နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာမွတ်စလင် များအား လူမျိုးတုန်း သုတ်သင် နေခြင်းကို အသိပေး ဟန့်တားရေး ညီလာခံ



မြန်မာမွတ်စလင် များအား လူမျိုးတုန်း သုတ်သင် နေခြင်းကို အသိပေး ဟန့်တားရေး ညီလာခံ 

လော့စ်အိန်ဂျလိစ်
ဇွန် ၉၊ ၂၀၁၃

မြန်မာ မွတ်စလင် များအား လူမျိုးတုန်း သုတ်သင် ရေးကို အသိပေး ဟန့်တားရေး ညီလာခံကို အမေရိ ကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန် ဂျလိစ်မြို့ ကာလ်ဗာ စီးတီးတွင် ၂၀၁၃ ခုနှစ် ဇွန်လ (၉) ရက်နေ့က ကျင်းပ ခဲ့သည်။ လက်ရှိ မြန်မာ နိုင်ငံတွင်း မွတ်စလင် များအပေါ် ပစ်မှတ်ထား မျိုး ဖြုတ် သုတ်သင်မှု ပုံစံအထိ ကျူးလွန် လာနေမှု များအား အဓိကထား ဆွေးနွေး ခဲ့ကြသည်။ နိုင်ငံ တ ကာ အဖွဲ့ အစည်း များမှ ကျွမ်းကျင် ပညာရှင်များ အပါ အ၀င် ပရိသတ် တစ်ထောင်ခန့် တက်ရောက် ခဲ့ကြ ပြီး အမေရိကန် ဆီးနိတ် လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ကလည်း ထောက် ခံကြောင်း သ၀ဏ်လွှာ ပေးပို့ ခဲ့သည်။ ယင်းညီလာခံမှ အောက်ပါ ဆုံးဖြတ်ချက် (၁၀) ချက်ကို ချမှတ် နိုင်ခဲ့ ကြသည်။

ညီလာခံ ဆုံးဖြတ်ချက်များ

မြန်မာ နိုင်ငံရှိ ရိုဟင်ဂျာ လူမျိုး များနှင့် မွတ်စလင် လူ့အသိုင်း အ၀န်း အပေါ် ကျူးလွန် ခဲ့သည့် ရာဇ၀တ် မှုများသည် ကုလသမဂ္ဂ၏ လူမျိုးတုန်း သုတ်သင်သော ရာဇ၀တ်မှုများ တားဆီးရေးနှင့်ပြစ်ဒဏ် ချ မှတ်ရေး ပဋိ ညာဉ် အပိုဒ် (၂) အရ လူသားမျိုးနွယ် အပေါ်တိုက်ခိုက်သည့် ရာဇ၀တ်မှုများ အဆင့်မှ “လူမျိုးတုန်း သုတ် သင်မှု (Genocide)” အဆင့်ထိ တက်လှမ်း လာခဲ့ပြီ ဖြစ်ကြောင်း တွေ့ရသည်။ 

မြန်မာ မွတ်စလင် များအား လူမျိုးတုန်း သုတ်သင် နေခြင်းကို အသိပေး ဟန့်တားရေး ညီလာခံ (MMGAC) ကြီးက မြန်မာ မွတ်စလင် များနှင့် ရိုဟင်ဂျာ များအပေါ် ကျူးလွန် နေကြသည့် လူမျိုးတုန်း သုတ်သင်မှု များ အား ရှောင်လွှဲ ကာကွယ် နိုင်ရန် အလို့ငှာ အောက်ပါ ဆုံးဖြတ်ချက် များအား ဆုံးဖြတ် ကြေညာ လိုက် သည်။

(၁) လူမျိုးတုန်း သုတ်သင်မှု အဆင့်ထိ တက်လှမ်း လာနေသည့် မြန်မာ ပြည်သား မွတ်စလင် များအပေါ် အကြမ်းဖက် ကျူးလွန်မှု များကို ယခု ညီလာခံမှ အပြင်းထန်ဆုံး အသုံး အနှုန်း များဖြင့် ရှုတ်ချ လိုက်သည် ။မြန်မာ မွတ်စလင် များနှင့် ရိုဟင်ဂျာ များအား မြန်မာ အစိုးရမှ အပြည့်အ၀ အကာ အကွယ် ပေးရန်နှင့် တရား ဥပဒေ စိုးမိုးမှု ဖော်ဆောင် ပေးရန် တောင်းဆိုသည်။

(၂) မြန်မာ မွတ်စလင် များနှင့် ရိုဟင်ဂျာ များအပေါ် ပစ်မှတ်ထား အကြမ်းဖက် ခဲ့သူ များအား မြန်မာ အစိုးရက တရား ဥပဒေ အရ ထိရောက်စွာ အရေးယူ ပေးရမည်။

(၃) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၊ မြန်မာ မွတ်စလင် လူ့အဖွဲ့ အစည်းနှင့် ဘာသာရေး ခေါင်းဆောင်များ၊ ပြည်တွင်း၊ ပြည်ပ အစိုးရ မဟုတ်သော အဖွဲ့ အစည်း အင်ဂျီအို များတို့၏ ဘေးကင်း လုံခြုံရေးကို မြန်မာ အစိုးရက အပြည့်အ၀ တာဝန်ယူ ပေးရမည်။

(၄) နိုင်ငံ အတွင်း အကြမ်းဖက်မှု ဖြစ်ပွား ခဲ့သည့် နေရာ တိုင်းသို့ နိုင်ငံ တကာ စုံစမ်း စစ်ဆေးရေး အဖွဲ့ များကို မြန်မာ အစိုးရက အဟန့် အတား မရှိ အပြည့် အ၀ ၀င်ရောက် စစ်ဆေး ခွင့်ပြု ရမည်။

(၅) အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီး ခံရသူ များ၏ မူလ ပိုင်ဆိုင်သော မြေယာ များကို အစိုးရ မှ ပြန် လည် ပေးအပ်ရန်၊ ၄င်းတို့၏ ပျက်စီး ဆုံးရှုံး သွားသော အိုးအိမ်များ၊ ၀တ်ပြုရာ နေရာ များကို နဂိုရ် အတိုင်း ချက်ချင်း ပြန်လည် တည်ဆောက် ပြုပြင် ခွင့်ပြုရန်၊ ရခိုင် ပြည်နယ် အပါ အ၀င် တစ် တိုင်း ပြည် လုံးတွင် ပိတ်ပင် ခံထား ရသည့် မွတ်စလင် တို့၏ ၀တ်ပြုရာ ဘာသာရေး အဆောက် အအုံ များအား ပြန် လည် ဖွင့်လှစ် ပေးရန်၊ ရိုဟင်ဂျာ လူမျိုး များအား သင့်တင့် လျှောက်ပတ်သော သုဿာန် နေရာ များတွင် ၄င်းတို့၏ ဘာသာရေး ဓလေ့ ထုံးစံနှင့် အညီ သဂြိုဟ်ခြင်းကို ခွင့်ပြုရန် တောင်းဆို လိုက်သည်။

(၆) ရိုဟင်ဂျာ လူမျိုး များသည် မြန်မာ နိုင်ငံ၏ မူလ ဘူတ တိုင်းရင်းသား လူမျိုး တစ်မျိုး ဖြစ်ကြောင်း ကို မြန်မာ အစိုးရက ပြန်လည် အသိ အမှတ် ပြုပြီး ၄င်းတို့်၏ စစ်မှန်သော နိုင်ငံ သား ဖြစ်မှု အခွင့် အရေး အား အသိ အမှတ် ပြုရမည်။ မြန်မာ နိုင်ငံသား မွတ်စလင် များ၏ အခွင့် အရေးနှင့် တန်းတူညီ မျှမှုကို အခြားသော မြန်မာ နိုင်ငံသား များနည်းတူ မြန်မာ အစိုးရက အပြည့်အဝ ပေးအပ် ရမည်။

(၇) ၉၆၉ အကြမ်းဖက် အုပ်စုအား မြန်မာ အစိုးရက မတရားသင်း ကြေညာ ပေးရန်နှင့် မြန်မာ နိုင်ငံနှင့် အရှေ့တောင် အာရှ ဒေသ များသို့ တိုင်အောင် ၄င်းအဖွဲ့မှ အကြမ်းဖက် လုပ်ရပ်များ ဖြန့်ကြက် လာနေခြင်း ကို မြန်မာ အစိုးရက တားဆီး အရေးယူ ပေးရန်။

(၈) အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် အစိုးရ များက ၉၆၉ အကြမ်းဖက် အုပ်စုအား အ ကြမ်းဖက် အဖွဲ့ အစည်း တစ်ခု အဖြစ် သတ်မှတ် ပေးရန်၊ ၉၆၉ အကြမ်းဖက် အဖွဲ့နှင့် ပူးပေါင်း ဆောင် ရွက် နေသူ များကို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေး ယူရန် ကျွန်ုပ်တို့ ညီလာခံမှ မေတ္တာ ရပ်ခံ တောင်း ဆိုသည်။

(၉) ရိုဟင်ဂျာ လူမျိုး များနှင့် မြန်မာ မွတ်စလင် များအပေါ် ကျူးလွန် ခဲ့သည့် မျိုးဖြုတ် သုတ်သင်ရေး အ ကြမ်းဖက် ရာဇဝတ်မှုများနှင့် စပ်လျဉ်းပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်မှ ကြားနာ စစ်ဆေး ပေးရန် ကျွန်ုပ်တို့ ညီလာခံမှ မေတ္တာရပ်ခံ တိုက်တွန်းသည်။

(၁၀) မြန်မာ အစိုးရ အဖွဲ့တွင်းရှိ အရာရှိကြီး အချို့နှင့် ဗုဒ္ဓဘာသာ အစွန်းရောက်များ ပူးပေါင်းပြီး မြန်မာ မွတ်စလင် များအပေါ် လူမျိုးတုန်း သတ်ဖြတ် သုတ်သင်သည့် ရာဇဝတ် မှုများ ကျူးလွန် မှုကို ဖေါ်ထုတ် ပြီး နိုင်ငံ တကာ ရာဇဝတ်ရုံး (ICC) သို့ စွဲတင် နိုင်ရေး အတွက် နိုင်ငံ တကာရှိ ဥပဒေ ရေးရာ ကျွမ်းကျင်သူ ပညာရှင် များက အပြည့် အ၀ ပူးပေါင်း ဆောင်ရွက် ကူညီ ပေးပါရန် ကျွန်ုပ်တို့ ညီလာခံမှ အလေး အ နက် တောင်းဆိုသည်။

Comment ရေးရန်

Rohingya Exodus