နောက်ဆုံးသတင်း/ဆောင်းပါးများ

တိုင်းမ် မဂ္ဂဇင်းကြောင့် ဗုဒ္ဓဘာသာကို ထိခိုက်နိုင်သလား


ကြင်မင်းဆွေ
RB News
6.7.2013

ဤမေးခွန်းသည် BBC အသံလွှင့် ဌာန၊ မြန်မာ အစီအစဉ် ဆွေးနွေး ဖလှယ် ကဏ္ဍမှ သောတရှင် များ အား ဆွေးနွေး ဖလှယ်ရန် မေးမြန်း ခဲ့သော မေးခွန်း ဖြစ်သည်။ ထိုနေ့က ဆွေးနွေး ဖလှယ်ရာတွင်၊ ဆ ရာတော် တစ်ပါးနှင့် အခြား ၃-ဦးတို့ ဆွေးနွေး ခဲ့ကြသည်။ ဆရာတော်မှာမှု ထိုသို့ စွပ်စွဲခံရသော ဆ ရာတော်အား အကာအကွယ်ပေး ပြောဆို သွားသော်လည်း အခြား ၃-ဦး အနက် တစ်ဦး ကမူ ထိ ခိုက် နိုင်ကြောင်း ထုတ်ဖော် ဆွေးနွေး တင်ပြခဲ့ ပါသည်။ ကျွန်တော့် အမြင် တင်ပြရလျှင် ဗုဒ္ဓဘာသာ တစ် ခုတည်းကို သာမက ဗုဒ္ဓဘာသာသည် နိုင်ငံတော် ဘာသာ သဖွယ် ဖြစ်နေသော မြန် မာ နိုင်ငံနှင့် မြန် မာ နိုင်ငံသားထု ကိုပါ ထိခိုက်ကြောင်း တင်ပြလို ပါသည်။

ထိုစွပ်စွဲချက်သည် ဗုဒ္ဓဘာသာ အဆိုအရ ဘုရား၏ သားတော် များဟု ခေါ်တွင်သော ဘုန်းတော်ကြီး၊ ဘုန်းတော် ကြီးထဲတွင် အထင်ကရ၊ ထင်ပေါ်၊ စင်ပေါ် ရောက်ရှိသော၊ အကျော် အမော် ဘုန်းတော်ကြီးကို ထိုးနက် ခဲ့ခြင်း ဖြစ်သည်။ ထိုထိုးနက် ချက်ကြောင့် ဗုဒ္ဓဘာသာ ၀င်တိုင်းတွင် မခံချိ မခံသာ ခံစားနေ ရ သည်။

ရွှေဝါရောင် သံဃာ လှုပ်ရှားမှုကို အစိုးရမှ ရက်ရက် စက်စက် ဖြိုကွဲ ခဲ့သည်ကို တကမ္ဘာလုံးက အစိုးရကို ပြစ်တင် ရှုတ်ချပြီး သံဃာတော် တို့ကို ဂရုဏာ သက်ခဲ့ ကြသည်။ သို့သော် ယ္ခု ကိစ္စကြောင့် သံ ဃာ တို့အား ဂရုဏာသတ်ခဲ့ခြင်း ကိုနောင်တရ သလိုလိုတွေ ဝေပြောဆိုသံများ ထွက်ပေါ် လာ သည်။ ဝေဖန်သံများ ထွက်လာသည်။ အမြင် မသန့်မှုများ မြင်နေ ရသည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို စသော နိုင် ငံ တို့သည် ဗုဒ္ဓဘာသာ နိုင်ငံများ ဖြစ်သော်လည်း ဤကိစ္စနှင့် ပတ်သက်ပြီး ဘာဆို ဘာတစ် ခုမျှပြောဆိုဝေဖန်မှု ဆန့်ကျင်မှုများမပြလာခြင်း၊ပြင်းပြင်းထန်ထန် ဝေဖန်၊သရော်ခနဲရန် ရေ လာ မြောင်းပေး သလို ဖြစ်နေသည်။

ထိုဖြစ်ရပ် တို့ကြောင့် ဗုဒ္ဓဘာသာသို့ ကူးပြောင်း လာသူသာသနာ့ အသိ နုနယ်သေးသူများ ဗုဒ္ဓဘာသာ ကို ကျော့ခိုင်း နေကြသည်။ ကျော့ခိုင်း လိုကြသည်။ ဗုဒ္ဓဘာသာ ဟာဒီလို ပါလားဟု သက်ပြင်းချ ကြသည်။ သံဝေဂ ဝေနေကြသည်။ တွေဝေ နေကြ သည်။

တစ်ချို့မှာမူ စာရေးဆရာ ညိုသောင်း (စစ်တွေ) ရေး ဘာသာကြီး ၄-ရပ် စာအုပ် အမှာစာပါ စာတန်း တစ် ချို့ကို ထောက်ပြ ကြသည်။ ဆရာ ညိုသောင်းက ၎င်း၏ စာအုပ် အမှာစာတွင် အောက်ပါ အတိုင်း ရေး သား ထားသည်။

"အနောက် နိုင်ငံသား တို့သည် ဗုဒ္ဓဘာသာကို ဘာသာ တစ်ရပ် အနေဖြင့် မသတ်မှတ် ကြချေ၊ အတွေး အခေါ် ရှင်၏ အတွေး အခေါ် တစ်ရပ်သာ ဖြစ်သည်ဟု ယူဆ ထားကြသည်ဟု ရေးသား ထားသည်။ ဆရာ ညိုသောင်းက ဆက်လက်၍ ဗုဒ္ဓဘာသာသည် သံသရာမှ လွတ်မြောက်ရန်ကြိုးပမ်းအားထုတ် သောကြောင့် ဘာသာ တစ်ရပ် အဖြစ် လက်ခံ သင့်ကြောင်း တင်ပြ ရေးသွား ခဲ့ပါသည်။

ဤအချက်ကို ထောက်ပြလျက် ဗုဒ္ဓဘာသာသည် ဘာသာ ပေါက်ပန်း၊ အသားရှိ အနှစ်မရှိသော အပင် စသည်ဖြင့် နှိုင်းကြ၊ စောင်းပြောကြ၊ စကြ နောက်ကြ၊ ခနဲနေ ကြသည်ကို ဘာသာဝင် တစ်ယောက် အနေ ဖြင့်ဤသို့ခံနိုင်ပါအံ့နည်း၊သူများနိုင်ငံဖြစ်၍သာမကြားရ၊မမြင်ရ၊ မသိရသည် အလား ဟန်ဆောင် နေရသည့် ဘ၀သို့ ဆိုက်ရောက် လာသည်။ ဤသည် တို့မှာ ဗုဒ္ဓဘာသာနှင့် ဘာသာဝင်တို့ အပေါ် ဂယက် ရိုက် ခတ် ခြင်းပင်။

နိုင်ငံတော် အပေါ် ကျရောက်သော ဂယက်ကား ပိုပြင်းထန် သည်ဟု ဆိုရမည်လား မသိပါ။ ဘာသာရေး အသွင်ဆောင်သော လူမျိုးရေး အဓိကရုန်းများ နိုင်ငံတိုင်း လိုလိုတွင် ဖြစ်လေ့ ဖြစ်ထ ရှိသည်။ အုပ်ချုပ်သူ အစိုးရမှ တာဝန်ယူ ဖြေရှင်း အရေးယူ လေ့ရှိသည်။ ဥပမာ အားဖြင့် တင်ပြ ရလျှင် လွန်ခဲ့သောနှစ် ဘင်္ဂ လားဒေ့ရှ် နိုင်ငံတွင် ဗုဒ္ဓဘာသာဝင် တစ်ယောက်က အစ္စလာမ် ဘာသာဝင် တို့၏ အထွဋ် အမြတ် ထားရာ ကုရ်အာန် ကျမ်းတော်မြတ်ကို မီးတင်ရှို့ သည်ဟု ဆိုကာ ဗုဒ္ဓဘာသာဝင် တို့၏ သာသနိက အဆောက်အဦ တစ်ချို့ကို တိုက်ခိုက် ဖျက်ဆီး၊ မီးရှို့ ခဲ့ကြသည်။ ချက်ချင်း ဆိုသလို အစိုးရ တပ်ဖွဲ့ ၀င်များ ရောက် ပြီး ကာ၊ အခြေ အနေကို ထိန်းသိမ်း လိုက်ခဲ့သည်။ ၂-လ အတွင်းပင် ပျက်စီး သွား ခဲ့ကြသော သာသနိက အဆောက်အဦများ ပြန်လည်၍ အစိုးရငွေဖြင့် တည်ဆောက် ပေးခဲ့ကြသည်။ သင် ခန်းစာ ယူစရာ ပင်ဖြစ် ၏။

မြန်မာနိုင်ငံ တွင်မူ ရခိုင် အရေး၊ မိတ္တီလာ၊ လာရှိုး၊ ဥက္ကံ၊ ရန်ကုန် စသော နေရာ များတွင် ဘာသာရေး အ သွင်ဆောင် တိုက်ခိုက်မှု၊ အကြမ်းဖက် မှုများ ဖြစ်ခဲ့ကြရာ၊ လူအသေ အပျောက်မှု၊ ထောင်နှင့် ချီသော အိုး အိမ် ဖျက်ဆီး ခံရမှု၊ ရာနှင့်ချီသော သာသနိက အဆောက်အဦ ဖျက်ဆီး ခံရမှုများ ဖြစ်ခဲ့ သော်လည်း၊ အုပ် ချုပ်သူ အစိုးရသည် တုံဏိဘာဝေ၊ မျက်စိမှိတ်၊ နားပိတ်၊ ရေငုံ နှုတ်ဆိတ်၍ နေလေ၏။ ရခိုင်အရေး၌ လူ ၁၉၈-ယောက် သေသည်ဟု ကြေညာ သွားခဲ့သော်လည်း အမှန်မှာ လူထောင်နှင့် ချီ၍ သေဆုံး ခဲ့ကြ ရ သည်။ မောင်တောမြို့နယ်တွင် ရခိုင် ဒုက္ခသည် များကို အစိုးရမှ တာဝန်ယူ စောင့်ရှောက် ကျွေးမွေးသည့် အပြင် ၂-ထပ် ပျဉ်ထောင်အိမ် များကို ပင် ဆောက်ပေး သော်လည်း ထောင်နှင့် ချီရှိနေ ခဲ့ရှာသော မူစလင် ဒုက္ခသည် များကိုမူ အသိအမှတ် တောင်မပြု၊ လျစ်လျူရှု နေသည်၊ အဘယ်သဘော ပါနည်း။ လူသား ချင်း တူညီမှု မရှိ၍လား။

မိတ္တီလာ အရေး အခင်း ဖြစ်နေချိန်တွင် VOA သတင်းထောက် တစ်ယေက်မှ ၈၈-မျိုးဆက် ကျောင်း သားကြီး မင်းကိုနိုင်ကို မေးရာ… မင်းကိုနိုင်က ကျနော် ရောက်တဲ့ အချိန် ရဲများက လက်ပိုက် ကြည့်နေ တယ်… ဟုဖြေဆိုခဲ့ပုံ၊ တဖန် လန်ဒန် ရောက်ချိန်တွင် လန်ဒန်ရောက် မြန်မာ တစ်ချို့က မြန်မာ နိုင်ငံတွင် ဘာသာရေး အသွင်ဆောင် တိုက်ခိုက်မှု အပေါ် ဘယ်လိုမြင်သလဲလို့ မေးရာ၊ မင်းကိုနိုင်က.. ဘယ် လို ပြောမလဲဗျာ၊ နိုင်ငံရေး ပယောဂ ပါတယ်၊ စွမ်းအားရှင် အဖွဲ့ကို ဖွဲ့လိုက်တယ် သူတို့ကို ယ္ခု မနိုင် ဘူးဗျာ……ဟု ဖြေဆိုခဲ့ ပုံတို့ကို ထောက်လျှင် အစိုးရ ကိုယ်တိုင် ပါဝင် ပတ် သက်ကြောင်း တွေ့ နိုင် သည်။

မြန်မာ့ ဘာသာရေး အသွင်ဆောင် ပဋိပက္ခသည် မြန်မာ့ အရေး တစ်ခုတည်း မဟုတ်၊ နိုင်ငံတကာသို့ ကူး စက် ပြန့်ပွား လာသော နိုင်ငံတကာ အရေးဖြစ် လာပါပြီ၊ တလောက မလေးရှားတွင် မြန်မာ ပြည်သား ဗုဒ္ဓ ဘာသာဝင် အချို့ အသတ်ခံ ရခြင်း ဖြစ်၍ မြန်မာ နိုင်ငံမှ အဖွဲ့ တစ်ဖွဲ့ပင် သွားရောက် ဖြေရှင်း ခဲ့ကြ ရသည်။ ဤတွင်လည်း ဝေဖန်သံများ ထွက်လာသည်။ မလေးရှားတွင် ဗုဒ္ဓဘာသာဝင် များဖြစ်၍ ကိုယ်စား လှယ် အဖွဲ့သွား ခဲ့ပါသည်။ မိမိ နိုင်ငံတွင် အလားတူ ဘာသာ မတူသူများ သတ်ဖြတ် ခံရမှုအပေါ် အဘယ်ကြောင့် အရေး တယူ မလုပ်ရ သနည်း။

မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် ၃-ရပ် ရှိသည်။ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် တို့ဖြစ်သည်။ ၎င်းတို့၏ တာဝန်မှာ နိုင်ငံတော် အတွက် ဥပဒေ များ ပြဌာန်းရန် ဖြစ်သည်။ ယ္ခုအခါ သံဃာတို့ ကလည်း ဥပဒေပြု နေကြသည်။ နိုင်ငံရေးတွင် ၀င်စွက် လာကြသည်။ လက်ပံတောင်းတောင် အရေး၊ OIC အရေး၊ အမျိုးသမီးများ အရေး တို့တွင် လက်သီး၊ လက်မောင်း တန်လာ ကြသည်။ အစိုးရက လိုက်လျောပြီး၊ OIC ကို ပိတ်ပင်သည်။ အမျိုးသမီး အဖွဲ့ ၁၃-ဖွဲ့မှ သံဃာ ဥပဒေကို တခဲနက် ကန့်ကွက် ကြသည်။ လူ့အခွင့်အရေး ချိုးဖေါက် သည်ဟု ဆိုကြသည်။

ဤသည်တို့ကို ထောက်ရှုလျက် EU အဖွဲ့မှ မြန်မာ နိုင်ငံအား ၎င်းတို့ ပေးခဲ့သော ကုန်သွယ်မှု အထူး အခွင့် အရေးကို ပြန်လာ စဉ်းစားမည် ဟူ၍ လည်းကောင်း၊ ၎င်းတို့ စီးပွားရေး ဖွံ့ဖြိုးမှုတွင် ထိခိုက် လာမည် ဟူ၍ လည်းကောင်း သတိပေး နှိုးဆော်ခြင်း အထိ ဖြစ်လာသည်။ ဤသည်မှာ နိုင်ငံ အပေါ် ထိခိုက် လာခြင်း မဟုတ်ပါလော့။

မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဗုဒ္ဓဘာသာ အပြင် တစ်ခြား ဘာသာ များကို ဒုတိယ တန်းစား အဖြစ် ဖေါ်ပြ ထားခြင်း များရှိသည် ဟုလည်း နိုင်ငံခြားသားများ ထောက်ပြ ဝေဖန်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၈) နိုင်ငံသား များ၏ မူလ အခွင့် အရေးနှင့် တာဝန် များ၏ အပိုင်း ၁၉ တွင် "ဗုဒ္ဓဘာသာ သာသနာ တော်သည် နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူး ၀ိသေ သနှင့် ပြည့် စုံ သည့် ဘာသာ သာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိ အမှတ် ပြုသည်။ အပိုင်း ၂၀ တွင် မူ နိုင်ငံတော်သည် ခရစ်ယာန် ဘာသာ သာသနာ၊ အစ္စလာမ် ဘာသာ သာသနာ၊ ဟိန္ဒူ ဘာသာ သာ သနာနှင့် နတ်ကိုးကွယ်သော ဘာသာ တို့ကို ဤဖွဲ့စည်းပုံ ဥပဒေ အာဏာ တည်သောနေ့ ၌ နိုင်ငံတော် တွင် ရှိနေ ကြသော ကိုးကွယ်ရာ ဘာသာ များဟူ၍ အသိအမှတ် ပြုပါသည်" ဟူ၍ ပါရှိ ပါသည်။ သို့ဆိုလျှင် ဗုဒ္ဓဘာသာ တစ်ခုတည်း သာလျှင် ဂုဏ်ထူး ၀ိသေသနှင့် ပြည့်စုံပြီး တစ်ခြား ဘာသာများ၊ ထိုကဲ့သို့ ဂုဏ် ထူး ၀ိသေသနှင့် ပြည့်စုံခြင်း မရှိဟု ဆိုနိုင်ပါ သည်။ သို့နှင့် တစ်ခြားသော ဘာသာ များသည် နိုင် ငံတော် အတွက် ဒုတိယ တန်းစား ဘာသာများ ဖြစ်သွား ကြပါသည်။ ဒုတိယ တန်းစား ဘာသာ ဖြစ် ရန် နိုင် ငံတော်က ရခိုင် အရေး၊ မိတ္တီလာ အရေး စသော အရေး အခင်း များတွင် လက်ပိုက် ကြည့် နေ သည်ဟုဆိုလျှင် လုံးဝ မှန်ကန် သည်ဟု ဆိုနိုင် ပါသည်။

မိတ္တီလာ အရေး အခင်းတွင် ဘုန်းကြီး တစ်ပါး ပျံလွန်တော် မူခြင်း ခံရ၏။ ၎င်းနှင့် ပတ်သက်၍ မူစလင် ၁၀-ယောက်ကို ဖမ်းဆီး၊ အရေးယူ၊ ကြီးလေးသော ထောင်ဒဏ် များဖြင့် ပြစ်ဒဏ် ချမှတ် ခဲ့သည်။ ၎င်းဘုန်းကြီးသည် အရေးအခင်း ထဲတွင် အဘယ် ကြောင့် ပါဝင် ပတ်သက် လာရသလဲ။ ရခိုင် အရေး ကိစ္စတွင်လည်း မောင်တော - ဘူးသီးတောင် ကားလမ်း လက်ဝက်ဒက် ကင်းစခန်းတွင် ဘုန်းကြီးများ ကင်းစခန်း စောင့်ပြီး ဘူးသီးတောင်မှ မောင်တောသို့ ယူဆောင် သွားသော ဆန်နှင့် အခြား စားကုန် ပစ္စည်းများ လုယူနေကြပုံ၊ စစ်တွေ မြို့တွင်လည်း စစ်တွေ ဈေးကြီးမှ ၀ယ်ယူပြီး သက်ကယ်ပြင် သို့ရောင်းရန် သွားသောကားမှ စားကုန် ပစ္စည်းများကို ဘုန်းကြီးများ လုယူ နေပုံတို့ကို နိုင်ငံခြားသား များကိုယ်တိုင် ဓါတ်ပုံ ရိုက်ယူပြီး နိုင်ငံတကာတွင် ဗုံးဘော့လော ထုတ်ပြ နေကြသည်။ ဖွဲ့စည်းပုံ ဥပဒေ၏ အခွင့် အာဏာနှင့် တစ်ခြား ဘာသာများကို ဒုတိယ တန်းစား သို့လည်းကောင်း၊ ဂုဏ်ထူး ၀ိသေသနှင့် မညီစေရန် လည်းကေင်း ဘုန်းကြီးများ အတင့် ရဲစွာ အကောင် အထည် ဖော်နေသည် ဟုဆိုလျှင် မှားသည်ဟု မည်သူဆို နိုင်အံ့နည်း။

ဤသည် အားလုံးကို ထောက်ပြ၊ ဝေဖန်ပြီး၊ နိုင်ငံခြားရောက် မြန်မာ နိုင်ငံသား များအပေါ် ဖိနှိပ်ချုပ်ချယ်၊ သတ်ဖြတ်မှု ပါ ဖြစ်လာ ခြင်းသည် နိုင်ငံတကာ မျက်နှာတွင် ဗုဒ္ဓဘာသာ၏ ပုံရိပ်၊ မြန်မာနိုင် ငံ ကြေး မုံပြင် နှင့် မြန်မာ နိုင်ငံသား တို့၏ ကံကြမ္မာကို မည်သည့် အဆင့် ထိခိုက်သည်၊ နစ်နာသည်၊ အရုပ် ဆိုး စေသည်ကို ဆင်ခြင်၊ ထွက်ဆ တိုင်းထွာ နိုင်မည် မဟုတ် ပါလော။

နိုင်ငံခြားရောက် ကြင်မင်းဆွေ (MYARF)

Comment ရေးရန်

Rohingya Exodus