသာ သည်လည်း ဟိန္ဒူ အမျိုး သားရေး ဝါဒီများ၊ မွတ်စလင် စစ်သွေးကြွများ၊ ရှေးရိုးစွဲ ခရစ်ယာန် များနှင့် အစွန်းရောက် ဂျူးများ သကဲ့သို့ စစ်မှန်သည့် ဘာသာရေး သွန်သင်မှုမှ လမ်းချော ထွက်လာပြီ ဖြစ်ကြောင်း ဖော်ပြထားသည့် အချက် မှာ ပြင်းထန် လှသည့် အရေး အသားပင် ဖြစ်သည်။ လူတစ်စုကြောင့် ဘာသာတရား တစ်ခုလုံး အမည်း စက် များ စွန်းထင်းရသည့် အခြေအနေသို့ ရောက်လာကြောင်း အချက်ပြ သတိ ပေး လိုက်ခြင်း ဖြစ်သည်။
ထိုဆောင်းပါးကြောင့် ဝီရသူ အကြမ်းဖက် ဝါဒအား ဗုဒ္ဓဝါဒ ယောင်ယောင် ထင်မှား နေကြသော မြန်မာ လူထုကြီးမှ နိုးထ လာကြသည်။ မှန်သည်-မှားသည်ဟု လူအများ ဝေဖန် သုံးသပ် လာကြသည်။ အပြစ်မြင် သူများ ရှိသကဲ့သို့ သံဝေဂ ရသူများလည်း ရှိသည်။ တိုင်းမ် မဂ္ဂဇင်း အတွက် ၎င်းတို့ ၏ ရေး သား ဖော်ပြ ချက်အား စာဖတ် သူများ လက်ခံခြင်း-လက်မခံ ခြင်းမှာ အဓိက မကျ။ အမှန်အတိုင်း ဖော်ပြ နိုင်ခြင်းသာ အဓိက ကျသည်ဟု ခံယူ ထားသည်။ ဖုံးကွယ် နေသည့် အမှန်တရား များအား ရဲရဲဝံ့ဝံ့ ဖော်ပြမှု များကြောင့် ကမ္ဘာက အသိအမှတ် ပြုထားသော အဆင့်မြင့် မဂ္ဂဇင်း ဖြစ်သည်။
တိုင်းမ် မဂ္ဂဇင်း၏ အရေးအသားမှာ အသစ်အဆန်း မဟုတ်။ ကမ္ဘာတဝှမ်းရှိ သတင်း စာပေါင်း မြောက် များစွာမှ အချို့သော ရခိုင် အမျိုးသားရေး အစွန်းရောက် များနှင့် ၉၆၉ ဝိုင်းတော်သား များအား ဗုဒ္ဓဘာသာ ဝင် အကြမ်းဖက် သမားများ၊ အစွန်းရောက်များ၊ မျက်ကန်း မျိုးချစ်များ၊ လူမိုက် များ၊ ခေတ်နောက်ပြန် ဆွဲ လို သူများ၊ အာဏာရှင် လက်ကိုင် ဒုတ်များ ဟု နာမည် ဆိုးပေါင်း များစွာဖြင့် တင် စား ပြောဆို နေ သည်မှာ တစ်နှစ်ကျော် ရှိလာပြီ ဖြစ်သည်။ မြန်မာ ပြည်သူ အများစုမှ ဦးဝီရ သူ နောက်ဝှေ့ မျှောနေရာ ဗုဒ္ဓ ဘာသာ၏ ဂုဏ်သိက္ခာ ကျမှန်းမသိ ကျနေသည်ကို သတိမပြု မိကြ။ နှစ်ပေါင်း ၂၅၀၀ ကျော် တည်တံ့ ခိုင်မြဲနေသော ဗုဒ္ဓဘာသာ၏ ငြိမ်းချမ်းရေး တရားတော်အား တစ်နှစ်ကျော် ကာလအတွင်း အမှောင်ချ မိမှန်း မသိ မှေးမှိန်အောင် လုပ်လိုက်မိ ကြသည်။ ထွန်းတောက် နေသည့် ဘာသာ တရားအား လူမျိုးရေး မှိုင်းဖြင့် ဖုံးအုပ် မိလေပြီ။ သန်းခြောက်ဆယ် ကျော်သည့် လူမျိုး ကမ္ဘာ့မြေတွေ ပျောက်သွားမည့် အရေး တွေးပူကာ ၎င်းတို့ထက် အဆပေါင်း များစွာ သေးငယ်သည့် လူတစ်စုအား သတ်ဖြတ် လိုသည်။ သုတ် သင် ရှင်းလင်း လိုသည်။ ခေါင်းမထောင် နိုင်လောက်အောင် နင်းဖိ ထားလိုသည်။ မွတ်စလင် များ အား အနိုင် ကျင့် ဖိနှိပ် နေသည်ကို ကမ္ဘာ့ နိုင်ငံကြီး များမှ ဥပက္ခာ ပြုထား ကြလိမ့်မည်ဟု ထင်မှတ် ထားကြ ဟန်တူသည်။
ကြောက်မက် ဖွယ်ရာ ကောင်းသော ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်သည့် ဦးဝီရသူ၏ ဟောပြော ချက်များမှာ ဘာသာရေး စော်ကားမှုများပြုလုပ် နေသည်ကို သိသိလျက်နှင့် လှစ်လျူရှု နေခဲ့ကြသည်။ ဦးဝီရသူ ၏ ဟောပြောချက် များမှာ ဗုဒ္ဓ မြတ်စွာ ဘုရား၏ သွန်သင် ဆုံးမမှု များနှင့် ကိုက်ညီမှု မရှိကြောင်း ဗုဒ္ဓ ဘာ သာဝင်များ အသိဆုံး ဖြစ်ပေ လိမ့်မည်။ သို့သော် လူတကာ ပါးစပ်ဖျားတွင် ရေပန်း စားနေသော ဦးဝီရ သူ အား ဖူးတွေ့ ချင်ကြသည်။ ဝတ္ထု ဆန်ဆန် ဇာတ်လမ်း အသွင်ဆောင်သည့် တရားပွဲအား ဇာတ် သဘင်ပွဲ သ ကဲ့သို့ အလုအယက် သွားရောက် နားထောင် ကြသည်။ တရားအား မကြိုက်သော် လည်း တွေ့ ဖူး ချင်၍ သွားရောက် အားပေး ကြသူများ၊ သင်္ဃန်းအား ရိုသေ၍ ဦးချသူများမှာ ရင်ထဲမှ မပါသော် လည်းအပြင်ပိုင်း ကကြည့်လျှင် အမုန်းတရားဟော သည့်ဘုန်းကြီးအား အတြိတ် အ နယ် သောင်းသောင်း ဖျဖျ ထောက် ခံ အားပေး နေသည့် အသွင် ဆောင်သည်။
ဘာသာရေး အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူရာပေါင်း များစွာ သေကြေ ခဲ့ရ သည်။ ထောင်ပေါင်း များစွာသော အိုး အိမ်များ ပျက်စီး ခဲ့ရသည်။ သောင်းပေါင်း များစွာသော ဒုက္ခသည်များ အနာဂတ်မဲ့ နေရ သည်။ ဤကဲ့သို့သော မြန်မာ့သမိုင်း ရာဇဝင်ရိုင်း ရသည့် အချိန်ကာလအား ဖြတ်သန်း နေသော အချိန်တွင် ဘာသာ အသီးသီးမှ ခေါင်းဆောင် များမှာ ဘာသာ မတူသူများ အချင်းချင်း အပြန်အလှန် နားလည် ကြစေ ရန် လက်တွဲ ကြိုးပမ်း လုပ်ဆောင် နေကြ သော်လည်း ဦးဝီရသူမှာ လူမျိုးရေး - ဘာသာရေး စည်းခြား နေ ဆဲ ဖြစ်သည်။ သွေးများ ဆူပွက် လာအောင် ဒေါသ မီးမြိုက် နေလေသည်။
ဗုဒ္ဓဘာဘာသာ စက်ကွင်း အတွင်းမှ လှုပ်ရှား နေသူအား ဗုဒ္ဓဘာသာနှင့် ဒွန်တွဲ ရေးသား သုံးသပ် သော အခါ ဗုဒ္ဓဘာသာဝင်များ မကျေနပ်ကြ။ ဦးဝီရသူအား ပြောသောကြောင့် မဟုတ်။ မကျေနပ် ကြသူ အများ စုမှာ ဗုဒ္ဓဘာသာဝင်ဟု ပြောခြင်း ကြောင့်ပင်။ သို့သော် ဝီရသူ၏ လုပ်ရပ်အား ခုခံ အကာ အကွယ် ပေး သလို ဖြစ်နေ ပြန်သည်။ ဦးဝီရသူအား အထိ မခံကြောင်း ပြသရာ ကျပေသည်။
ဦးဝီရသူသည် “ငြိမ်းချမ်းရေး ခေါင်းဆောင်”၊ “ဗုဒ္ဓဘာသာ၏ မှန်ကန်သော ရှေ့ဆောင် လမ်းပြ”၊ “ဝိနည်းနှင့် အညီ ကျင့်ကြံ နေသည့် သံဃာတော်” ဖြစ်သည်ဟု ကြွေးကြော် နေကြသည်မှာ အမုန်း တရား များ ဟောပြော နေသည်ကို စစ်မှန်သည် ဗုဒ္ဓဘာသာ၏ တရားတော် များအဖြစ် လက်ကိုင်ဆွဲ ထားကြောင်း ကမ္ဘာ သိအောင် ကြေညာ လိုက်ခြင်းပင် ဖြစ်လေသည်။ ဦးဝီရသူသည် စစ်မှန်သည့် ဗုဒ္ဓဘာသာအား ကိုယ် စား မပြုကြောင်း တုန့်ပြန်မှုမှ ရေးရေး လေးသာ ထွက်ပေါ် လာသည်။
ဤကိစ္စသည် တစ်ဦး တစ်ယောက်ကြောင့် ဘာသာရေး တစ်ခုလုံး ဂုဏ်သိက္ခာ ညိုးနွမ်း ရခြင်း မဟုတ်။ ၎င်း၏ ဟောပြောချက် များအား သိရဲ့နှင့် ဖြစ်စေ၊ နားယောင် မိသောကြောင့် ဖြစ်စေ အားပေး အားမြှောက် လုပ်သူ များတွင်လည်း တာဝန်ရှိ ပေသည်။ သံဃာ ကျင့်ဝတ်နှင့် မကိုက်ညီသော လုပ်ရပ်အား ပြုလုပ်နေ သူအား သင်္ဃန်း ခြုံခွင့် ပေးထားသော ဗုဒ္ဓဘာသာဝင် များတွင်လည်း တာဝန်ရှိ ပေ သည်။ လူ့အခွင့် အရေး အပြည့်အဝ ရရှိရေးဟု ကြွေးကြော် တိုက်ပွဲဝင် နေကြသော်လည်း မွတ်စလင် များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန် နေမှု များအား နှုတ်ဆိတ် နေသည့် နိုင်ငံရေး သမား - အတိုက် အခံ များတွင်လည်း တာဝန် မကင်း လှပေ။ အကြမ်းဖက် မှုများအား ပိုမိုကြီးထွား စေရန် လှုံ့ဆော်နေမှု များအား အရေးယူခြင်း မပြုသော ဦးသိန်းစိန် အစိုးရတွင်လည်း တာဝန်ရှိသည်။
ဒု-ဝန်ကြီး ဦးရဲထွဋ် ၏ ဧရာဝတီ သတင်း ဌာနနှင့် အင်တာဗျူးတွင် ဦးဝီရသူ၏ ၉၆၉ အကြမ်းဖက်မှု လမ်းစဉ် အား အစိုးရ အနေဖြင့် ထောက်ခံခြင်း မရှိသလို တားမြစ် ပိတ်ပင်ခြင်းလည်း မရှိကြောင်း ဝှေ့လည် လည်ဖြင့် ဖြေကြား ခဲ့သော်လည်း တိုင်းမ်မဂ္ဂဇင်းအား ကန့်ကွက်ခြင်း၊ ပိတ်ပင် ခြင်းသည် ဦးဝီရသူ ဖက်မှ ရပ် တည်သည့် သဘောဆောင်နေသည်။ ငြိမ်းချမ်းမှုအား ပျက်ပြားစေသည့် လုပ်ရပ်အား အရေးယူ မည်ဖြစ်ကြောင်း သဘောထား ရှိသော်လည်း အကြမ်းဖက် သမားများမှ လွတ်လပ်စွာ သွားလာ လှုပ် ရှား နေချိန်တွင်ဓားစာခံမွတ်စလင်များအား ဖမ်းဆီးထောင်ချခဲ့သည်။ အစိုးရသည်လည်းကြေညာ ချက်များ၊ သဘောထား ထုတ်ပြန် မှုများ နှင့် လက်တွေ့တွင် ကိုက်ညီမှု မရှိသောကြောင့် နေစဉ်နှင့် အ မျှ မြန်မာ ပြည် သူများ ကြောက်လှန့် နေကြရသည်။ ဒုက္ခသည်များ ငတ်မွန်း နေကြပြီ။ သာသနာကြီး များ လည်း ငြိုး မှိန် နေ ရချိန်တွင် ဦးဝီရသူ မှာလည်း သင်္ဃန်းခြုံ၍ မွတ်စလင်များအား ချေမှုန်းရန် တိုက် တွန်း နိုးဆော် နေ ဆဲပင်။ ယနေ့ထက်တိုင် ဘာသာရေး အရေခြုံ၍ စော်ကား နေကြဆဲ။ အမုန်းမီး သည် လည်း ကျွမ်းလောင် နေဆဲဖြစ်သည်။ ကမ္ဘာကလည်း လက်ညိုးပေါင်း များစွာ ဝိုင်းထိုး နေကြ သည်။ လေ ပြင်း များ တိုက်နေ သလို နေမင်းလည်း လင်းလင်း တောက်နေသည်။ မည်သူ က “လေ”၊ မည် သူက “နေ” ဆိုသည် ကိုလည်း နေရာအနှံ့ လွန်ဆွဲကာ လူသတ်ပွဲကြီး ပြန်စလေဦး မလားဟု စိုးရိမ် စရာ တိုး လာ ပြန် သည်။