နောက်ဆုံးသတင်း/ဆောင်းပါးများ

လက်တစ်တောက်-စာ

ဌေးလွင်ဦး
RB News
13.7.2013

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင် ပြောင်းလဲရေး အမည်ခံ အစိုးရဟာ-၊ ကမ္ဘာကို မျက်နှာ နှစ်မျိုးနဲ့ လှည့်စား လိမ်ညာ ခဲ့တယ်။ မြန်မာပြည် ရဲ့ပြူ တင်း ပေါက် ကို ဖွင့်ပြီး အပြင်ဘက် ကို ခေါင်းပြူလျှက် ကမ္ဘာကို အပြုံး မျက်နှာ နဲ့ က တိတွေ အမျိုးမျိုးပေး-၊ ရုပ်တည်ကြီးနဲ့ အရှက်မဲ့သိက္ခာမဲ့ လိမ်ညာ ခဲ့ တယ်။ ပြူ တင်း ပေါက်နောက် ကွယ်က ပြည်တွင်း မှာတော့-၊ သူအပါ အ၀င် ခရိုနီပေါင်း ၄၂၀ လောက်ရဲ့ လက်ထဲမှာ တိုင်းပြည်ကို ပြန်မရွေး နိုင် အောင် ပေါင်နှံ ထား ပါတော့တယ်။ 

သမ္မတ ဦးသိန်းစိန်ရဲ့ လက်ထဲမှာ တိုင်းပြည်က တိုးတက် လာလေ မလားလို့ မျှော်လင့် မိတဲ့ တိုင်း သူ ပြည်သား များ လည်း ကမ္ဘာ့ အလယ် မျက်နှာ ထားစရာ မရှိ ဖြစ်ခဲ့ပြီ။ အိမ် ကြက် ချင်းလည်း အိုးမဲ့သုတ် တိုက်ပေး ခံရ ပြီးပြီ။ ဒဏ်ရာ ဒဏ် ချက်တွေနဲ့ မထ  နိုင်အောင် ဖြစ်ခဲ့ ရ  တာ က ပြည် သူ၊ ပြည် သား များ သာ ဖြစ် ခဲ့ ရပြီ။ ၂၀၁၂ ခုကစ ၀ရုန်း သုန်းကား ဖြစ်ခဲ့ ရမှုများ အား လုံး အတွက် ဦးသိန်းစိန် အစိုးရ မှာ တာ ၀န် အပြည့် ရှိနေ ပါတယ်။ 

အထူး သဖြင့် ရခိုင် နယ်က လူမျိုးတုံး သတ်ဖြတ်မှု၊ အဲ့ဒီ အမှုမှာ ဦးသိန်းစိန် အစိုးရဟာ လုံးဝ ရှောင် ထွက်လို့ မရ နိုင်ပါ။ သမိုင်းဝင် ရိုဟင်ဂျာ လူမျိုးကို မြန်မာ့ သမိုင်းမှာ မရှိပါ ဘူးလို့ မြန်မာ ကိုရော ကမ္ဘာ ကို ပါ ဗြောင်ခံ ငြင်းနေ သူများက သမ္မတရုံး ကိုယ်တိုင် ကပဲ ဖြစ်ပါတယ်။ ဒီလို ဗြောင်ငြင်း နေခြင်းဟာ ကြီးမား တဲ့ အန္တရာယ်ကို အိုးစည်း ဗုံမောင်းနဲ့ ကြိုဆို နေခြင်းသာ ဖြစ်ပါတယ်။ 

လူမျိုးတုံး သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် မောင်းထုတ်ခြင်း အမှုကို ကျူးလွန် ပါတယ်လို့ ကမ္ဘာ့ အ သိုင်း အ၀ိုင်းက လူသိရှင်ကြား ၀န်ခံပြီး ကတည်းက အဲ့ဒီ လူမျိုးတုံး သုတ်သင် ခံရတဲ့ လူ့အသိုင်း အ၀ိုင်း ကို မည်သည့် နည်းနဲ့မဆို မည်သူက မဆို ၀င်ရောက် ကာကွယ်ခွင့် ရှိတယ် ဆိုတဲ့ ကမ္ဘာ့ ဥပဒေနဲ့ ခွင့်ပြု ချက် ကိုတော့ မြန်မာ အစိုးရပိုင်းက သိနေဘို့ လိုပါမယ်။ ဦးသိန်းစိန် အစိုးရနဲ့ လက်ပါးစေ တို့က အစ္စလာမ် သာသနာ ၀င်များကို မနာလို မုန်းတီးပြီး မျိုးပြုတ် သုတ်သင်ဘို့ စီမံချက် ချမိပေမယ့်-၊ လူတွေကို မျိုးတုံး မသုတ်သင် လိုက်ရဘဲ-၊ မျိုး တုံး သတ်သင်မှု အထကံ မြောက်သွား တာတော့-၊ မကောင်း ဉာဏ်နဲ့ ဘေး ဒဏ် လို့ ဆိုရမှာပါ။ ဘယ်လိုမှ ချေဖျက်လို့ မရတော့တဲ့ အမှုက မြောက်သွား ခဲ့ပါပြီ။ 

အခု အချိန်မှာ စေတနာ ယုတ်မာတဲ့ အစိုးရဟာ စားပွဲခုံ တစ်ခုရဲ့ ဒေါင့်စွန်းလေးမှာ ပြုတ်ကျလု ဆဲဆဲ မကျည်းစေ့ လေး တစ်စေ့ လိုပါပဲ။ လက်နဲ့ တစ်ချက် တောက်လိုက်တာနဲ့ လွင့်စင် သွားမှာပါ။ ကိုယ့်အခြေ အနေကို ကိုယ်သိ တယ်ဆိုရင် ၂၀၁၅ ထိ ဆက်လက် ရပ်တည် နိုင်အောင် စေတနာ ယုတ်များကို ချက် ချင်း ပြင်ဆင် လိုက်ဘို့ သတိ ပေးလိုပါတယ်။ ကျုပ်တို့ တစ်ကြိမ် သတိ ပေးတိုင်း တစ်ချက်စီ ထိတယ် ဆို တာ ကိုလည်း ခဏခဏ မေ့မသွား ဘို့ လိုပါမယ်။ ပြည်သူကို လှည့်စားတဲ့ အနေနဲ့ မရှိသွားဖြဲ- ကျားကျား မီးယပ် ဆက်လုပ် နေမယ် ဆိုရင် ဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ဟာ ၂၀၁၅ ထိ စိတ်ကူး မယဉ်ပါ နဲ့တော့ လို့ ပြောလို ပါတယ်။ 

၂၀၁၅ ထိ ဆက်လက် နေချင် သေးတယ် ဆိုရင်-၊ ၂၀၁၂ က စခဲ့တဲ့ ပြဿနာ အားလုံးရဲ့ တရားခံ တွေကို ချက်ချင်း အရေးယူ ပေးရ ပါမယ်။ မဆီ မဆိုင် စွပ်စွဲ ထိုးချ ဖမ်းဆီး ထားတဲ့ လူတွေကို ချက်ချင်း လွှတ်ပေး ရပါမယ်။ တစ်တိုင်း ပြည်လုံးမှာ ကျောသား ရင်သား မခွဲခြားဘဲ တန်းတူ ညီမျှ အခွင့် အရေးကို ဥပဒေ ပြဌာန်း ပေးရ ပါမယ်။ ရိုဟင်ဂျာ တွေကို သမိုင်းမှန် အတိုင်း ရခိုင် ဒေသရဲ့ မူလ ဘူတ လူမျိုး အဖြစ် အသိ အမှတ် ပြုပေး ရပါမယ်။ လူနည်း စု အထူး ကာကွယ်တဲ့ ဥပဒေ တွေကို ချက်ချင်း ပြဌာန်း ပေးရ ပါမယ်။ 

တိုင်းပြည်မှာ ဓနရှင် မရှိရင် မပြည့် စုံဘူး ဆိုတာကို ယုံကြည် ပါတယ်။ ဒါပေမယ့် တစ်ပြိုင် နက်ထဲမှာ ခရိုနီပေါင်း ၄၂၀ လောက် ကိုလည်း သတိပေး လိုတယ်။ မိမိရဲ့ တရားသဖြင့် အကြံဉာဏ်နဲ့ ရှာဖွေ ထားတဲ့ ဥစ္စာပစ္စည်း များကို ကာကွယ်ပါ။ မတရားသဖြင့် ရယူထား တာတွေရှိရင် တိုင်းပြည် ပြန်လည် ထူထောင် ရေးမှာ အသုံးပြု လိုက်ဘို့ပါပဲ။ မတရား သဖြင့် တိုင်းပြည် ထဲက နှိုက်ယူ ထားတဲ့ ဥစ္စာ ပစ္စည်း တွေ ကို ကာ ကွယ်ရင်း တိုင်းသူ ပြည်သားချင်း ရန်တိုက် ပေးတဲ့ နည်းတွေကို သုံးနေမယ် ဆို ရင်တော့-၊ အဲ့ဒီ ခရိုနီ များ ဟာလည်း မကြာမှီမှာ နှလုံး ရောဂါတွေ ဖြစ်သွား ရပါမယ်။ ကမ္ဘာ့ ပညာရှင် တွေ က မြန်မာ ပြည် ကို ဘော် လုံး ကစားကွင်းလို သဘော ထားပြီး အပြင်က ထိုင်ကြည့် နေ သူများ ပါ။ တစ်ယောက်ချင်း တစ်ဦးချင်းရဲ့ ကစားကွက် တွေကို မြင်နေ ရပါတယ်။ တစ်ချက်လောက် ပညာ ပြလိုက် တာနဲ့ ဂျွမ်း ထိုး မှောက်ခုံ ဖြစ်သွား ပါလိမ့်မယ်။ ဒီအတွက်လည်း ကမ္ဘာမှာ အကွက်တွေ အဆင်သင့် ရှိနေ ပါပြီ။ ခရိုနီ များရဲ့ စာရင်း ကိုလည်း အတိ အကျ ရထား ပြီးပါပြီ။ နောင်တကို အချိန်မှီ သိပြီး စိတ်စေတနာ ကောင်းနဲ့ ပြုပြင် ပြောင်းလဲ သူသည်သာ သမိုင်း သန့်သန့်နဲ့ ကျန်နေ ခဲ့မှာပါ။ 

မီဒီယာ များကို လည်း သတိပေး လိုပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အဖွဲ့နဲ့ အတူပါ မသွား စေလိုပါ။ မီဒီယာ ကျင့်ဝတ် အတိုင်း သမာ သမတ် ကျဘို့ လိုပါပြီ။ လူမျိုးရေး ဘာသာ ရေးတွေနဲ့ ရန် တိုက်ပေးတဲ့ မူဝါ ဒ တွေကို ချက်ချင်း ရပ်ဘို့ လိုပါပြီ။ သမ္မတ ဦးသိန်းစိန် အဖွဲ့ဟာ သူတို့ရဲ့စေတနာ ယုတ် များကြောင့် တေးတေး လေး ပဲ ကျန်နေတဲ့ အချိန်မှာ- ရေရှည် ရပ်တည် ရမယ့် မီဒီယာများ အနေနဲ့ ဆင်ခြင် သင့် ပါတယ်။ 

တစ်ကယ်တော့- သမ္မတ ဦးသိန်းစိန် အစိုးရဟာ ရိုဟင်ဂျာ တို့ရဲ့ သမိုင်းကို လိမ်ညာပြီး မွတ်ဆလင် မျိုးတုံးသတ် စီမံချက်ကို ချမိခဲ့ခြင်းက သူတို့ အတွက် ကံဆိုး ရခြင်းကို စတင် ခဲ့တာပါ။ အာဏာ တည်တံ့ စေဘို့နဲ့ ၂၀၀၈ ဖွဲ့စည်း ပုံကို မပြင်ရ ရေးအတွက် အကွက် ရွှေ့တာမှာ အကွက်မှား သွားတယ် လို့လည်း ဆိုနိုင် ပါတယ်။ ရိုဟင်ဂျာ တို့ကို အကြောင်း ခံပြီး- တစ်နိုင်ငံလုံး အရှိန် အဟုန်နဲ့ ပြောင်းလည်း သွားရပါ တော့မယ်။ သူတို့ ဖက်တွယ် နေတဲ့ ၂၅ ရာနှုန်းလည်း ပျက်သုဉ်း ရပါတော့မယ်။ အစိုးရဘက်က တစ်ကွက် ရွှေ့တာနဲ့ အစိုးရ တစ်ရပ်လုံး နိတ္ထိတံ သွားရ ပါတော့မယ်။ 

နှစ်ကောင် စားပြီး အောင်ပွဲ ခံမယ့် စစ်တုရင် ကွက်မှာ လက်ရှိ အစိုးရဟာ ခွ ချက်စ် အခေါ် ခံထား ရပါပြီ။ သူတို့ အဖြစ်က ရိုဟင်ဂျာကို စားစား၊ မွတ်ဆလင်ကို ထိထိ-၊ ဘယ်လို ငြိငြိ ပွဲသိမ်း ရပါပြီ။ သို့မဟုတ် စားပွဲ ဒေါင့်စွန်းက လက်တစ်တောက်စာ နေရာမှာ ရှိနေပါတယ်။ 

ဖိနှိပ်ခံ တိုင်းသူ ပြည်သားများ-၊ ဤကျေးဇူး များကို သိနိုင်ပါစေ။ 

ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာ မွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု တာဝန်ခံ 
အမေရိကန် ပြည်ထောင်စု

Comment ရေးရန်

Rohingya Exodus