March 17, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရိုဟင်ဂျာ လူငယ်များ၏ ပညာရေး ဘ၀ခံစားချက်

Syd Almasom
RB News
12.7.2013

မိခင်က မွေးဖွား ပေးပြီးတဲ့ နောက် မိဘ ကျေးဇူးကြောင့် အသက် ၅ နှစ် (သို့) ၇ နှစ် အရွယ် ရောက်တော့ အသိပညာ ဗဟုသုတ တိုးပွား လာစေဖို့ အတွက် ကျောင်းအပ် တဲ့အချိန်မှာ ထုံးထမ်း စဉ်လာ အရသာ အပ်နှံ တာဖြစ်တယ် လို့သာ ယူဆခဲ့ မိပါတယ်။ စာသင် ကျောင်းမှာ ကျောင်းဆရာ ဆရာမ တွေအားလုံး နီးပါးက ရိုဟင်ဂျာ စကား မတတ်တော့ ပညာ နို့ရည် တိုက်ကျွေး ရာမှာ တပည့်များဟာ မျက်ကန်းကို တုတ်ပြ သလို ခံစား ရပါတယ်။ ကျောင်းတိုင်း လိုလိုမှာ ရိုဟင်ဂျာ တစ်ယောက်စီကို အထွေထွေ လုပ်သား အဖြစ် ခန့်ထားတာ ရှိပါသေး တယ်။ သူ့မှာလည်း စာပြခွင့်မှ မရှိတာ။ သို့သော်လည်း သူ့ဘက်က တတ်နိုင် သမျှ ကိုယ့်လူမျိုး တွေအပေါ် စေတနာ ထားပြီး ကူညီတာကြောင့် အတန်းအောင်ရုံ လောက်တော့ တတ်ကျွမ်း လာကြတယ်။ကျောင်းတွေ အားလုံးမှာ ရိုဟင်ဂျာ ဆရာ/မတွေ သာဖြစ်ခဲ့ မယ်ဆိုရင် ဘယ်လောက် ထိ တတ်ကျွမ်း လာမယ် ဆိုတာကို တွေးတော စဉ်းစားလို့ မကုန်နိုင်ပါ။ အတန်း အောင် သည် ဖြစ်စေ၊ မအောင် သည်ဖြစ်စေ၊ အတန်းတင် ပေးဖို့ အတွက် လာဘ် ထိုးနေရ တာကတော့ အခု ထိပါ။ Unicef က ဆန် ထောက်ပံ့ ပေမယ့်လည်း ကျောင်းအုပ်ကြီး ကတော့ ကျောင်းသား တစ်ယောက်စီ ဆီက ၅၀၀ ကျပ် စီ ကောက်ခံ လျက်ပါ။ အဲဒါကို မကျေနပ်လို့ ပညာရေးမှူး တိုင်တော့လည်း အထွေထွေ စရိတ် လို့ ပြောပါတယ်။ 

အဲဒီလို သောကနဲ့ဒုက္ခတွေရင်ဝယ်ပိုက်ပြီး၊ မူလတန်း အဆင့်ကို ကျော် အလယ်တန်း အ ဆင့် ရောက်တော့ လည်း ထိုနည်း လည်းကောင်း ပါဘဲ။ အခက် အခဲမျိုးစုံ ကြားက ကျောင်း စာကို ကြေကြေ ညက်ညက် နားလည် အောင်ကြိုးစား အားထုတ်ရင်း ပထမ အဆင့် (သို့) ဒုတိယ အဆင့် ရပါသော် လည်း အောင် စာရင်း ထွက်တော့ အဲဒီ နေရာ နှစ်နေရာက ဗုဒ္ဓဘာသာ ကျောင်း သား တွေ အတွက် သာ ဖြစ်နေ တာ ကို တွေ့ရပါတယ်။ တတိယ အဆင့် နေရာကိုတော့ လာဘ်ထိုး နိုင်တဲ့ ရိုဟင်ဂျာကျောင်း သား အ တွက် ပေးလေ့ ရှိတယ်။ 

န၀မတန်း ရောက်တော့ သိပ္ပံ၊ ၀ိဇ္ဖာ ခွဲခြားရာမှာ အတန်းပိုင် ဆရာ/မ တွေက ရိုဟင်ဂျာ ကျောင်းသား / သူ များရဲ့ လိုအင် ဆန္ဒ အတိုင်း မလိုက်ဘဲ အတင်းဘဲ ၀ိဇ္ဖာ ယူခိုင်းတာ၊ ကျူရှင် တက်ခိုင်းတာ၊ အတန်းတင် စာမေးပွဲ ရောက်တိုင်း ငွေကျပ် ၁၅၀၀၀/ စီ မပေး မချင်း စာမေးပွဲ ဖြေခွင့် မပေးတာ၊ စာမေးပွဲ အောင် တဲ့ ကျောင်း သား တချို့ကို မတရားသဖြင့် ကျရှုံးပေး လိုက်တာတွေပြန်တွေး ကြည့်ရင်တော့ အတော်လေး စိတ် မကောင်း ဖြစ်ရတယ်။ တက္ကသိုလ် ၀င်တန်း ရောက်တော့ ပညာသင် စနစ် ပြောင်းသွား တာကို ကြည့်လိုက်ရင် နိုင်ငံတော် အစိုးရ အနေနဲ့ ရိုဟင်ဂျာ (၁) သန်းကျော် အတွက် အခြေခံ ပညာ ဆရာ/မ တွေကို နည်းမျိုးစုံနဲ့ တံခါးပိတ် သင်တန်း ပေးပြီး အကွက်ချ စီစဉ်ထား တွေရှိတယ် ဆိုတာကို ရိုဟင်ဂျာ လူမျိုး အားလုံး ကတော့ ပြန်လည် သုံးသပ် မိဟန် မရှိတာကို တွေ့ရတယ်။ 

တက္ကသိုလ် ၀င်တန်း အောင်ပြီး မိမိ၏ ရမှတ် အပေါ် မူတည်ပြီး အထူးပြု ဘာသာရေး သင်ယူ ခွင့် လျှောက် လွှာ တင်တော့ ဆေးတက္ကသိုလ် ပညာ ဆက်သင် ခွင့် အတွက် အမှတ်မှီသူ တွေကို ရုက္ခ ဗေ ဒ၊ ဓာတု ဗေဒလို ရိုးရိုး ဘာသာရပ် တရပ်ရပ်ကို အဆင့်မြင့် ပညာ ဦးစီးဌာန ကချပေးပြီး ပညာ ထူးချွန်တဲ့ ရိုဟင်ဂျာ ကျောင်းသား/သူ များအား စိတ်ဓါတ်ကျ စေခဲ့ပါတယ်။ အကယ်၍ အဆင့်မြင့် ပညာ ဦးစီးဌာနက ညှာတာ ထောက်ထားပြီး ရမှတ်ပေါ် မူတည်ကာ အသက် မွေးဝမ်းကျောင်း ချပေးပေမယ့်လည်း ပြည်နယ် ပညာရေးမှူးရဲ့ ညွန်ကြားချက်နဲ့ မြို့နယ် လ၀ကရဲ့ မြို့နယ် ကျော်သွား လာခွင့် ပုံစံ (၄) ထုတ်ပေးတာ ကြန့်ကြာ အောင်လုပ်တယ်။ နောက်ဆုံးမှာ အဲဒီလို ကျောင်းသားက အချိန်မီ မရောက်လာ လို့ ကျောင်း လက်ခံခြင်းမှ ပယ်ဖျက် လိုက်ပါသည်လို့ အကြောင်းကြား စာထုတ် ပေးတယ်။ ရိုးရိုး ဘာသာရပ်နဲ့ သင်ကြား နေတဲ့ ကျောင်းသား / သူ တစ်ယောက်က ဂုဏ်ထူးတန်း (သို့) မဟာဘွဲ့လွန် တက်ခွင့် ရရင် လည်း မှတ်ပုံတင် ကဒ်ပြားက (နိုင်) မဟုတ်တာ ကိုအကြောင်း ပြပြီး တက်ခွင့် မပေး တော့ဘူး။ အဲဒီလိုနဲ့ ရိုဟင်ဂျာ လူငယ်တွေရဲ့ စိတ်ဓါတ်တွေက ဟိုး အ၀ိစီ အောက်ထိ ကျသွား ပါတော့တယ်။

နောက်ဆုံး ရိုးရိုး ဘာသာနဲ့ ဘီအက်စ်စီ၊ ဘီအေ ဘွဲ့ယူပြီး ထိမ်းမြား မင်္ဂလာ ဖိတ်ကြားလွှာမှာ နာမည်နဲ့ တွဲပြီး မိမိရဲ့ ဘွဲ့ထူး ဂုဏ်ထူး အဖြစ် သုံးဖို့ အတွက်သာ အသုံးဝင် ပါတော့တယ်။ မနှစ်ကစတဲ့ အကြမ်းဖက် မှုတွေ နောက်ပိုင်းမှာ ရပ်ဝေးက ဆရာ/မ တွေ မောင်တော၊ ဘူးသီးတောင် မြို့နယ် တွေကို လာပြီး တာဝန် မထမ်းဆောင် တော့ဘူး။ အခုမှ ရိုဟင်ဂျာ မွတ်စလင် တွေထဲက ဘွဲ့လွန်နဲ့ ဘွဲ့ကြို ကျောင်းသား / သူ အချို့ကို မြို့နယ် ပညာရေးမှူးက ကျောင်း ဆရာ/မ တွေ အဖြစ် ခန့်အပ် လိုက်ပေမယ့် လည်း၊ လစာနဲ့ ပတ်သက်ပြီး တစ်လ ကျော်ကျော် ရှိနေပြီ ဖြစ်တဲ့ အခု အချိန်ထိ ဘာအကြောင်းမှ ကြားခြင်း မရှိဘူးလို့ သိရတယ်။ အဲဒါက လည်း တမျိုး ထူးခြား နေပါတယ်။ ကျောင်းသား / သူတွေကို ကျောင်းလက်ခံ ရာ မှာတော့ ငွေကြေး အမြောက် အမြားကို ကျောင်းအုပ်ကြီးရဲ့ အိတ်ထဲ ထည့်ပေးမှသာ လက်ခံ ခဲ့ တာ ဖြစ်ပါတယ်။ 

ဆယ်စုနှစ် နှစ်ခု မက ကြာပြီးမှ အခုလို ရိုဟင်ဂျာ ဆရာ/မ တွေကို ယာယီခန့် ပေမယ့်လည်း လစာ မပေးဘူး ဆိုတာက ဘာသဘောပါလိမ့် .. အဲဒီလို အခက် အခဲ ပေါင်းစုံကြောင့် ရိုဟင်ဂျာ မိဘတွေနဲ့ သား သမီး တွေဟာ ပညာရေးကို အားမလို အားမရ ဖြစ်ပြီး ပညာသင် ချင်စိတ် လျော့နည်း ခဲ့ရ တာ ဖြစ်တယ်လို့ ကျွန်တော့်ရဲ့ အမြင် ကိုတင်ပြ လိုက်ပါတယ်။ 


Comment ရေးရန်

Pages 22123456 »
Rohingya Exodus