နောက်ဆုံးသတင်း/ဆောင်းပါးများ

မတောင်းဘဲ ပြည့်မယ့်ဆု

ဌေးလွင်ဦး
RB News
7.7.2013

ခေတ်အဆက်ဆက် မြန်မာ ဗုဒ္ဓဘာသာ တွေမှာ ဆုတောင်းခြင်း ဆုပန်ခြင်းတွေ ရှိခဲ့တယ်။ ဘုရား ရှိခိုး ဆုတောင်း စာအုပ် တွေ လည်း ခေါင်းစဉ် အမျိုးမျိုးနဲ့ ရေးသား ထုတ်ဝေ ခဲ့တယ်။ အ ခုတော့ ခေတ်သစ် ၀ါဒီ တွေပေါ် လာပြီး- ဗုဒ္ဓဘာသာမှာ ဆုတောင်းတယ် ဆိုတာ မရှိဘူး- ကံ ကံ၏ အကျိုးပဲ ရှိတယ်လို့ မနား တမ်းပြောဆို လာခဲ့တယ်။ ဖန်ဆင်းရှင် ၀ါဒကို တော် လှန် ချေဖျက်ဘို့ စိတ်ကူးယဉ် လူသတ်ဂိုဏ်း သင်္ကန်း ၀တ်တွေ က အာဏာ ပိုင်တွေ အားကိုးနဲ့ လူထု ကြားမှာ စနစ်တကျ ၀ါဒ ဖြန့် ရိုက်သွင်း ခဲ့တော့တယ်။- ဘာသာ တရား တစ်ခု ကိုတော့ ၀င်မပြော လိုဘူး-၊ ဒါပေမယ့် မြန်မာ ပြည်က အဲ့ဒီ ၀ါဒကို တီထွင် လိုက်တဲ့ ရာဇ၀တ် ကောင်တွေ နဲ့ အာ ဏာပိုင် တွေကတော့- မတောင်းဘဲ ဆုပြည့် တော့မှာပါ။ အဲ့ဒါက သူတို့ အတွက် နိတ္ထိတံ ရခြင်း ပါဘဲ။
ရာဇ၀တ် ကောင်တွေဟာ- အစ္စလာမ် သာသနာ ၀င်တွေကို မျိုးတုံး သတ်ဖြတ်ဘို့-၊ သို့မဟုတ် အကြွင်း အ ကျန် ကျန်ခဲ့ ရင်လည်း စိတ်ဓါတ် ချောက်ချား သေးသိမ်တဲ့ ဘ၀မျိုးနဲ့ နေနေ ရဘို့ စနစ် တကျ ပြင်ဆင် ခဲ့ တယ်။ ရှေးပဝေဏသီ ကတည်းက ဘိုးစဉ် ဘောင်ဆက် အတူ နေထိုင် လာခဲ့သူ တွေကို ဘာသာ တရား အကြောင်း ပြချက်နဲ့ ဧည့်သည် တွေပါ ဆိုပြီး-၊ မျိုးပြုတ် သုတ်သင် မောင်းထုတ်ဘို့ စီမံချက် ချခဲ့တယ်။ ဒီအ တွက် ရခိုင်နယ်မှာ ရှေးဟောင်း မူလ လူမျိုး ဖြစ်တဲ့ ရိုဟင်ဂျာ များကို ဓါးစာခံ လုပ်ပြီး-၊ ကျူးကျော် သူ တွေ ရယ် လို့ အာဏာ အားကိုးနဲ့ အတင်း အဓမ္မထိုးချ ခဲ့တယ်။ ဒီလို ကြံစည်မှုဟာ အမြစ်ဖြတ် အပင်လှဲ စီမံ ချက်လို့ ဆိုနိုင်တယ်။

မြန်မာ့ ရာဇ၀င်ကို ပြန်လိုက်ရင်- ကျောက်ခေတ် ကိုတော့ မဆိုတတ်ဘူး-၊ သမိုင်းမှီ သလောက်မှာ ရိုဟင် ဂျာ ခေါ် - ဘာဠီ (ပါဠိ) စကားပြော လူမျိုး၊ ကရင် လူမျိုးနဲ့ ရက္ခု ခေါ် အိန္ဒိယ တောင်ပိုင်း အသားမဲ လူ မျိုး တွေ ဟာ ရှေးအကျဆုံး လူမျိုးတွေ ဖြစ်တယ်။ သူတို့ နောက်မှ မွန်၊ ဗမာ၊ ရှမ်း အုပ်စု တွေက ၀င်ရောက် လာ ခဲ့ခြင်း ဖြစ်တယ်။ ဒီအထဲမှာ ရိုဟင်ဂျာ (ဘာဠီ စကားပြော လူမျိုး) တွေက အစ္စလာမ်ကို ကူးပြောင်း ခဲ့ တယ်။ ရှေးဟောင်း ရခိုင် ကျောက်စာများ၊ မြန်မာ ကျောက်စာ များမှာ သူတို့ စကားနဲ့ မှတ် တမ်းတင် ထား တာ တွေကို ဒီနေ့မှာ ဖျောက်ဖျက်လို့ မရနိုင် တော့ပါ။ ဒါကိုတောင် သူတို့ကို အတင်း အဓမ္မ ဘင်္ဂလီ လူမျိုး ရယ်လို့ ထိုးချ စွပ်စွဲ နေတော့တယ်။ ရာဇ၀တ် ကောင်တို့ရဲ့ ရည်ရွယ် ချက်က အစ္စလာမ် သာသနာကို ကိုး ကွယ်ရင် သို့မဟုတ် ဗုဒ္ဓဘာသာကို မကိုးကွယ် တော့ရင် ဒီမြေ ဒီရေ မြန်မာ နိုင်ငံနဲ့ မဆိုင် ဘူးဆိုတဲ့ ဇတ် လမ်း ကို ဆင်ဘို့ပါပဲ။ မြန်မာ နိုင်ငံရဲ့ ရှေးအကျဆုံး လူမျိုး တစ်မျိုး ဖြစ်တဲ့ ရိုဟင်ဂျာ လူမျိုးကို ဘင်္ဂလီ ဇတ် သွင်းနုင် ရင် ကျန်တဲ့ မြန်မာ မွတ်ဆလင် များကို အသာလေး ဖယ် လိုက်ရုံပဲ ဆိုတဲ့ အကွက်ပါ။ ဒါကို အမြစ်ဖြတ် အပင်လှဲ စီမံချက်လို့ ခေါ်ပါတယ်။ ဒီအကွက်ကို သမ္မတ ရုံးကိုယ်တိုင်က စနစ် တကျ စီမံချက်ချ လုပ်ခဲ့ကြောင်း သမ္မတ ဦးသိန်းစိန်၊ ဦးရဲထွဋ်၊ ဦးအောင်မင်းနဲ့ မှုးဇော်တို့ရဲ့ ဖျောက်မရ နိုင်တော့တဲ့ စ ကားတွေ က သက်သေ တည်မြဲ နေပါတယ်။ အခုတော့ ညောင်မြစ် လှန်လေ ပုတ်သင် ဥပေါ်လေ ဖြစ် ခဲ့ ရ ပြီ။

မြန်မာ ပြည်က မွတ်ဆလင် တွေကို လူမျိုးတုံး သတ်ဘို့ အတွက် ပက်စက်တဲ့ အကြံ- ရိုဟင်ဂျာ သမိုင်း ကို ဗြောင်လိမ်ဘို့ ကြေးစား သမိုင်း ဆရာ အတု တွေကို မွေးခဲ့တယ်။ ရိုဟင်ဂျာ တွေကို ခွဲထွက်ရေး သ မားတွေ၊ အကြမ်းဖက် တွေလို့ သမုတ်ပြီး ကမ္ဘာကို လိမ်ဘို့ ကြိုးစား ခဲ့တယ်။

အမှန် တရားကို ရာဇ၀တ် ကောင်တွေ ဘက်က ဘယ်နည်း နဲ့မှ ကျော်လွန်လို့ မရခဲ့ပါ။ အစိုးရ လက်ပါး စေ သမိုင်းလိမ် ဆရာ ပြင်သစ် လူမျိုး ဂျက်လိုင်ဒါ-၊ ဒိန်းမတ်က သမိုင်း ကျမ်းပြု စတီဗင်၊ ဘင်္ဂလီ ဟိန္ဒူ ဦးအေးချမ်းတို့-၊ ၂၀၁၃ မတ်လ ၉ ရက်နေ့ ဘန်ကောက်မှာ ၂ မိနစ်အတွင်း သုံးယောက်လုံး ကျဆုံးခဲ့ ရပြီ။ အ ခုတော့ သူတို့ကို ကိုးကား ပြောဆိုမဲ့ သူတွေ မရှိတော့ပါ။ သူတို့ ကိုယ်တိုင်ရဲ့ သမိုင်းများ ပျောက် ခဲ့ရပြီ။

အစ္စလာမ် တွေဟာ အကြမ်းဖက်တွေ၊ လူသတ် ကောင်တွေလို့ ၀ါဒဖြန့် ခဲ့တဲ့ အစိုးရ လက်ပါးစေ မြန်မာ သင်္ကန်းဝတ် ကြေးစား တပ်ကြီးလည်း အခုတော့ သူတို့ ကိုယ်တိုင်ကို ကမ္ဘာက အကြမ်းဖက်တွေ အဖြစ် တရားဝင် သတ်မှတ် လိုက်ပြီ။

မြန်မာ အစိုးရဟာ ကမ္ဘာကို မဆင်မခြင် လိမ်ဘို့ ပညာက လွဲပြီး ဘာဆို ဘာမှ မတတ် ခဲ့ပေဘူး။ သူတို့ က အမြစ်ဖြတ် အပင်လှဲ စီမံချက်ကို ချပေမယ့်-၊ ကျုပ်တို့ ဘက်က အကိုင်းဖြတ် အပင်လှဲ စီမံချက်လေး ပဲ လုပ်လိုက် ရပါတယ်။ နောက်ထပ် အကိုင်းတွေ ထပ်ထွက် လာရင်လည်း အသာလေး ဖြတ်လိုက် မှာပါ။ အမြစ်ကို ဖြတ်လိုက်ရင် အမြစ်က အထဲမှာ ကျန်နိုင် သေးပါတယ်။ အပင် ခြောက်ပြီး သေသွား အောင် လုပ်လိုက်ရင် အမြစ်ပါ ပုပ်သွား ရမှာပါ။

ရိုဟင်ဂျာ တွေကို အတင်း အဓမ္မ ဘင်္ဂလီဇတ် သွင်းနေ သ၍၊ ရာဇ၀တ် ကောင် တွေရဲ့ နစ်နာ မှုဟာ အရှိန် အဟုန်နဲ့ ဖြစ်တည် လာပါ လိမ့်မယ်။ ရိုဟင်ဂျာ ကိစ္စ မှေးမှိန် နေစေဘို့- အရှားသော အကြောင်း အရာ တွေ နဲ့ ကစား နေပေမယ့်-၊ ကမ္ဘာ့ မျက်လုံး အားလုံးက ရိုဟင်ဂျာ တို့ကို ရာဇ၀တ် ကောင်တွေ ဘယ် လို ဆက် ဆံ သလဲ ဆိုတဲ့ အပေါ်မှာ မျက်တောင် မခတ်ဘဲ စောင့်ကြည့် နေပါတယ်။ ဘယ်အကြောင်း ပြပြ ဘယ်လို ရူးချင် ယောင်ဆောင် ဆောင်- အကြောင်း ပြလေ၊ ရူးချင် ယောင်ဆောင်လေ နစ်နာ ရလေ ဆို တာတော့ အိပ်ယာ ၀င်တိုင်း သတိရ စေရ ပါမယ်။

သမိုင်းလိမ် ဆရာ တွေထဲက ပထမဆုံး သုံးယောက် တစ်ပြိုင်နက် ထိသွားတယ်။ လူသတ် သင်္ကန်း ၀တ် တွေအုပ်စု လိုက်သာမက အချွေ အရံတွေ အားလုံး စတင် ထိနေပြီ။ ကမ္ဘာ့ ခုံရုံး ပေါ်ကိုလည်း ပထမ ဆုံး ထီပေါက်မှာ ဘယ်သူလဲ--ဆိုတာတော့ မြန်မာ ပြည်သူတွေ မျက်ဝါး ထင်ထင် မြင်ရ မှာပါ။ ကမ္ဘာ့ ခုံ ရုံးပေါ် မှာ တ ရားခံ ထိုင်ခုံ တွေက စောင့်နေပြီ ဆိုတာ လောက်တော့ ဆက်တိုက် သတိပေး လိုတယ်။ အာ ဏာ ပိုင်တွေ ထဲက ဒီမှာမပါ လိုသူ တွေက ရိုဟင်ဂျာ သမိုင်းကို အမှန် အတိုင်း ဖေါ်ပါ။ မြန်မာ တစ်ပြည် လုံးမှာ လူနည်းစု လူများစု မခွဲမခြားဘဲ တန်းတူ ညီမျှ ဥပဒေနဲ့ ပေါ်လစီကို ချမှတ် ပြဌာန်း ပေး ပါ။ ဖြစ်ခဲ့ သ မျှ အားလုံးရဲ့ ရာဇ၀တ် ကောင်များကို ချက်ချင်း လက်ငင်း အရေး ယူပေးပါ- လို့ ပြောလိုတယ်။

နို့မဟုတ် ရင်တော့- ကုန်းဘောင်ခေတ် နောက်ပိုင်းမှာ ကားစင် တင်ခံ ရတော့မယ့် နန်းမတော် မယ်နုက အားကိုး ရလေ မလားလို့ မြကျောင်း ဆရာတော် ဦးဗုဓ် ဆီမှာ မျှော်လင့် တစ်ကြီး အားကိုး မိတော့ ဆ ရာတော် ဦးဗုဓ်က- မယ်နုရေ ကိုယ့်အကြွေး ကိုယ်ဆပ် လိုက်ပါ-။ ဆိုတဲ့ စကားလေး လောက်တော့ သတိရ လိုက်ပါ- လို့ပဲ ပြောလိုတယ်။

ရာဇ၀တ် ကောင်တွေ ဘယ်စဉ် ကမှ မမျှော် လင့်ခဲ့၊ ဆုမတောင်း ခဲ့တဲ့-၊ အကြမ်းဖက်ဆု၊ အဲ့ဒီ ဆုကို အတည်ပြု ပေးတဲ့ ဗီဇာ ပိတ်ပင်မှု တွေကို ရင်ဆိုင် လာရပြီ။- နိတ္ထိတံ ရခြင်း ဆိုတဲ့ ဆုဟာလည်း မတောင်း ဘဲ ပြည့်မယ့်ဆု အဖြစ် စောင့်နေတယ်။

ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု

Comment ရေးရန်

Rohingya Exodus