April 02, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရိုဟင်ဂျာ လူငယ်တစ်ဦးကို စစစ မှဖမ်း၍ ငွေ ၁၅ သိန်း တောင်းခံနေ

RB News
16.7.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် တိုက်နယ်၊ ကံပု ကျေးရွာမှ ရိုဟင်ဂျာ လူငယ် တစ်ဦးအား အထူးစုံစမ်းရေး စစ်ဆေးရေး ဦးစီးဌာန (စစစ) မှ ဦးအောင်ကျော်ဇင်က ယမန်နေ့ ဇူလိုင် ၁၅ ရက် တွင်ဖမ်းဆီးပြီး ငွေကျပ် ၁၅ သိန်း တောင်းခံ လျက်ရှိကြောင်း သတင်း ရရှိပါ သည်။ 

ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ရိုဟင်ဂျာ လူငယ် တစ်ဦး ဖြစ်သူ နူရ် အာလမ် (ဘ) ဦးနူရူဟောက် (အ သက် ၂၃ နှစ်) သည် ဈေးမှ ပြန်လာသည့် လမ်းတွင် ဖမ်းဆီး ခံရခြင်း ဖြစ်သည်။ ဈေးမှ ဖခင်ဖြစ်သူ အတွက် ဆေးဝယ်လာ သည်ကို စစစ မှ ဦးအောင်ကျော်ဇင်က လိုင်စင်မဲ့ ဆေးရောင်း နေသည်ဟု မဟုတ် မမှန် စွပ်စွဲ၍ ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။ 

ဦးအောင်ကျော်ဇင် သည် အပြစ်မဲ့ ရိုဟင်ဂျာ များကို ဖမ်းဆီး၍ ငွေညှစ်  ခြင်းများ ပြုလုပ် နေသည်မှာ အချိန် ကာလ အတော်ကြာ နေပြီ ဖြစ်သည်။ ဈေးရှိ ဈေးသည် များမှ ၎င်းအား တစ်ပတ်လျှင် ငွေကျပ် တစ်ထောင် ဆက်ကြေး သဖွယ် ပေးနေရသည်။ မပေးသူ များကို လူမဆန်စွာ ရိုက်နှက်၍ အပြစ်ပေးလေ့ ရှိကြောင်း ဒေ သခံများ၏ ပြောကြားချက် များအရ သိရသည်။ 

နူရ် အာလမ်ကို ဖမ်းဆီးသွားပြီး ဦးအောင်ကျော်ဇင်၏ ရုံးခန်း ရှိရာ အဆောက် အဦတွင် ချုပ်နှောင် ထား သည်။ ဦးအောင်ကျော်ဇင်မှ နူရ်အာလမ် အားငွေကျပ် ၁၅ သိန်း ပေးရန် တောင်းခံရာ၊ နူရ်အာလမ်က မပေးနိုင်ဟု ပြောသောကြောင့် တစ်ညလုံး ရိုက်နှက် ညှင်းပန်း နှိပ်စက် ခဲ့သည်ဟု ဆိုသည်။ 

ယနေ့ နံနက်ပိုင်းတွင် ဖခင်ဖြစ်သူမှ သားဖြစ်သူကို သွားရောက် ကြည့်ရှုရာ နူရ်အာလမ်ကို သွေးထွက်သံယို အနေ အထား၊ ဒဏ်ရာ များဖြင့် မြင်ခဲ့ရကြောင်း သိရသည်။ 

ဒေသခံ များမှ နူရ်အာလမ်လွတ်မြောက်ရေး အတွက် အနိမ့်ဆုံး မည်မျှ ပေးရမည်ကို မသိရှိ ရသေးကြောင်း RB News သို့ ပြောသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus