နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာနာဇီအစိုးရက ကမ္ဘာကို လှည့်စားနေပြန်ပြီ


သူရိယ
RB News
29.7.2013

လူလိမ် ဗိုလ်သိန်းစိန်၏ မြန်မာနာဇီ အစိုးရသည် (၂၆-၇-၂၀၁၃) ရက်နေ့က သတင်းထုတ်ပြန်ချက် (၁၀/၂၀၁၃) ကိုထုတ်ပြန်ပြီး မြန်မာနိုင်ငံမှာ လူမျိုးဘာသာ ခွဲခြားမှု မရှိကြောင်း ကမ္ဘာကို လှည့်စားရန် ကြိုးပမ်း နေပြီ ဖြစ်သည်။ အပြောနှင့် အလုပ်မညီသော လူလိမ် ဗိုလ်သိန်းစိန်၏ မြန်မာနာဇီ အစိုးရက သ တင်းစာ၊ ရေဒီယို၊တီဗီ စသည့် မီဒီယာ မျိုးစုံက တစ်ဆင့် ရိုဟင်ဂျာနှင့် အခြား မွတ်စလင်များ၏ အရေး ကိစ္စ ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းပါမည်၊ ဘယ်လိုကိုင်တွယ် ဖြေရှင်းနေ ပါသည်၊ဘယ်လို ကိုင် တွယ် ဖြေ ရှင်း လိုက်ပါပြီ စသည်ဖြင့် အစည်း အဝေး မျိုးစုံလုပ်ပြီး အကြိမ်ကြိမ် ပြောဆိုဝါဒ ဖြန့်နေသော် လည်း လက်တွေ့ မြေပြင်တွင်မူ မွတ်စလင် များ၏ အခြေအနေကို ဆိုးဝါးသည်ထက် ဆိုးဝါးအောင် ကြံစည် လုပ်ဆောင် လျက် ပင်ရှိနေ သေးသည်။ မြန်မာ နိုင်ငံမှာ မွတ်စလင် များသည် ယခင် ရရှိပြီးသား အခွင့် အရေး များကို တစ်ခုပြီး တစ်ခု ဆုံးရှုံး ရလျက်ရှိပြီး ပြင်းထန်စွာ နှိပ်ကွပ် ခံနေရဆဲ၊ခွဲခြား ဆက်ဆံ ခံနေ ရ ဆဲ ဖြစ်သည်။  နိုင်ငံတစ်ခုမှာ နေထိုင်သူ တစ်ဦး၏ နိုင်ငံသား ဖြစ်မှု အဆင့်အတန်း “ဂရဖ်” သည် အချိန် ကာလ ကြာလာသည်နှင့် အမျှအမြင့်သို့ တက်ရမည်သာဖြစ်သည်။သို့ရာ တွင် မြန်မာ နိုင်ငံ တွင် နေ ထိုင်သော ရိုဟင်ဂျာနှင့် အခြား မွတ်စလင် များ၏ နိုင်ငံသား ဖြစ်မှု အဆင့်အတန်း “ဂရဖ်” သည်အချိန် ကာ လ ကြာလာသည်နှင့် အမျှ အမြင့်သို့ တက်ခြင်း မရှိဘဲ အောက် သို့သာ ကျဆင်းလျက် ရှိလေ သည်။မြန် မာ နိုင် ငံမှ မွတ်စလင် များ သည် မြန်မာ နာဇီ လက်သစ်များ၏ လက် ချက်ကြောင့် တိုင်းရင်းသား အဆင့်မှ တဖြေးဖြေးနှင့် ဧည့်နိုင် ငံသား၊ ပြုနိုင်ငံသား၊ နိုင်ငံမဲ့ အဆင့်သို့ပင် ထိုးကျ သွားနေပြီ ဖြစ်သည်။

မြန်မာ နာဇီအစိုးရက ခြောက်ပြစ်ကင်းကြောင်း မည်သို့ပင် လိမ်ညာ ၀ါဒဖြန့်နေသော်လည်း ယနေ့ အ ထိ မြေ ပြင်တွင် အောက် ပါ တို့ ဖြစ် ပျက် နေတုန်းပင် ရှိသေးသည်။

(က) ဘာသာရေး ခွဲခြား နှိပ်ကွပ်မှု

 မြန်မာ နိုင်ငံမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဘာသာမျိုးစုံ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ရှိကြောင်း တံတွေး စင်အောင် ပြောဆို နေကြသော်လည်း အမှန်မှာ ထို “လွတ်လပ်စွာ ယုံကြည် ကိုးကွယ် ခွင့်” သည် မြန်မာ နာဇီ အစိုးရ၏ နှုတ်ဖျားနှင့် စာရွက်များ ပေါ်တွင်သာ ရှိသည်။ဗုဒ္ဓဘာသာဝင် များသည် ပုဒ်မ ၁၄၄ ကို ဂရုစိုက် စရာ မလိုဘဲ လူထောင်သောင်းချီ စု၍ ဘုရား ကျောင်းကန် များတွင် ဘာသာရေး ဆိုသည်များ ၊မွတ်စလင် မုန်းတီးရေး တရားများ၊ လမ်းမများ ပေါ်တွင် မွတ်စလင်များ အပေါ် အကြမ်းဖက် ဆူပူ ရမ်းကား မှုများ စသည် တို့ကို လွတ်လပ်စွာ လုပ်ခွင့် ရနေသော်လည်း မွတ်စလင်များ၏ ဗလီ ၀တ် ကျောင်း  တော် များ၊ဘာသာရေး စာသင်ကျောင်း များကိုမူ လူ (၅) ယောက်ထက် မစုရ အကြောင်း ပြ ချက်ဖြင့် ပိတ်ပင် ထားဆဲ ရှိသည်။ဗလီဝတ် ကျောင်းတော် များတွင် ၀တ်ပြုခွင့် မရသဖြင့် အိမ်တွင် မိသား စုဝင် များဖြင့် ၀တ်ပြု ပြန်သော်လည်း ပုဒ်မ ၁၄၄ ကို ချိုးဖောက်သည် ဆိုပြီး ဖမ်းဆီး နှိပ်စက်ဆဲ ရှိ သည်။ စေတီ ပုထိုး၊ ဘုန်းကြီး ကျောင်းများ ဟောတစ်ဆ၊ူဟောတစ်ကျောင်း တည်ဆောက် ခွင့်ရ နေသော် လည်း ဗလီဝတ် ကျောင်းတော် များတွင် သက်ကယ် တစ်ပင်လဲ မိလို့၊ထရံတွင် ၀ါးခြမ်းပြား တစ်ခု ဖာ ထည့်မိလို့ မွတ်စလင်များ ဖမ်းဆီး နှိပ်စက် ထောင်ချ ခံနေရဆဲ ရှိသည်။ယခု လက်ငင်း ကာလ အထိ အစိုးရက ဗလီများကိုဖျက်၊မွတ်စလင် ပိုင်မြေ များကို သိမ်းကာ ဗုဒ္ဓဘာသာ ဘုရား ကျောင်းကန် များကို တည်ဆောက် လျက်ရှိပြီး မွတ်စလင် များ၏ ဗလီဝတ် ကျောင်းတော်များ၊ဘာသာရေး စာသင်ကျောင်း များတွင် လူသူ ကင်းမဲ့ စေလျက် ပြုပြင် ဖာတေး ခွင့်ပင် မပြုဘဲ ပျက်စီး ယိုယွင်း ပျောက်ကွယ် သွားစေ လျက်ရှိသည်။

(ခ) ပညာရေး ခွဲခြား နှိပ်ကွပ်မှု

မြန်မာ နာဇီ အစိုးရ ခေါင်းဆောင် ဗိုလ်သိန်းစိန်နှင့် အပေါင်းပါ များက ရိုဟင်ဂျာများ၊ မွတ်စလင် များသည် ပညာရေး ညံ့လို့၊ ပညာရေး မလိုလားလို့ ယခုလို ဖြစ်ရသည်ဟု ကြံဖန် အကြောင်းပြ ပြောဆိုလျက် ရှိသည်။ မုသားဝါဒီ် ဗိုလ်သိန်းစိန်နှင့် အပေါင်းပါ များက လှီးလွှဲ လိမ်လည် ပြောဆိုခြင်း ဖြစ်သည်။ရိုဟင်ဂျာ မွတ်စ လင် များသည် ပညာရေးကို လိုချင် လွန်းအားကြီးလို့ မြန်မာ နာဇီ အစိုးရက ကျောင်းများ ချမပေး သည့် တိုင် ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် တွဲဖက် ကျောင်းများ၊ကိုယ်ပိုင်ကျောင်း များရအောင် ဖွင့်ကြသည်။ ထ မင်းနှစ်နှပ်မှာ တစ်နှပ် စားပြီး ကလေး များကို မြန်မာ စာသင်ကျောင်း များသို့ ပို့လျက် ရှိသည်။

သို့ရာတွင် ရိုဟင်ဂျာ မွတ်စလင် များအား မျိုးသုဉ်း သန့်စင် ပစ်ရေး ကြံရွယ်ချက်ဖြင့် ရိုဟင်ဂျာ မွတ်စလင် များ၏ ပညာရေးကို ထိုမြန်မာ နာဇီ ဗိုလ်သိန်းစိန်နှင့် အပေါင်းပါ များက စနစ်တကျ စီမံကိန်း ချနှိပ်ကွပ် ဆဲ ပင် ရှိသည်။ ရိုဟင်ဂျာ ဆရာ၊ဆရာမ အသစ် မခန့်သည့် အပြင် ယခင်ရှိပြီးသား ရိုဟင်ဂျာ မွတ်စလင် ဆရာ၊ ဆရာမ များကိုပင် အပြစ်မရှိ အပြစ်ရှာပြီး အလုပ်က ထုတ်ပစ်သည်။ထို့နောက် မွတ်စလင် ရွာများ တွင် အမျိုးသားရေး ၀ါဒီ ရခိုင် ဆရာ၊ဆရာမများ ချည်းကို ခန့်အပ် ချပေးကာ မွတ်စလင် ကလေးများအား စာ သင် မပေးဘဲ အမျိုးမျိုး သွေးစုပ် စေလျက် ရှိသည်။မိမိ ဘာသာ ကြိုးစား၍ တက္ကသိုလ် ၀င် တန်း အောင် မြင်သော မွတ်စလင် ကလေး များကို တက္ကသိုလ် ပညာသင်ခွင့် မရအောင် အမျိုးမျိုး ချုပ် ချယ် နှိပ်ကွပ် ဆဲရှိသည်။ ဂုဏ်ထူး များစွာဖြင့် ထူးချွန်စွာ အောင်မြင်သော ရိုဟင်ဂျာ မွတ်စလင် ကလေး တစ်ယောက် ကိုမျှ အသက် မွေးဝမ်းကျောင်း တက္ကသိုလ်သို့ ၀င်ခွင့် မပေး၊ ထိုကလေး များသည် အ ဆင့်မြင့် ပညာကို သင်ချင် လွန်း၍ မိမိ မွေးရပ်မြေကို ဆန္ဒ မပါဘဲ ထွက်ခွာ နေရဆဲ ရှိသည်။ 

ထိုသို့ သွားရာ၌ လမ်းခရီးတွင် သေသူသေ၊ ပျောက်သူပျောက် နေကြ ရသည်။ ထိုသို့ အရဲစွန့် ၍ တိုင်း တစ်ပါးသို့ ပညာသင် မသွားနိုင်သူ များသည် အိမ်မှာ ငုတ်တုတ် ထိုင်နေရလျက် ရူးသူရူး၊ဘ၀ ပျက်သူ ပျက် နေကြ ရသည်။ရခိုင် ကျောင်းသား များသည် ဟန်မပျက် တက္ကသိုလ် ပညာ သင်ခွင့် ရနေသော်လည်း ရိုဟင်ဂျာ ကျောင်းသား များသည် တက္ကသိုလ် တက်ခွင့် မရဘဲ ဖြစ်နေသည်။၂၀၁၂ ခုနှစ်တွင်း တက္ကသိုလ် ၀င်တန်း အောင်မြင် ထားသော ရိုဟင်ဂျာ ကျောင်းသား များကိုပင် နာဇီ ဗိုလ်သိန်းစိန်နှင့် အပေါင်းအပါ များက တက္ကသိုလ် တက်ခွင့် ပိတ်ပင်ထား ရှိဆဲ ဖြစ်သည်။

(ဂ) သွားလာရာ၌ ခွဲခြား စော်ကားခြင်း

၂၆-၇-၂၀၁၃ ရက်နေ့က အစိုးရသတင်း ထုတ်ပြန် ချက်တွင် အစိုးရ သည် လူမျိုး၊ဘာသာ မခွဲ ခြား ကြောင်း ပြောထား သည်။ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ပေါက်တော စသော မြို့ နယ် များတွင် မွတ်စလင် များ၏ သွားလာခွင့်ကို လုံးဝ ပိတ်ပင် ထားပြီး မလွဲ မရှောင်သာ ရွာပြင် ထွက် သူ မွတ်စလင် များကို မညှာမတာ သတ်ဖြတ် စော်ကားရန် ရခိုင်များ၊ လက်နက်ကိုင် များအား လွှတ် ထားဆဲ ဖြစ်သည်။ဘူးသီးတောင်၊ မောင်တော ကားလမ်း ပေါ်ရှိ ဂိတ်များတွင် “ကားပေါ်က တိုင်းရင်း သား တွေက လွဲလို့ ကျန်တဲ့ ဘင်္ဂလီတွေ၊ ကုလားတွေ အကုန် ဆင်းကြ” ဟုမွတ်စလင် များအား စော်စော် ကား ကား ပြောကြားနေ တုန်းပင်ရှိသေးသည်။ မွတ်စလင် များကို ကားပေါ်မှဆွဲချပြီး နည်း မျိုး စုံဖြင့် ငွေ ညှစ် ကောင်းတုန်းပင် ရှိသေးသည်။ အမှန်စင်စစ် ရခိုင်ပြည်နယ်မှ မွတ်စလင်များသည် တစ်မြို့နယ်မှ တစ် မြို့ နယ်သို့ သွားခွင့် မရသည့် အပြင် တစ်ရွာမှ တစ်ရွာသို့ပင် သွားလာ၍ မရ ဖြစ်နေသေး သည်။ ဗိုလ် သိန်း စိန် ၏ မြန်မာ နာဇီ အစိုးရက တရားမ၀င် ခိုးဝင် လာသော ဘင်္ဂလီ ရခိုင် များကို လက်ကမ်း ကြို ဆိုပြီး တံခါး မရှိ ဓားမရှိ သွား လာခွင့် ပေးနေ ချိန်တွင် မွတ်စလင် များကို နိုင်ငံ့ ရန်သူ သဖွယ် မိမိတို့ ရပ်ရွာ များ ၌ ထောင်သွင်း ချုပ်နှောင် ထားဆဲ ရှိသည်။

(ဃ) နိုင်ငံရေး အရ နှိပ်ကွပ်ခြင်း

ဘာသာ ပေါင်းစုံ အစည်းအဝေး များတွင်ပင် လူလိမ် ဗိုလ်သိန်းစိန်က ရိုဟင်ဂျာများ၏ အကျိုးကို နစ် နာ စေမည့် ဘက် လိုက်၍ ရေးသား ထား သော မုသားဝါဒ “ရခိုင် စုံ စမ်းရေး ကော်မရှင်၏ အစီရင် ခံစာ” ကိုအကောင် အထည် ဖော် ရန်ပြောသည်။ ဗုဒ္ဓအမျိုးသားရေး ၀ါဒီ ခင်ရီက အမှန်တရားကို မျက်စိ စုံမှိတ် ငြင်းပယ်လျက် “ရိုဟင်ဂျာများ” အား ဘင်္ဂလီဟု အဓမ္မ သမုတ်ပြီး “ဧည့်နိုင်ငံသား (သို့မ ဟုတ်) ပြုနိုင် ငံ သား”အဖြစ် သာလျှောက် ခွင့်ပေးနိုင်ကြောင်း အတိအလင်းပြော ထားပြီးဖြစ် သည်။ ကျပ် မပြည့် သည့် ပြန် ကြားရေး ဒုတိယ ၀န်ကြီး ဦးရဲထွဋ် ဆိုသူက ကမ္ဘာ ပေါ်မှာ တစ်ဦးတည်း မြန်မာ့ သမိုင်း၊ အာရ ကန် သမိုင်းပညာရှင် လိုလို ဂိုက်ဖမ်းပြီး ရိုဟင်ဂျာ များအား “မြန်မာ နိုင်ငံမှာ ပေါက်ဖွား သူများ မ ဟုတ်ကြောင်း”၊ “ရွှေ့ပြောင်း အလုပ်သမား များသာ ဖြစ်ကြောင်း” စွပ်စွဲ နှိမ်ချ ပြော ဆို နေပြီ ဖြစ် သည်။ ဤသည် တို့မှာ ရခိုင် တို့၏ အလို အတိုင်း ဗိုလ်သိန်းစိန် တို့က ရိုဟင်ဂျာ များအား မြန်မာ့ နိုင်ငံရေး သမိုင်း မှ ရှင်းလင်း ပစ်နေခြင်း ပင်ဖြစ်သည်။

(င) အခြား နှိပ်ကွပ် မှုများ

ယခု အချိန်တွင် မောင်တော၊ဘူးသီးတောင် ဒေသမှ မွတ်စလင် များ၏ လက်ထပ် ထိမ်းမြားခွင့်ကို လုံးဝ ပိတ်ပင် ထားပြီ ဖြစ်သည်။ ဤဒေသ၌ အခြားသော လူမှုရေး၊ စီးပွားရေး၊ကျန်းမာရေး ဆိုင်ရာ ခွဲခြား ဆက် ဆံမှု များစွာလည်း ရှိနေဆဲ ဖြစ်သည်။

(စ) လိမ်ညာ မှုများ

မြန်မာ နာဇီ အစိုးရ၏ (၂၆-၇-၂၀၁၃) ရက်နေ့က သတင်း ထုတ်ပြန် ချက်သည် “လိမ်ညာချက်” တစ်ခု သာ ဖြစ်သည်။ အကြမ်းဖက် မှုများ မတော် တဆ ဖြစ်ပွားသည့် သဘော ပြောသည်။အမှန်က အကြမ်းဖက် မှုများကို ဖြစ်ပွား စေခဲ့ခြင်းသာ ဖြစ်သည်။အကြမ်းဖက် မှုများကို အချိန်တို အတွင်း ရပ်တန့် စေခဲ့သည် ဟုပြောသည်။ အမှန်က မွတ်စလင်များ အပေါ် အကြမ်းဖက် မှုများသည် တစ်နှစ်ကျော် ၍ နှစ်နှစ် ထဲ ရောက် သည့်တိုင် ရှိနေဆဲ ဖြစ်သည်။ လူမျိုး ဘာသာ မခွဲခြားဘဲ ပြစ်ဒဏ် ချမှတ်သည်ဟု ဆိုသည်။ ယင်းမှာ ဗြောင်လိမ် နေခြင်းပင်ဖြစ်သည်။အပြစ်မဲ့ မွတ်စလင် များကို ရက်ရက် စက်စက် ထောင်ဒဏ် ချ မှတ်သည့် အချိန်တွင် မွတ်စလင် များအား မီးလောင် တိုက်သွင်း ခဲ့သူ အကြမ်းဖက် သမား ဗုဒ္ဓ ဘာသာ ၀င် များ အား ရဲစခန်းတွင် လာရောက် လက်မှတ်ထိုး ရုံသာ ပြစ်ဒဏ် ချမှတ် ခဲ့သည်။နောက် ပိုင်း တွင် နိုင် ငံတကာကို လှည့်စားရန် ထောင်ဒဏ် အနည်းငယ် ချမှတ် လိုက်သော ဗုဒ္ဓဘာသာဝင် များ ကို ထောင် ၏ ရှေ့ပေါက်က သွင်းပြီး နောက်ပေါက်က လွှတ်ပေး လျက်ရှိသည်။ မွတ်စလင် များအတွက်ပါ “လုံးချင်း အိမ်များ” ဆောက်ပေး သယောင်လုံးချ ရေးသည်။ အမှန်မှာ “လုံးချင်းအိမ်များ” ကိုရခိုင်များ အတွက် သာ ဆောက်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံ အသီးသီးမှ အထောက်အပံ့ များကို နှစ်ဖက်သို့ ညီမျှစွာ ဖြန့် ဝေ ခဲ့သည်ဟု ဆိုသည်။ အမှန်က အများစုကို လူယုတ်မာ အာဏာပိုင် များက “၀ါး” မျိုခဲ့ပြီး အချို့ကို သူတို့ မျိုးနွယ်ဆိုသူ များသို့ ဝေငှ ခဲ့သည်။ ရိုဟင်ဂျာ မွတ်စလင်များ အတွက် ရည်ရွယ် ထောက်ပံ့သည့် စိတ်ပုတီး၊ မွတ်စလင် ၀တ်တက်ဖျာချပ်များပါပစ္စည်းထုပ်များကိုမွတ်စလင်များအား မပေးဘဲမဆီမ ဆိုင် တောင်ပေါ်နေ မြို၊ ခမီများ အထိ ဖြန့်ဝေ ခဲ့သည့် သာဓက များရှိသည်။ မြန်မာ နိုင်ငံတွင် မွတ် စ လင်များ အ စွန်း ရောက်ပြီး ရန်လို မုန်းတီး မှုများ စတင် ခဲ့သယောင် ပြောသည်။အမှန်က မြန်မာ နာဇီ အစိုး ရ ခေါင်းဆောင် ဗိုလ်သိန်းစိန်နှင့် ယင်း၏ အပေါင်းပါများ ၀န်ကြီး ၀န်ငယ်များ၊ယင်းက “ဘုရား သားတော်” ဟုပြောသော အကြမ်းဖက် ၀ါဒီ ၀ီရသူ တို့အုပ်စု၊ RNDP ဦးဆောင်သော ရခိုင် အကြမ်းဖက် အုပ် စု၊ နိုင် ငံရေး အမြတ် ထုတ်လိုသော ပြည်ခိုင်ဖြိုး၊ NLD၊ NDF စသော ပါတီများမှ အစိတ် အပိုင်း များ၊ အခြား အယူ သည်း အစွန်းရောက် ဗုဒ္ဓဘာသာဝင် များကြောင့်သာ မြန်မာ နိုင်ငံ အတွင်း ဘာသာရေး ခွဲခြား မှု၊လူမျိုးရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွား နေခြင်း ဖြစ်သည်။ အခြား သူများ စွပ်စွဲ ပုံဖော်နေခြင်း မဟုတ် ပါ။

ယခုအခါ မြန်မာ နာဇီ အစိုးရသည် လိမ်ညာ ထုတ်ပြန် ချက်များ၊ ဟန်ပြ အစည်း အဝေးများ၊လက်ပါးစေ များကို အသုံးပြုပြီး ယင်းတို့က ရိုဟင်ဂျာနှင့် အခြား မွတ်စလင်များ အပေါ် ကျူးလွန်ခဲ့၊ကျူးလွန်ဆဲ ရှိသည့် လူမျိုးစု သန့်စင် ပစ်မှု (Ethnic Cleansing)၊ လူမျိုးသုဉ်း သတ်ဖြတ်မှု (Genocide)၊ လူသား မျိုးနွယ် အပေါ် ပြစ်မှု ကျူးလွန်မှု (Crime Against Humanity) စသည် တို့နှင့် ပတ်သက်၍ နိုင်ငံ တကာ လူ့အဖွဲ့ အစည်းအား လှည့်စားရန် ကြိုးစားလျက် ရှိနေပြီ ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus