March 16, 2025
 Roh

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စာအုပ်စင်

အိတ်ဖွင့်ပေးစာ

ဆော်ဒီမှ ရိုဟင်ဂျာ အရေးအတွက် နည်းလမ်း မျိုးစုံဖြင့် ကြိုးပမ်းမည်

(ဓါတ်ပုံ - Arab News)

RB News
8.7.2013

ဆော်ဒီ အာရေဗျားနိုင်ငံ ဘုရင်နှင့် မြင့်မြတ်သော ဗလီနှစ်လုံးကို ထိန်းသိမ်းစောင့်ရှောက်သူ ဘုရင် အဗ်ဒူလ္လာ၏ လမ်းညွန် ချက်နှင့် အညီ ဆော်ဒီ အာရေဗျာ နိုင်ငံမှ နိုင်ငံရေးနှင့် သံတမန် နည်းလမ်း များဖြင့် ရိုဟင်ဂျာ အရေးကို နိုင်ငံတကာ အဆင့်တွင် ကူညီ ဆောင်ရွက် လျက်ရှိသည်။

“ဒီဘုရင့် နိုင်ငံက ကမ္ဘာ့ အသိုင်း အ၀ိုင်းကို ဖိအား ပေးဖို့ ကြိုးစား နေတယ်” ဟု နိုင်ငံတကာ ရိုဟင်ဂျာ စင် တာ ဥက္ကဌနှင့် ဆော်ဒီ အာရေဗျာနိုင်ငံရှိ မြန်မာ အသိုင်းအ၀ိုင်း ခေါင်းဆောင် အဗ်ဒူလ္လာ မာရူဖ် မှပြော သည်။

ယမန်နေ့က အစ္စလာမစ် ပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့ (အိုအိုင်စီ) ရုံးချုပ်တွင် စတင်သော အာရ်ကာန် ရိုဟင်ဂျာ အဖွဲ့၏ ညီလာခံတွင် “ကျွန်တော်တို့ ကြိုးပမ်းမှု တွေရဲ့ ရလာဒ် ကောင်းတွေကို မကြာခင် တွေ့ရ မှာပါ” ဟု ၎င်းမှ ပြောသည်။ 

၎င်းမှ ကြိုးပမ်းမှု များ ပိုမို ခိုင်မာ လာခြင်းနှင့် ထိရောက် လာခြင်းမှာ နိုင်ငံတကာတွင် ဘုရင့် နိုင်ငံ ၏ နိုင် ငံရေးနှင့် အစ္စလာမစ် အရှိန်အ၀ါ ကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဆော်ဒီ အာရေဗျာ နိုင်ငံ အနေ ဖြင့် မြန် မာ နိုင်ငံတွင် ဖြစ်ပေါ် နေသော မွတ်စလင် များအပေါ် မတရား သဖြင့် အကြမ်းဖက် မှုများကို အဆုံး သတ် နိုင်ရန် အတွက် မြန်မာ နိုင်ငံနှင့် ခိုင်မာသော ဆက်ဆံရေး ရှိသည့် နိုင်ငံ တကာ အဖွဲ့အစည်း များကို ဖိအား ပေး၍ ကြိုးပမ်း သွားမည်ဟု ပြောသည်။ ၎င်းအနေဖြင့် ယခုကဲ့သို့ ကြိုးပမ်းမှု များကြောင့် မြန် မာ နိုင် ငံတွင်း ခံစားနေ ရသည့် မွတ်စလင် များ၏ ဒုက္ခများ လျော့နည်း လာလိမ့် မည်ဟု မျှော်လင့် သည်ဟု ပြော ပါသည်။ 

“ဆော်ဒီ အာရေဗျာ နိုင်ငံက ရိုဟင်ဂျာ အရေးကို ကူညီ ပေးတဲ့ နိုင်ငံတွေ ထဲ နိုင်ငံ တစ်နိုင် ငံ ဖြစ် ပြီးတော့၊ အခု ကျင်းပနေတဲ့ ညီလာခံက တိကျတဲ့ သက်သေ တစ်ခု ဖြစ်တယ်”ဟု မာရူဖ်မှ ဆက်လက်ပြော သည်။ ဆော်ဒီ အာရေဗျာ နိုင်ငံတွင် မြန်မာ နိုင်ငံသား နှစ်သိန်း ခွဲကျော်ရှိပြီး ၊နောက်ဆုံး ကူညီစောင့်ရှောက် ထား မှုမှာ လေးနှစ် သက်တမ်းရှိ နေထိုင်ခွင့် လက်မှတ် များထုတ် ပေးခြင်းဖြစ်ပြီး၊ အဆို ပါ လက်မှတ် သည် မြန်မာ နိုင်ငံ သား များမမျှော်လင့် ခဲ့သည့် အရာ တစ်ခု ဖြစ်သည်။

အိုအိုင်စီ အထွေထွေ အတွင်းရေး မှူးချုပ် အက်မာလ်ဒင် အဟ်စန်နိုဂလုက မွတ်စလင် များကို ခွဲခြား ဆက်ဆံ နေခြင်း များအားလုံးအတွက်မြန်မာအစိုးရမှ တာဝန်ခံ ရမည် ဖြစ်ပြီး၊ ဗုဒ္ဓဘာသာဝင် အစွန်းရောက် များ မှ အခြားသော အုပ်စုများကို အမုန်းပွား စေရန် ပြုလုပ် နေခြင်း များကို ခွင့်မပြု သင့်ကြောင်း ပြော ပါ သည်။ 

၎င်း၏ မိန့်ခွန်းကို အိုအိုင်စီ၏ လူနည်းစု ဌာန ညွန်ကြား ရေးမှူးမှ ဖတ်ကြားပြီး၊ အကြမ်းဖက် မှုများသည် မွတ်စလင် များကို တိုက်ခိုက်ရန် ပစ်မှတ် ထားခဲ့ပြီး၊ လူများ အသက် ဆုံးရှုံးခြင်း၊ ထောင်ပေါင်း များစွာသော လူများ၏ ပိုင်ဆိုင်မှုများ ဆုံးရှုံးခြင်း များဖြစ် ခဲ့ရ ကြောင်း ပါဝင်သည်။ ထိုကဲ့သို့ ဖြစ်ပွားခြင်း များကို အာဏာ ပိုင် များက ဆက်လက်၍ ခွင့်မပြု သင့်တော့ကြောင်းနှင့် ပြဿနာ၏ အရင်း အမြစ်ကို ရှာဖွေ၍၊ အ သက် အိုးအိမ် စည်းစိမ် များကို ကာကွယ် ပေးရန် လိုကြောင်း တို့ပါဝင်သည်။ 

အဟ်စန်နိုဂလုမှ ၎င်း၏ အဖွဲ့ အစည်း အနေဖြင့် ဆက်လက်၍ ပြည်တွင်း၊ ပြည်ပ အကူအညီ များရယူ ၍ မြန်မာ နိုင်ငံတွင်းမှ ပြဿနာ များကို ငြိမ်းချမ်းစွာ ဖြေရှင်း၍ အမြဲတမ်း အတွက် ပြေလည်ရန် ကြိုးပမ်း သွားမည်ဟု ဆိုသည်။ အဆိုပါ ပြဿနာ များတွင် ဒုက္ခသည် များ နေရပ်သို့ ပြန်ရောက် ရေးနှင့် ၎င်းတို့၏ အခွင့် အရေးများ ပြန်လည် ရရှိ ရေးတို့ ပါဝင်သည်။ 

ယမန်နေ့က ကျင်းပသော ညီလာခံသည် ၂၀၁၁ ခုနှစ် မေလ နောက်ပိုင်းတွင် ဒုတိယ အကြိမ် ကျင်းပသော ညီလာခံ ဖြစ်သည်။ အာရ်ကာန် ရိုဟင်ဂျာ အဖွဲ့ (အေအာရ်ယူ) ကို ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးများ အတွက် ရည်ရွယ်၍ ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။ အိုအိုင်စီ၏ အဖွဲ့ဝင် နိုင်ငံ များ အားလုံးမှလည်း အဆိုပါ အဖွဲ့ကို ထောက်ခံ အားပေး ကြသည်။ 

အဟ်စန်နိုဂလု မှ အင်အား နည်းပါး များကြောင့် စိန်ခေါ်မှု များရှိ သော်ငြားလည်း၊ အဆိုပါ အဖွဲ့မှ ကမ္ဘာ အ ၀န်း တရားဝင် ကိုယ်စားလှယ် များဖြင့် ၎င်းတို့၏ အရေးကို ကာကွယ်ရန်၊ မြန်မာ ပြည်တွင်း အခြေ အနေ များ ကောင်းမွန် စေရန်၊ ၎င်းတို့၏ ပြဿနာများ အတွက် ဖြေရှင်းရန် နည်းလမ်း ရှာရန် တို့ကို တိုက် တွန်းကြောင်း ပြောဆိုသည်။ 

ကိုးကား ။ ။ Arab News သတင်းစာ (ဇူလိုင်လ ၈ ရက်)

  1. All muslims should play a collective role in unison seeking a sustainable solution to the Rohingya Issue through political and diplomatic means.
    Let us not turn ourselves away from hope, courage and confidence. We Rohingyas must accept infinite disappointments but never lose infinite hope, Freedom is never voluntarily given by the oppressor, it must be demanded by the oppressed.,,,,,Saif Ali Khan, West Arakan.

Comment ရေးရန်

Rohingya Exodus