နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် အုပ်ချုပ်ရေးမှူးမှ ခြိမ်းခြောက်၍ ဆက်လက် ငွေညှစ်လျက်ရှိ

RB News
30.7.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင် သက်နိုင်မှ ရိုဟင်ဂျာ များကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ဆက်လက် ငွေညှစ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

အလယ်သံကျော် ကျေးရွာ အုပ်စု၊ အထက် ကမ်းပိုင်ကြီးရွာနေ ဦးအေဇာဇုလ္လာ (ဘ) ဦးအဒူရှကုရ် အား မိခင် နိုင်ငံခြား ထွက်သွားသည်ကို အကြောင်းပြ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ခြိမ်းခြောက်ပြီး ငွေကျပ် ၁၁ သိန်း တောင်းခံ လျက်ရှိကြောင်း သိရပါသည်။ ဦးအေဇာဇုလ္လာ၏ မိခင်သည် လွန်ခဲ့သည့် သုံးလ ခန့် တွင် ဆော်ဒီ အာရေဗျာ နိုင်ငံသို့ တစ်ဖက် နိုင်ငံမှ တဆင့် ထွက်ခွာ သွားပြီးနောက်၊ ယခုအခါ ယင်းကိစ္စနှင့် ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သက်နိုင်မှ ငွေကျပ် ၁၁ သိန်း မပေးလျှင် ဖမ်းဆီး မည်ဟု ခြိမ်းခြောက်၍ တောင်းခံရာ ငွေကျပ် ၃ သိန်း ပေးခဲ့ရကြောင်း သိရှိ ရပါသည်။ 

သို့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်မှ ငွေကျပ် ၁၁ သိန်း အပြည့် မရလျှင် ဖမ်းဆီး မည်ဟု ထပ်မံ ခြိမ်းခြောက် နေသည်။ 

“သူ့အမေ ဆော်ဒီ သွားလိုက်တာကို အကြောင်းပြပြီး ငွေ ၁၁ သိန်း တောင်းတယ်။ မတတ်နိုင်တော့ ၃ သိန်း ပေးလိုက်ရတယ်။ အဲဒါကို နောက်ထပ် ၈ သိန်း မပေးရင် သူပိုင်တဲ့ ပစ္စည်းတွေ အားလုံးကို သိမ်းမယ် ဆိုပြီး ခြိမ်းခြောက်နေတယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

ဦးအေဇာဇုလ္လာ၏ မိခင် နိုင်ငံခြားသို့ ထွက်သွားခြင်းနှင့် ပတ်သက်၍ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ရန်မှ တစ်ပါး အခြား မရှိသော်လည်း ယခုကဲ့သို့ ဥပဒေမဲ့ ခြိမ်းခြောက် ငွေညှစ် နေခြင်းမှာ တရား ဥပဒေ စိုးမိုးမှု မရှိခြင်း ကြောင့်သာ ဖြစ်သည်။ 

ဦးမောင်သက်နိုင်သည် ယခုကဲ့သို့ မတရား သဖြင့် ငွေညှစ်ခြင်း များကို ဓါးပြ သဖွယ် ပြု လုပ် နေ ခြင်းကြောင့် ဒေသခံ ရိုဟင်ဂျာ များမှာ အလွန် ဒုက္ခရောက် လျက်ရှိသည်။ အဆင့်မြင့် အာဏာပိုင် များကို တိုင်ကြား သော်လည်း အရေးယူမှု တစ်စုံတစ်ရာ မပြုလုပ်ကြောင်း ဒေသခံ များက ဆိုသည်။


Comment ရေးရန်

Rohingya Exodus