နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ အရေး ကုလ လူ့အခွင့် အရေး ကောင်စီတွင် ဆွေးနွေး


RB News
11.6.2013

ဂျနီဗာ ။ ။ လွန်ခဲ့သည့် ကြာသပတေးနေ့နှင့် သောကြာနေ့ များတွင် "မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး များကို လူမျိုးတုန်း သတ်ဖြတ်ခြင်း" အကြောင်း အရာမှာ ဆွဇ်ဇာလန် နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီ၏  အစည်း အဝေး တွင်ဆွေးနွေးမှု အများဆုံး ကိစ္စရပ် ဖြစ်လာ ခဲ့သည်။ နှစ်ရက် အတွင်း အစည်းအဝေး လေးခု၌ ရခိုင် ဒေသတွင်း လူ့အခွင့် အရေး အခြေ အနေနှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြောင်း သိရှိ ရသည်။ 

"မြန်မာ နိုင်ငံ၌ ရိုဟင်ဂျာ မွတ်စလင် များကို ညှင်းပန်း နှိပ်စက်ခြင်း" အစည်း အဝေးကို လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့မှ ဦးဆောင် ကျင်းပ ခဲ့သည်။ Arakan Project ဒါရိုက်တာ Chris Lewa, နိုင်ငံ တကာ ဒုက္ခသည် များအဖွဲ့မှ Melanie Teff, မြန်မာ ရိုဟင်ဂျာ အသင်းမှ ဦးထွန်းခင်နှင့် လူ့အ ခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့၊ ဂြိုဟ်ထုမှ ပုံများ သုံးသပ်သူ Josh Lyons တို့မှ ရိုဟင်ဂျာ လူမျိုးများကို လူမျိုး တုန်း သတ်ဖြတ်ခြင်း နှင့်ပတ်သက်၍ အကျယ် တ၀န့် ပြောကြား ခဲ့သည်။ 

နိုင်ငံပေါင်း ၂၀ ကျော်မှ အဖွဲ့ အစည်းများ တက်ရောက် ခဲ့ပြီး၊ အမေရိကား၊ အင်္ဂလန်နှင့် အစ္စလာမစ် ပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့ (အိုအိုင်စီ) မှလည်း တက်ရောက် ခဲ့ကြောင်း သိရ ပါသည်။


Chris Lewa မှ ရခိုင် ပြည်နယ် မြောက်ပိုင်း၏ အခြေအနေ အသေးစိတ်ကို တင်ပြပြီး၊ Melanie Teff မှ လူ သား ချင်း စာနာသည့် အထောက် အပံ့များ ကိစ္စ၊ ဦးထွန်းခင်မှ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အမြန်ဆုံး ဖိအား ပေးရန် လိုအပ် နေခြင်း ကိုပြောကြား ခဲ့ပြီး၊ Josh Lyons မှ ဂြိုဟ်ထုမှ ပုံများဖြင့် ရိုဟင်ဂျာနှင့် ကမန်များကို မည်ကဲ့သို့ စနစ်တကျ ပစ်မှတ် ထား၍ တိုက်ခိုက် ခဲ့ပုံတို့ကို ရှင်းပြ ခဲ့သည်။ 

“အစည်း အဝေးတွေ အားလုံး ကတော့ နိုင်ငံတကာ စုံစမ်းမှု ဖြစ်ပေါ် လာအောင် ထောက်ခံ အားပေး ခဲ့ တယ်။ ပြီးတော့ အရေးကြီးတဲ့ ကုလသမဂ္ဂမစ်ရှင် အဖွဲ့ ၂၀ ကနေ ရခိုင်ပြဿနာကို စုံစမ်းဖို့ အ တွက် ထောက် ခံ ပေးတယ်။ တစ်နှစ်ကြာ သွားပေမယ့်လည်း အခု အချိန်ထိ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတဲ့ သူတွေ ကို မိမိတို့ရဲ့ မူရင်း နေရပ်ကို ပြန်နိုင်ဖို့ အတွက် ဆွေးနွေး တာတွေ မရှိသေးဘူး။ အဲဒါ အပြင် အထောက် အပံ့တွေ မရောက်အောင် အာဏာပိုင် တွေနဲ့ ရခိုင် အစွန်းရောက် တွေက တားမြစ် နေ တာ တွေရှိ နေတယ်” ဟု ဦးထွန်းခင်မှ ပြောသည်။

ရိုဟင်ဂျာ များ၏ မူရင်း နိုင်ငံသား ဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှ ပိတ်ပင် ထားသည်ကို နိုင်ငံ တကာ လူ့အခွင့် အရေး အဖွဲ့ အစည်း များမှဝေဖန်ပြစ်တင်နေကြသည်။ ထို့အပြင် နိုဗယ်ဆုရှင်ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှလည်း အဆိုပါ ဥပဒေ သည် နိုင် ငံတ ကာ စံချိန် စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိကို ဆန်းစစ်ရန် မေးခွန်း ထုတ်လာသည်။ သို့သော် လည်း သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရမှ အဆိုပါ ဥပဒေကို အတင်း အဓမ္မ အသက်သွင်း၍ နိုင် ငံတကာ မှ ဝေဖန် ပြောဆိုမှု များကို မသိကျိုးကျွန် ပြုရန် ပြုလုပ် နေသည်။ 


ရခိုင် ဒေသတွင်း ဖြစ်ပွား ခဲ့သော အခြေ အနေ များကြောင့် ရိုဟင်ဂျာ လူမျိုး ၃၅၀၀၀ ကျော် စက်လှေ များ ဖြင့် နိုင်ငံကို စွန့်ခွာ၍ အကြမ်းဖက်မှုများ ကိုရှောင် တိမ်းခဲ့ရသည်။ အမုန်းတရား များပြန့် ပွားအောင် သွေးထိုး လှုံ့ဆော် နေသူများ၊ အကြမ်းဖက်မှု များဖန်တီး သူများကို နိုင်ငံတော် အစိုးရမှ အရေးယူ ဆောင် ရွက်ခြင်း မပြုဘဲနေခြင်းမှာ ရိုဟင်ဂျာ လူမျိုးများ အပေါ်အကြမ်း ဖက်နေခြင်း ကိုထောက်ခံအားပေး နေ ခြင်း ဖြစ်သည်ဟု ယူဆ ရသည်။ 

BROUK ဥက္ကဌ ဦးထွန်းခင်မှ တက်ရောက် လာသော နိုင်ငံတကာ အဖွဲ့များကို လူသား ဖြစ်တည်မှု အပေါ် ကျူးလွန် နေသည် များကို အမြန်ဆုံး ရပ်တန့် ပေးရန် အတွက် ပန်ကြားပြီး၊ ရခိုင် ပြည်နယ်တွင်း အကြမ်း ဖက် ခံရသည့် နေရာများသို့ ကုလ သမဂ္ဂမှ စောင့်ကြည့်ရေး အဖွဲ့ စေလွှတ်ရန် တောင်းဆို ခဲ့သည်။ ထို့ အပြင် ကုလ သမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း၍ အကြမ်းဖက်မှု များတွင် ပါဝင် ခဲ့သူများကို စုံစမ်း၍ တရား စီရင်ရန် လည်းတောင်း ဆိုခဲ့ကြောင်း သိရသည်။

ကြာသပတေးနေ့ ညနေပိုင်းတွင် Geneva Press Club ၌ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ခဲ့သည်။ 

သောကြာနေ့ တွင် BROUK ဥက္ကဌ ဦးထွန်းခင်အား ကုလသမဂ္ဂ ဆွေးနွေးပွဲသို့ ဖိတ်ကြား ခဲ့ပြီး၊ အဆို ပါ ဆွေးနွေး ပွဲတွင် နိုင်ငံမဲ့ ဖြစ်ပွားမှု များနှင့် မြန်မာ နိုင်ငံ၏ လူ့အခွင့် အရေး အခြေ အနေ များ ကို ဆွေးနွေး ခဲ့ကြသည်။ ဆွေးနွေး ပွဲသို့ UNHCR Statelessness Unit မှ Mark Manly, Open Society Justice Initiative မှ Coordinator Liliana Gamboa, Tilburg University မှ သုတေသီ Zahara Albarazi တို့ တက်ရောက် ခဲ့ပြီး၊ ဂျနီဗာ ကုလ သမဂ္ဂရုံး ဒုတိယ အကြီးအကဲမှ တည်းဖြတ် ခဲ့သည်။ 

BROUK ဥက္ကဌ ဦးထွန်းခင်မှ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေသည် နိုင်ငံ တကာ လူ့အခွင့် အရေး ဥပဒေနှင့် မလျော်ညီ သည်များကို ရှင်းပြခဲ့ပြီး၊ ရိုဟင်ဂျာများ ၇ ရာစုမှ စ၍ စတင် အခြေချသူ များဖြစ်ကြောင်း၊ စစ် အစိုးရ လက်ထက်တွင် နိုင်ငံသား ဖြစ်မှုကို ဖယ်ထုတ် လိုက်ပြီး၊ ယခု ဦးသိန်းစိန် အစိုးရ လက်ထက် တွင်လည်း ထိုကဲ့သို့ ပြုမှု နေကြောင်း တို့ကို အကျယ် တ၀န့် ရှင်းပြ ခဲ့သည်။ ၎င်းမှ ရိုဟင်ဂျာ များသည် အခြားသော တိုင်းရင်းသား များနှင့် ဂုဏ်သိက္ခာ ရှိစွာ အတူ ငြိမ်းချမ်းစွာ နေထိုင် လိုသူ များဖြစ်ပြီး၊ ၎င်းတို့ ၏ နိုင်ငံသား ရပိုင်ခွင့် များကို ပြန်လည် ရရှိရန်သာ လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

Comment ရေးရန်

Rohingya Exodus