နိုင်ငံပေါင်း ၁၈ နိုင်ငံက သံအမတ်ကြီးတွေ ရခိုင်ဒုက္ခသည် စခန်းတွေကို သွားရောက်လေ့လာ
7.7.2013
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေရဲ့အခြေ အနေတွေကို အင်ဒိုနီးရှား၊ အစ္စရေး၊ ဆော်ဒီအာရေးဘီး ယား၊ ဂျာမနီ၊ ပါကစ္စတန်စတဲ့ နိုင်ငံပေါင်း(၁၈) နိုင်ငံကသံအမတ်ကြီး တွေဟာ ဒီကနေ့ သွားရောက် လေ့ လာ ခဲ့ ကြ ပါတယ်။
ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေရဲ့ ရေရှည်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို အဓိကလာရောက်လေ့ လာ ဖြစ်တယ်လို့ ရခိုင် ပြည်နယ် အစိုးရ ပြောခွင့် ရသူ ဦးဝင်းမြိုင်က RFA ကို ပြောပါ တယ်။
"အခုက သူတို့ မောင်တော မီးလောင်တဲ့ နေရာကို သွားတယ် တချို့ ကလည်း မရောက်ဖူးတဲ့ သူတွေ ပါ တာကို ဗန္ဓုလရွာကို သွားတာကို သူတို့ ကတော့ ဒီက ဒုက္ခသည် တွေကို ရေရှည် ဘယ်လို လုပ်မလည်း ဆိုတာက အဓိကပါ"
အဲဒီ သံအရာရှိ တွေကို ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယ ဝန်ကြီးတွေ ဦးဆောင် ခေါ်ယူ လာတာ ဖြစ်တယ်လို့ သိရ ပါတယ်။
ဒီအဖွဲ့ဟာ ရခိုင် ပြည်နယ် အစိုးရ အဖွဲ့ရုံးက တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံ ခဲ့ပြီး နေ့လည် ပိုင်းမှာ မောင်တော မြို့နယ်က ဒုက္ခသည် တွေကို သွားရောက် တွေ့ဆုံ ခဲ့ကြ တာပါ။
ဒါ့အပြင်မနက်ဖြန်မှာလည်းတခြားမြို့နယ်တွေကဒုက္ခသည်စခန်းတွေကိုဆက်လက်ပြီး သွားရောက် တွေ့ဆုံ ဖို့ရှိတယ် လို့ ဦးဝင်းမြိုင်က ပြောပါတယ်။