နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောက်ဦးမှ ၁၁ နှစ်အရွယ် ရိုဟင်ဂျာ မိန်းကလေး တစ်ဦး အသတ်ခံရ

RB News
11.6.2013

မြောက်ဦး ။ ။ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မြောက်ဦး မြို့နယ်ရှိ ရိုဟင်ဂျာ များကို အကြမ်းဖက် ပြီးနောက်ပိုင်းတွင် ရိုဟင်ဂျာ လူမျိုး များကို သွားလာခွင့် ကန့်သတ် ခဲ့ရာ ရိုဟင်ဂျာ အများစုမှာ စားဝတ် နေရေး ခက်ခဲ လာခဲ့သည်။

ထိုကဲ့သို့ စားဝတ် နေရေး ခက်ခဲမှုကို ကြုံတွေ့နေ ရသူများ ထဲတွင် ဇီဇါ မွတ်စလင်ရွာ တွင်နေထိုင် ကြသော ရိုဟင်ဂျာ များလည်း အပါ အ၀င် ဖြစ်သည်။ မိသားစုများ စားဝတ် နေရေး ခက်ခဲ နေသည်ကို ခံနိုင်ရည် မရှိတော့သည့် မကူရှီဒါ (ဘ) ဦးနူရ်ဟူစိန်း (အသက် ၁၁ နှစ်) သည် ဟင်းသီး ဟင်းရွက် အချို့ကို ပိပင်ရင်း မွတ်စလင် ရွာသို့ စွန့်စား၍ သွားရောက် ရောင်းချရန် ဆုံးဖြတ်ပြီး ယနေ့ နံနက်ပိုင်းတွင် ဇီဇါရွာမှ ထွက်ခွာ သွားခဲ့ကြောင်း သိရ ပါသည်။ 

လမ်းခရီးတွင် ရခိုင်ရွာကို ဖြတ်သွားလျှင် အန္တရာယ်ရှိ သည်ကို သိနေသော မကူရှီဒါသည် အထုပ်သည်မ ရခိုင်ရွာနှင့် ခပ်လှမ်းလှမ်းမှ သွားခဲ့သည်ဟု ဒေသခံ များက ခန့်မှန်း ကြသည်။ အထုပ်သည်မ ရခိုင်ရွာတွင် ရသေ့တောင် မြို့နယ်မှ လာသော တပ်ရင်းမှ လုံခြုံရေး တာဝန်ယူ ထားသည် ဟုသိရသည်။ 

ထိုသို့ လုံခြုံရေးများ ရှိနေသော်လည်း မကူရှီဒါအား ရခိုင် အကြမ်းဖက် များက ဖမ်းဆီးပြီး စစ်တပ် ရှိသော လေးမြို့စား တံတားအောက်တွင် သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

“ညနေ ၄း၂၀ လောက်မှာ လေးမြို့စား တံတားအောက်မှာ မကူရှီဒါရဲ့ အလောင်းကို တွေ့ခဲ့တယ်။ ဓါးနဲ့ နှစ်ပိုင်း ပိုင်းထားတာ တွေ့ရတယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

မကူရှီဒါအား ရခိုင် အကြမ်းဖက် များက သတ်ဖြတ် ခဲ့ခြင်းကို အာဏာပိုင် များအား သတင်းပေး ပို့ခဲ့သော်လည်း တည်ငြိမ် ငြိမ်သက် နေသော အာဏာပိုင် များ၏ သွေးအေး နေမှုကို ကြည့်ခြင်း အားဖြင့် တစ်စုံ တစ်ရာ အရေးယူ ဆောင်ရွက်မှု ပြုလုပ်မည် ကိုမထင် ရကြောင်း ဒေသခံ များက ပြောသည်။

Comment ရေးရန်

Rohingya Exodus