နောက်ဆုံးသတင်း/ဆောင်းပါးများ

နစက၏ ငွေညှစ်သည့် တာဝန်ကို လုံထိန်းများမှ ဆက်လက် တာဝန်ယူထား

RB News
31.7.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာမှ ရိုဟင်ဂျာ အမျိုးသား (၆) ဦးကို လုံထိန်း (၄) ဦးမှ ဖမ်းဆီး၍ ငွေကျပ် ၄ သိန်း ၅ သောင်း ရယူ ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

ဇူလိုင်လ (၂၈) ရက်နေ့ ည ၉ နာရီ မိနစ် ၄၀ တွင် မောင်တော မြို့နယ် တောင်ပိုင်း၊ ဇော်မတက် ကျေးရွာမှ အိမ်ပြန်လာ နေသော ရိုဟင်ဂျာ အမျိုးသား (၆) ဦးကို ဇော်မတက် တံတား စစ်ဆေးရေး ဂိတ်တွင် တာဝန် ကျ နေသော လုံထိန်း (၄) ဦး ရွာထဲသို့ ၀င်လာပြီး ပုဒ်မ ၁၄၄ ကိုချိုးဖောက်သည်ဟု စွပ်စွဲ၍ ဖမ်းဆီး သွားခဲ့ သည်။ 

ပုဒ်မ ၁၄၄ အရ ည ၁၀ နာရီမှ နံနက် ၅ နာရီထိ အပြင် မထွက် ရသော်လည်း အဆိုပါ ရိုဟင်ဂျာ အမျိုးသား (၆) ဦးမှာ ည ၉ နာရီ မိနစ် ၄၀ တွင် ၎င်းတို့၏ အိမ်နားသို့ ရောက်နေပြီ ဖြစ်သည်။ သို့သော် လည်း ငွေညှစ် ရန် အတွက် မဟုတ်မမှန် စွပ်စွဲပြီး ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းဆီးခံရသူ (၆) ဦးမှာ -- 

(၁) ဦးအီနုစ် (ဘ) ဦးကာဒဲရ် ဟူစိန်း (အသက် ၅၀ နှစ်)
(၂) မော်လ၀ီဦးကဘီရ် (ဘ) ဦးအဘူဟာရှင် (အသက် ၂၆ နှစ်)
(၃) ဦးမိုဟာမတ်ဖဟာသ် (ဘ) ဦးဆလီမ်အုလ္လာ (အသက် ၂၄ နှစ်)
(၄) ဦးမိုဟာမတ်ရဖိခ် (ဘ) ဦးအာဇမ်အလီ (အသက် ၂၅ နှစ်)
(၅) ဦးနူရ်အာလမ် (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၃၀ နှစ်)
(၆) အာမီန်နုလ္လာ (ဘ) ဦးဇဖာရ်အဟမတ် (အသက် ၁၈ နှစ်) -- တို့ဖြစ်သည်။ 

အဖမ်းခံ ရသူများတွင် ဦးမိုဟာမတ် ဖဟာသ်သည် မြန်မာ စကား ကျွမ်းကျင်စွာ ပြောဆို တတ်သူ ဖြစ်ပြီး၊ ၎င်းထံမှ လုံထိန်းများမှ ငွေကျပ် ၂ သိန်း ယူ၍ ညတွင်းချင်း လွှတ်ပေး ခဲ့ကြောင်း သိရသည်။ ကျန်သည့် ငါး ဦး ထံမှ ငွေကျပ် ၅ သောင်းစီ ယူ၍ ဇူလိုင်လ (၂၉) ရက်နေ့တွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus